ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
နည်းပြသစ် ဇာဘီ အလွန်ဆိုက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် အဓိက နေရာ ၃ ခု အတွက် ကစားသမားသစ် ခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်။ တိုက်စစ်မှူး နေရာ အတွက် ဂါလာတာဆာရေးရဲ့ ဗစ်တာ အိုဆင်မ်ဟန်က ထိပ်တန်း ပစ်မှတ် ဖြစ်နေပြီး၊ နည်းပြသစ်ရဲ့ တောင်းဆိုမှုကြောင့် အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်နဲ့ စပို့တင်းလစ္စဘွန်း ဗဟိုနောက်ခံလူ အူစမန်နီ ဒီယိုမန်ဒီ တို့ကိုလည်း ပြန်လည် စိတ်ဝင်စားလာခဲ့ပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေတဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာကို ဘာစီလိုနာက လိုချင်နေပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ကို ပေးချေရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
လစ်ဗာပူးလ်ဟာ ပီအက်စ်ဂျီ တောင်ပံကစားသမား ဘရက်ဒ်လေ ဘာကိုလာကို စိတ်ဝင်စားမှုကို လျှော့ချလိုက်ပြီ ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ လူငယ်ကစားသမား ရီယို အန်ဂူမိုဟာရဲ့ ပွဲထွက်ခွင့် လမ်းကြောင်းကို မပိတ်ဆို့ချင်တာကြောင့် ဖြစ်ပါတယ်။ ဘာကိုလာ အနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေပြီး အာဆင်နယ် ကလည်း သူ့ကို စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒေါ့မွန်ရဲ့ ညာနောက်ခံလူ ဂျူလီယန် ရိုင်ယာဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် သူတို့ အသင်းရဲ့ လက်ရှိ နောက်ခံလူ နူဆာ မက်ဇရာရီကို ဝယ်မယ့်သူ ရှိမှသာ ဒီအပြောင်းအရွှေ့ကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ စပါးရဲ့ ဗဟိုနောက်ခံလူ လူကာ ဗူစကိုဗစ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
ဝက်စ်ဟမ်း အနေနဲ့ အကယ်၍ တန်းဆင်းသွားခဲ့ရရင် ဘဏ္ဍာရေး ပြဿနာတွေကြောင့် ကစားသမားတွေ ရောင်းချပြီး ဒေါ်လာ ၁၃၄ သန်း (ပေါင် ၁၀၀ သန်း) ရှာဖွေရမယ့် အခြေအနေ ရှိနေပါတယ်။ အသင်းရဲ့ ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ်ကို အာဆင်နယ်၊ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ တို့က စိတ်ဝင်စားနေကြပြီး၊ ယူနိုက်ကတ် ကတော့ ဝက်စ်ဟမ်းရဲ့ ဘယ်နောက်ခံလူ အယ်လ် ဟာဂျီ မာလစ် ဒေါ့ဖ် ကိုလည်း ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
ဝက်စ်ဟမ်းဟာ တန်းဆင်းသွားခဲ့ရင်တောင် တောင်ပံကစားသမား ဂျရော့တ် ဘိုဝင် ကိုတော့ အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မိုဟာမက် ဆာလာရဲ့ နေရာကို အစားထိုးဖို့ အတွက် လစ်ဗာပူးလ်က ဘိုဝင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို၊ အဲဗာတန်နဲ့ နယူးကာဆယ် တို့ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
နယူးကာဆယ်ရဲ့ တာဝန်ရှိသူ တစ်ဦးဟာ ရီးရဲလ်ဘက်တစ်ရဲ့ တောင်ပံကစားသမား အာဘီ အက်ဇာလ်ဇူလီနဲ့ တိုက်စစ်မှူး ကူချို ဟာနန်ဒက်စ် တို့ရဲ့ ပွဲကစားပုံကို လူကိုယ်တိုင် သွားရောက် စောင့်ကြည့်ခဲ့ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ဟာ မန်ချက်စတာစီးတီး အသင်းမှာ သူ့ရဲ့ နည်းပြဟောင်း အန်ဇို မာရက်စကာနဲ့ ပြန်လည် လက်တွဲခွင့်ရမယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုနေပါတယ်။
လက်စတာစီးတီး အသင်း ချန်ပီယံရှစ် ပြိုင်ပွဲ ကနေ မထင်မှတ်ဘဲ တန်းဆင်းသွားခဲ့ပြီးနောက် အက်စတွန်ဗီလာ၊ အဲဗာတန်နဲ့ ဖူလ်ဟမ် တို့ဟာ အသင်းရဲ့ တောင်ပံကစားသမား ဖာတာဝူးကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ့် ဟိုဆေး မော်ရင်ညိုဟာ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့ တွေ့ဆုံပြီး ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ပါတယ်။ ဗစ်တင်ညာကို ယူရို သန်း ၉၀ နဲ့ အပြောင်းအရွှေ့ ပြုလုပ်နိုင်ခြေ ရှိနေပါတယ်။
လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မိုဟာမက် ဆာလာ အတွက် အက်တလက်တီကိုမက်ဒရစ်ဟာ ပြောင်းရွှေ့ဖွယ်ရာ အလားအလာ ရှိတဲ့ ကလပ် တစ်ခု ဖြစ်နေဆဲပါ။ ဆာလာနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အယ်လ် အစ်တီဟတ် အသင်းတို့ အကြား ဆွေးနွေးမှုတွေ ကတော့ လက်ရှိမှာ ရပ်တန့်နေပါတယ်။
လာမယ့် နွေရာသီမှာ ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာစီလိုနာရဲ့ အတွင်းပိုင်း တာဝန်ရှိသူတွေ အကြားမှာ သဘောထားတွေ ကွဲလွဲနေကြပါတယ်။
ဘာစီလိုနာ အသင်းဟာ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာပြီး အာဂျင်တီးနား တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဟိုဆေး မော်ရင်ညိုဟာ ရိုးမား အသင်းရဲ့ ညာနောက်ခံလူ ဝက်စလေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို၊ ဘာစီလိုနာက လိုချင်နေတဲ့ အင်တာမီလန် ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ ကိုလည်း ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တိုက်စစ်မှူး ဖာရန်း တောရက်စ် ကတော့ သူ့ကို တခြား ကစားသမားတွေ ခေါ်ယူဖို့ အတွက် အလိုက်ပေး လဲလှယ်တဲ့ နေရာမှာ အသုံးမချဖို့ ဘာစီလိုနာကို သတိပေးလိုက်ပါတယ်။ သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အသင့် ရှိနေပေမယ့် အသင်းဘက်က ရေရှည် အတွက် သေချာ ရေရာမှု မပေးဘူး ဆိုရင်တော့ နောက်ထပ် ၁၂ လ စောင့်ဆိုင်းပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


