နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာကိုလာနဲ့ လစ်ဗာပူးလ် တို့ရဲ့ အပြောင်းအရွှေ့ (သို့မဟုတ်) နှစ်ဦးနှစ်ဖက်စလုံး အတွက် စွန့်စားမှုတွေ ပြည့်နှက်နေတဲ့ လမ်းကြောင်း | ပရီးမီးယားလိဂ် 

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တောင်ပံ ကစားသမား တစ်ဦး အသည်းအသန် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။ ဒီလို ရှာဖွေနေရာ ကနေ မကြာသေးမီ ရက်ပိုင်းအတွင်းက ပီအက်စ်ဂျီ တောင်ပံကစားသမား ဘရက်ဒ်လေ ဘာကိုလာကို အာရုံစိုက်လာခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် အနေနဲ့ ငွေကြေးအရ ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရသလို ဒီအပြောင်းအရွှေ့ဟာလည်း ကစားသမားရဲ့ အနာဂတ် အတွက် အကောင်းဆုံး ဖြစ်မလာနိုင်စရာ အကြောင်းတွေ ရှိနေပါတယ်။

ပီအက်စ်ဂျီ အသင်း ချန်ပီယံလိဂ်မှာ လွှမ်းမိုးမှု ရယူနိုင်ခဲ့စဉ် အတွင်း ဘာကိုလာဟာ ဥရောပရဲ့ ထိပ်တန်း တောင်ပံ ကစားသမားတွေ ထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ လာမယ့် စက်တင်ဘာမှာ အသက် ၂၄ နှစ် ပြည့်တော့မယ့် သူ့အနေနဲ့ ပြင်သစ် ကလပ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာကြောင့် တဖြည်းဖြည်း ပွဲထွက်ခွင့် ပျောက်ဆုံးလာခဲ့ရသူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းက ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ ပီအက်စ်ဂျီထက် လက်ဦးမှု မယူခင်ကတည်းက ဘာကိုလာရဲ့ အသင်း ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ အပြိုင်အဆိုင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဘာကိုလာရဲ့ ဘယ်တောင်ပံနေရာမှာ ခါဗစ်ချာ ခွါဗရတ်စခီလီယာက ဦးစားပေး ပွဲထွက် ကစားသမား ဖြစ်နေပြီး၊ ၂၀၂၅ ဇန်နဝါရီမှာ နာပိုလီ ကနေ ရောက်ရှိလာပြီးကတည်းက ၁၈ လတာ အတွင်း တော်လျောက်ကို ခြေစွမ်းပြနေခဲ့တာလည်း ဖြစ်ပါတယ်။

ဘာကိုလာ ပီအက်စ်ဂျီမှာ ၃ နှစ်တာ အတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့တာဟာ ခွါဗရတ်စခီလီယာ မရောက်ခင် ၆ လ အလိုက ဖြစ်ပြီး အဲဒီနောက်ပိုင်း မှာတော့ သာမန်အတိုင်းပဲ ခြေစွမ်း ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း သူ့အနေနဲ့ အဓိက ကစားသမား မဟုတ်တော့တဲ့ အပေါ် စိတ်ပျက်နေတာဟာ သဘာဝကျလှပါတယ်။

ပြီးခဲ့တဲ့ ရာသီ လီဂူးဝမ်း မှာ ဘာကိုလာဟာ ပွဲပေါင်း ၃၄ ပွဲ အနက် ၂၁ ပွဲသာ ပွဲထွက်ခွင့် ရခဲ့တာပါ။ အဲဒီအထဲက ၅ ပွဲ ကလည်း နည်းပြ လူးဝစ် အန်နရီကေးက ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် အဓိက ကစားသမားတွေကို အနားပေးချိန် ရာသီပိတ်ခါနီး နောက်ဆုံး ၅ ပွဲကျမှ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အစောပိုင်း ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ၈ ပွဲလုံးနဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေ မှာတော့ ဘာကိုလာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့ပါသေးတယ်။ ဒါပေမယ့် လစ်ဗာပူးလ်နဲ့ ကစားရမယ့် ကွာတားဖိုင်နယ် ပထမအကျော့ပွဲ မတိုင်မီ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာကြောင့် နေရာ ပျောက်ဆုံးခဲ့ရပြီး ပြိုင်ပွဲပြီးဆုံးချိန် အထိ လူစားဝင် ကစားသမား အဖြစ်ပဲ ပါဝင်ခဲ့ရတာပါ။

 

လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ချင်နေတဲ့ ဘာကိုလာ

ဒီနွေရာသီမှာ ဘာကိုလာဟာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်တို့ အပါအဝင် အသင်း များစွာနဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဗစ်တာ မူနော့ဇ်ကို ခေါ်ယူထားသည့်တိုင်အောင် ဆာလာရဲ့ နေရာမှာ အပြည့်အဝ အစားမထိုးနိုင်သေးတဲ့ လစ်ဗာပူးလ် အသင်းဟာ ဘာကိုလာရဲ့ အဓိက ပန်းတိုင် ဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ မအောင်မြင်ဘဲ ပြီးဆုံးခဲ့အပြီး မှာတော့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဘာကိုလာဟာ အင်္ဂလန်ရဲ့ အကြိမ် ၂၀ ချန်ပီယံ လစ်ဗာပူးလ် အသင်းဆီ “မေလကတည်းက ပြောင်းရွှေ့ချင်နေတာ”လို့ အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။ နည်းပြသစ် အန်ဒိုနီ အီရာအိုလာရဲ့ လက်ထက်မှာ မရေရာမှု တချို့ ရှိနေသေးပေမယ့် ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဘာကိုလာ အတွက်တော့ လစ်ဗာပူးလ်ရဲ့ စီမံကိန်းဟာ “ဦးစားပေး” ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီမှာ အရန်ကစားသမား ဖြစ်နေတာတောင်မှ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၇၀ အထိ ကလပ် အသင်း ဘက်က သတ်မှတ်ထားကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။ ဘောလုံးသမိုင်းမှာ နေမာနဲ့ အမ်ဘာပေးတို့ နှစ်ဦးတည်းသာ ဒီထက် ပိုများတဲ့ ပြောင်းရွှေ့ကြေး ရှိခဲ့ဖူးတာပါ။

ပြဿနာ ကတော့ ပရီးမီးယားလိဂ် ကလပ် ဘက်က ပီအက်စ်ဂျီ တောင်းဆိုတဲ့ ဈေးကို လျှော့ချဖို့ တော်တော်လေး ညှိနှိုင်းရမှာ ဖြစ်ပြီး ဒါဟာ ဖြစ်နိုင်ပါ့မလား ဆိုတာပါပဲ။
မိုဟာမက် ဆာလာ နေရာမှာ ဘာကိုလာနဲ့ အစားထိုးဖို့ စီစဉ်နေတဲ့ လစ်ဗာပူးလ်

မိုနာကို အသင်းက မက်ဂ်နက်စ် အက်ကလီယူချီဟာ ညာတောင်ပံ အတွက် ပိုမိုဈေးသက်သာပြီး သင့်တော်တဲ့ အစားထိုးမှု တစ်ခု ဖြစ်နိုင်ပါတယ်။ သူက ဂိုးသွင်းတာထက် ဖန်တီးမှုကို ပိုမိုအားပြုသူပါ။ ဘာကိုလာ ကတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံ ဖြစ်တဲ့ ၂၀၂၄-၂၅ ရာသီတုန်းက ပြိုင်ပွဲစုံ ဂိုး ၂၁ ဂိုးသွင်းယူပြီး ၂၁ ကြိမ် ဖန်တီးပေးခဲ့သလို ဆာလာလိုပဲ သွင်းဂိုးရော ဖန်တီးမှုပါ ပြုလုပ်နိုင်တဲ့ ကစားသမားပါ။ လစ်ဗာပူးလ်ဟာ အက်ကလီယူချီ အတွက် မေးမြန်းမှုတွေ ပြုလုပ်ခဲ့သလို ပီအက်စ်ဂျီ ကလည်း စိတ်ဝင်စားခဲ့ပေမယ့် မိုနာကို ဘက်က ယူရို သန်း ၄၀ နဲ့ ရောင်းချဖို့ ငြင်းဆိုခဲ့ပါတယ်။

ဘာကိုလာဟာ ပီအက်စ်ဂျီမှာ ညာတောင်ပံ ကစားသမား အဖြစ် ကစားဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပင်ကိုယ် ခြေစွမ်းဟာ ဘယ်တောင်ပံ ကနေ အတွင်းကို ချိုးဝင်ပြီး သူသန်တဲ့ ညာခြေနဲ့ ကန်သွင်းတာ ဖြစ်တာကြောင့် သူ့ကို ညာဘက်မှာ ခိုင်းစေတာဟာ သဘာဝမကျတဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ စံချိန်တင် ပြောင်းရွှေ့ကြေး ပေးရနိုင်တဲ့ ဘာကိုလာကို ခေါ်ယူပြီး သူ့ရဲ့ အားမသန်တဲ့ နေရာမှာ ကစားစေတာဟာ သိပ်ပြီး သဘာဝမကျတဲ့ အခြေအနေပါ။

အကယ်၍ လစ်ဗာပူးလ်က ဘာကိုလာကို ဘယ်တောင်ပံ အတွက် ခေါ်ယူလိုက်မယ် ဆိုရင်တော့ ဒါဟာ စိတ်ပျက်စရာ ဖြစ်နေတဲ့ ကိုဒီ ဂက်ခ်ပိုရဲ့ အန်ဖီးလ် ကစားသမားဘဝ နိဂုံးချုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မူနော့ဇ်ကို ဘာလို့ ခေါ်ထားခဲ့တာလဲ ဆိုတဲ့ မေးခွန်းနဲ့ အသက် ၁၈ နှစ် အရွယ် လူငယ် ကြယ်ပွင့် ရီယို အန်ဂူမိုဟာရဲ့ အနာဂတ် ဘာဖြစ်သွားမလဲဆိုတာ မေးစရာ ရှိလာပါတယ်။

လစ်ဗာပူးလ် ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ရာသီက ၂၉ ပွဲ အထိ ပါဝင်ကစားပြီး အထင်ကြီးစရာ ခြေစွမ်းပြခဲ့တဲ့ အန်ဂူမိုဟာကို ၂၀၂၆-၂၇ ရာသီမှာ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ပေါ်ထွက်လာဖို့ မျှော်လင့်နေကြတာပါ။ သူ့ရဲ့ ပထမအသင်းဆီ တက်လှမ်းရေး လမ်းကြောင်းကို ပိတ်ပင်လိုက်တာဟာ လူငယ် ကစားသမား အတွက်တော့ အဆိုးရွားဆုံး ဖြစ်သွားနိုင်ပါတယ်။

 

ပီအက်စ်ဂျီရဲ့ အပြစ်ပေးမှုကို ခံရနိုင်တဲ့ ဘာကိုလာ

လစ်ဗာပူးလ် အသင်း အနေနဲ့ ကစားသမားဘက်က ပြောင်းရွှေ့ချင်တဲ့ ဆန္ဒမရှိဘဲ ပီအက်စ်ဂျီ တောင်းဆိုတဲ့ ဈေးနှုန်းကို လျှော့ချဖို့ နွေရာသီတစ်ခုလုံး အချိန်ကုန်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရိုမာနိုလို သတင်းထောက်တွေက ဘာကိုလာ ပြောင်းချင်နေတယ်လို့ ပြောနေကြသလိုပဲ အသင်း နှစ်သင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်ပြီး တရားဝင် ကမ်းလှမ်းမှုတွေ စတင်လာပြီဆိုရင် ကစားသမားရဲ့ ဆန္ဒက ပိုပြီး အရေးကြီးလာတော့မှာပါ။

ပြဿနာ ကတော့ ပရီးမီးယားလိဂ် ကလပ် ဘက်က ပီအက်စ်ဂျီ တောင်းဆိုတဲ့ ဈေးကို လျှော့ချဖို့ တော်တော်လေး ညှိနှိုင်းရမှာ ဖြစ်ပြီး ဒါဟာ ဖြစ်နိုင်ပါ့မလား ဆိုတာပါပဲ။ ဒီလို အခြေအနေတွေ ကြားထဲက ဘာကိုလာဟာ လစ်ဗာပူးလ်ကို ပြောင်းချင်တယ် ဆိုတဲ့ အနေအထားကို ပြသထားခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ အပြောင်းအရွှေ့ ဖြစ်မလာဘဲ အသင်းမှာပဲ ဆက်ရှိနေရရင် သူ့အနာဂတ် ဘာဖြစ်သွားမလဲ။ The Athletic ရဲ့ ဖော်ပြချက်အရ ‘အသင်း’ ဆိုတဲ့ စိတ်ဓာတ်ကို ထိပ်ဆုံးမှာ ထားပြီး ပီအက်စ်ဂျီကို အောင်မြင်အောင် ကိုင်တွယ်နေတဲ့ နည်းပြ အန်နရီကေးဟာ “အသင်းအပေါ် သစ္စာရှိတဲ့ ကစားသမားတွေ ကိုပဲ လိုချင်တာ” ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဘာကိုလာ အနေနဲ့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင် လာမယ့် ရာသီမှာ အရန်ခုံမှာပဲ အချိန်ကုန်သွားရနိုင်ပြီး အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့် ရဖို့ အတွက် ပီအက်စ်ဂျီ အပေါ် သူ့ရဲ့ သစ္စာရှိမှုကို ပြန်လည် သက်သေပြရမယ့် စွန့်စားမှုကြီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်