အလက်ဇန္တား အိဆက်ခ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ဖြတ်သန်းခဲ့ရတဲ့ ပထမဆုံး ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွီဒင် တိုက်စစ်မှူးဟာ ဒီရာသီ မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာဖွေတွေ့ရှိလိမ့်မယ်လို့ လစ်ဗာပူးလ်ရဲ့ စံချိန်တင် ဂိုးသွင်းရှင် အီယန် ရပ်ရှ်က မျှော်လင့်နေပါတယ်။
အသက် ၂၆ နှစ် အရွယ် အိဆက်ခ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက နယူးကာဆယ် အသင်း ကနေ ဗြိတိန် စံချိန်တင် အပြောင်းအရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ လစ်ဗာပူးလ်ဆီ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် အန်းဖီးလ်မှာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ ပထမဆုံး ရာသီ ကတော့ ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ သူဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ပြိုင်ပွဲစုံ ၂၂ ပွဲသာ ပါဝင် ကစားနိုင်ခဲ့ပြီး စုစုပေါင်း ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေချင်းဝတ်ရိုး ကျိုးသွားခဲ့တာကြောင့် အချိန်အကြာကြီး အနားယူခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် အိဆက်ခ်ဟာ နယူးကာဆယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး မရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အိဆက်ခ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆွီဒင် အသင်း အတွက် ၁ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ မှာလည်း လစ်ဗာပူးလ် အတွက် ပြန်လည် ပါဝင်ကစားပေးခဲ့ပါတယ်။ လစ်ဗာပူးလ် အသင်း အတွက် ၃၄၆ ဂိုး အထိ သွင်းယူပေးထားတဲ့ စံချိန်တင် ဂိုးသွင်းရှင် အီယန် ရပ်ရှ် ကတော့ အသင်းနဲ့ အတူ ရာသီကြို ပြင်ဆင်ချိန် အပြည့်အဝ ရရှိတာက အိဆက်ခ်ကို အကောင်းဆုံး ပုံစံဆီ ပြန်ရောက်လာစေဖို့ ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ဟုတ်ပါတယ်၊ အဲဒီလို ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်း ကတော့ သူ ဒဏ်ရာတွေကြောင့် ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် နယူးကာဆယ်မှာ ကစားခဲ့တုန်းက ဆိုရင် သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ပါ။ ကျွန်တော်တို့ အဲဒီ ပုံစံမျိုးကို ပြန်မြင်ချင်တာပါ။ အခုဆို သူ ကမ္ဘာ့ဖလားမှာ ကစားခဲ့တယ်၊ ပြန်လာပြီး ဂိုးလည်း သွင်းထားတယ်။ အခု လစ်ဗာပူးလ်မှာ စနစ်တကျ ရာသီကြို ပြင်ဆင်ခွင့် ရထားပါတယ်။ ရာသီကြို ပြင်ဆင်မှုကို လွဲချော်ခဲ့ရင် အမြဲတမ်း နောက်ကနေ လိုက်ကစားနေရသလိုမျိုး ဖြစ်နေတတ်ပေမယ့် အခုတော့ သူ ရာသီကြို ပြင်ဆင်ချိန် အပြည့် ရထားပါပြီ။”
“ရာသီကြို ပွဲတွေမှာ ဂိုးသွင်းနိုင်တာက အမြဲတမ်း ကောင်းမွန်ပြီး ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒီရာသီမှာ သူ အကောင်းဆုံး ပုံစံနဲ့ ပြန်လည် ရုန်းထလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ သူ အဲဒီလို လုပ်ပြနိုင်ရင် ကျွန်တော်တို့ အသင်း အောင်မြင်မှုတွေ ရရှိမှာပါ” လို့ နည်းပြသစ် အန်ဒိုနီ အီရာအိုလာရဲ့ လက်အောက်မှာ အိဆက်ခ် ခြေစွမ်းပြနိုင်မလားလို့ မေးမြန်းရာမှာ ရပ်ရှ်က Stats Perform ကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အိဆက်ခ်ဟာ နယူးကာဆယ်မှာ ၃ ရာသီကြာ ဖြတ်သန်းခဲ့စဉ်က ငှက်ကြား တို့ရဲ့ ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့တဲ့ ဖလားလက်မဲ့ ဖြစ်မှုကို အဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ မှာလည်း ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၆၂ ဂိုး သွင်းယူခဲ့ရာမှာ ၅၄ ဂိုးက ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တာပါ။ စိန့်ဂျိမ်းပါ့ခ်မှာ ကစားခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ရာသီမှာ ဆိုရင် ပရီးမီးယားလိဂ် ၂၃ ဂိုး အထိ သွင်းယူခဲ့ပြီး မိုဟာမက် ဆာလာ (၂၉ ဂိုး) တစ်ဦးတည်းရဲ့ အနောက် ၁၂၀.၄ မိနစ်တိုင်းမှာ တစ်ဂိုးနှုန်းနဲ့ ဂိုးသွင်း စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ရပ်ရှ် ကတော့ အိဆက်ခ်ကို နယူးကာဆယ်မှာလိုပဲ ပြိုင်ဘက် ခံစစ်တွေကို ခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်မှူး အဖြစ် ပြန်လည် မြင်တွေ့ချင်နေတာပါ။ “သူက မြန်တယ်၊ သန်မာတယ်၊ ဒါပေမယ့် ဂိုးသွင်းယူနိုင်တဲ့ ပင်ကို ပါရမီ အသိစိတ် ရှိပါတယ်။ တိုက်စစ်မှူး တစ်ယောက် အနေနဲ့ သာမန်လူတွေ မလုပ်နိုင်တဲ့ အခွင့်အရေးမျိုးတွေကို ဖန်တီးယူနိုင်တယ်။ နယူးကာဆယ် မှာတုန်းက သူ့ရဲ့ ပွဲဖတ်နိုင်စွမ်းက အရမ်းကို ကောင်းမွန်ခဲ့တာပါ။”
“တိုက်စစ်မှူး ဆိုတာ မွေးရာပါ ပါရမီ ပါလာရတာပါ။ မွေးရာပါ အကဲဖြတ်နိုင်စွမ်း ပါလာတာပါ။ မွေးရာပါ အရည်အသွေး ရှိတဲ့ အပြင် ပိုကောင်းအောင် ဆက်လက် ကြိုးစားသွားမယ်ဆိုရင် သူ့ရဲ့ ပင်ကို အရည်အသွေးနဲ့တင် အများကြီး စွမ်းဆောင်နိုင်မှာပါ” လို့ ရပ်ရှ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


