နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဆာလာရဲ့ နေရာကို တိုက်ရိုက် အစားထိုးမယ့်သူမျိုး ခေါ်ယူပြီး ‘ကစားသမားသစ်ကို ဖိအားဒဏ်အောက် တွန်းမပို့ချင်ဘူး’ လို့ အီရာအိုလာ ဆို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ မိုဟာမက် ဆာလာ နေရာမှာ အစားထိုးဖို့ ညာတောင်ပံ ကစားသမားသစ် တစ်ဦး ရှာဖွေလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်ဒိုနီ အီရာအိုလာ ကတော့ ညာတောင်ပံ ကစားသမားထက် တစ်သင်းလုံးကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့်သူမျိုး ကိုသာ လိုချင်နေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် နည်းပြ အီရာအိုလာက အခုနွေရာသီ အပြောင်းအရွှေ့မှာ ညာတောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာ မှန်ပေမယ့် မိုဟာမက် ဆာလာရဲ့ နေရာကို တိုက်ရိုက် အစားထိုးမယ့် သူမျိုးတော့ မဟုတ်ကြောင်း၊ အကြောင်းမှာ ကစားသမားသစ် အပေါ် ဖိအားတွေ အလွန်အကျွံ မသက်ရောက်စေချင်လို့ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားကြတဲ့ နာမည်ကြီး ကစားသမားတွေထဲ ဆာလာလည်း အပါအဝင် ဖြစ်ပြီး သူ့အပြင် အန်ဒီ ရော်ဘတ်ဆန်နဲ့ အီဘရာဟီမာ ကိုနာတေး တို့ပါ အန်ဖီးလ်ကွင်းကို နှုတ်ဆက်ခဲ့ကြတာပါ။ ဒီအီဂျစ် တိုက်စစ်မှူးဟာ မာဆေးလ်ဆိုဒ်မြေမှာ ၉ နှစ်ကြာ တောက်ပတဲ့ ဖြတ်သန်းမှုကို ပြုလုပ်ခဲ့တာမို့ သူ မရှိတော့တာက လစ်ဗာပူးလ် အတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်လာမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ ရာသီရဲ့ နောက်ဆုံး ပွဲစဉ်မှာ ဆာလာဟာ ကာတစ် ဂျုန်းစ် သွင်းယူခဲ့တဲ့ ဂိုးအတွက် ဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒါဟာ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂန္ထဝင် စတီဗင် ဂျရတ်ရဲ့ အများဆုံး ဖန်တီးမှု စံချိန် (၉၃ ကြိမ်) ကို ကျော်ဖြတ်ကာ ထိပ်ဆုံး ကနေ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းမှာ ကလပ် အသင်း တစ်သင်းတည်း အတွက် ဂိုးသွင်း အများဆုံးနဲ့ ဖန်တီးမှု အများဆုံး စံချိန် နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပိုင်ဆိုင်နိုင်ခဲ့တဲ့ ၁၀ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ သူ သွင်းယူခဲ့တဲ့ ၁၉၁ ဂိုးဟာ ဆိုရင် လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စာရင်းမှာ ဒုတိယနေရာက ရော်ဘီ ဖောင်လာ (၁၂၈ ဂိုး) ထက် အပြတ်အသတ် သာလွန်နေပါတယ်။

အခုအပြောင်းအရွှေ့ ဈေးကွက်မှာ လစ်ဗာပူးလ် အသင်းဟာ လိုက်ပ်ဇစ်ရဲ့ ယန် ဒီယိုမန်ဒီ၊ ပီအက်စ်ဂျီရဲ့ ဘရက်ဒ်လေ ဘာကိုလာ၊ ရန်ကူဘာ မင်တာ့ရ်နဲ့ ဆာအစ် အယ်လ်မာလာ တို့လို ကစားသမားတွေနဲ့ သတင်းတွေ ထွက်နေပါတယ်။ အီရာအိုလာက ညာတောင်ပံ အတွက် အင်အားဖြည့်တင်းဖို့ ရှာဖွေနေတာ မှန်ပေမယ့် ဆာလာရဲ့ နေရာကို တိုက်ရိုက် အစားထိုးဖို့ ကြိုးစားတာ ကတော့ အဓိပ္ပာယ် မရှိဘူးလို့ ယူဆနေပါတယ်။

သူက Stan Sport ကို “ဆာလာရဲ့ နေရာကို ဝင်ယူမယ့် တောင်ပံ ကစားသမားမျိုး ရောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်လို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီလို မျှော်လင့်လိုက်တာနဲ့တင် အဲဒီ ကစားသမားသစ်ကို ကျရှုံးဖို့ ပြင်ဆင်ပေးလိုက်သလို ဖြစ်သွားမှာမို့လို့ပါ။ ကျွန်တော်တို့ အဲဒီနေရာ အတွက် ကစားသမားတစ်ဦး လိုအပ်တာ ကတော့ ထင်ရှားပါတယ်။ ဒါပေမယ့် သူတို့မှာ မတူညီတဲ့ စွမ်းဆောင်ရည်မျိုးတွေ ရှိကြမှာပါ။ အသင်းကို တခြား နည်းလမ်းနဲ့ ပံ့ပိုးပေးနိုင်မယ့်သူမျိုး ဖြစ်နိုင်ပြီး ကျွန်တော်တို့ အဲဒီ အတွက် သေချာပေါက် ကြိုးစားနေပါတယ်။ ဒါက စိန်ခေါ်မှုတွေထဲက တစ်ခုပေါ့” လို့ ပြောခဲ့ပါတယ်။

ဒါဟာ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂန္ထဝင် စတီဗင် ဂျရတ်ရဲ့ အများဆုံး ဖန်တီးမှု
ဆာလာ နေရာမှာ အစားထိုးဖို့ တောင်ပံ ကစားသမား တစ်ဦး ရှာဖွေနေတဲ့ လစ်ဗာပူးလ်

သူက ဆက်ပြီး “သေချာတာ ကတော့ အပြောင်းအလဲတွေ ရှိလာမှာပါ။ ဒီမှာ ဆုဖလား အရာရာကို ဆွတ်ခူးပေးခဲ့တဲ့ ဝါရင့် ကစားသမားတွေ အများကြီး ထွက်ခွာသွားခဲ့ပြီ ဖြစ်လို့ သူတို့ နေရာကို အစားထိုးဖို့ထက် ကွင်းတွင်း ကွင်းပြင် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာမယ့် ကစားသမားတွေ ကျွန်တော်တို့ လိုအပ်ပါတယ်။ လက်ရှိ အသင်းမှာ ရှိနေတဲ့ ကစားသမား တချို့လည်း ပိုပြီး ခြေစွမ်းပြလာဖို့ လိုပါတယ်။ သူတို့ဟာ အသင်းမှာ အရင်ကထက် ပိုအရေးပါတဲ့ နေရာတွေကို ရောက်လာကြမှာ သေချာပါတယ်။ ပြီးတော့ လက်ရှိ ရှိနေတဲ့ ကစားသမားကောင်းတွေကို ကူညီပေးနိုင်မယ့် ဖြေရှင်းချက်တွေ ကိုလည်း အပြင် ကနေ ရှာဖွေသွားရမှာပါ” လို့ ဆိုပါတယ်။

လစ်ဗာပူးလ် အသင်းဟာ ရာသီပိတ်ရက် အတွင်းမှာ ပြင်ဆင်မှု တချို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်းကို စာချုပ်သက်တမ်းတိုးခဲ့သလို ရန်းစ် အသင်း ကနေ ဗဟိုနောက်ခံလူ ဂျရမီ ဂျတ်ကတ်နဲ့ အိုဆာဆူနာ အသင်း ကနေ တိုက်စစ်မှူး ဗစ်တာ မူနော့ဇ် တို့ကို အသင်းဆီ ခေါ်ယူထားပြီး ဖြစ်လို့ ၎င်းတို့အပေါ် နည်းပြ ဖြစ်သူက စိတ်လှုပ်ရှားနေပါတယ်။

“ဂျရယ်မီက လစ်ဗာပူးလ်ကို မပြောင်းခင်ကတည်းက ကျွန်တော် သေချာသိတဲ့ ကစားသမားပါ။ အသက်ငယ်သေးပေမယ့် အဲဒီနောက်ခံလူ နေရာ အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အကုန် သူ့မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီနောက်ဆုံးလတွေမှာ ပုခုံးဒဏ်ရာ ရခဲ့ဖူးပေမယ့် အခုတော့ ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြန်ရနေပါပြီ။ အစကတည်းက အဆင်သင့် ဖြစ်နေတဲ့သူပါ။ ဗစ်တာ ကလည်း ကျွန်တော် ကောင်းကောင်း သိတဲ့ ကစားသမား ဖြစ်ပြီး တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သလို၊ အရည်အချင်းရော စိတ်ဓာတ်ပိုင်းပါ ကောင်းမွန်ပါတယ်။ သူနဲ့ စကားပြောကြည့်တော့ သူက နှိမ့်ချမှုရှိသလို ရည်မှန်းချက်လည်း ကြီးတာကို တွေ့ရတယ်။ ကျွန်တော်တို့ အသင်း အတွက် အင်မတန် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု တစ်ခု ဖြစ်လာမှာပါ” လို့ အီရာအိုလာက တွန်းအားပေး စကားဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်