အင်္ဂလန် – အာဂျင်တီးနား
ပြိုင်ဘက်ဟောင်းကြီး နှစ်သင်း ဖြစ်တဲ့ အင်္ဂလန်နဲ့ အာဂျင်တီးနား တို့ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ဒုတိယမြောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် အတ္တလန္တာမြို့မှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန် တို့ဟာ နှစ်ပေါင်း ၆၀ အတွင်း သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ ရောက်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေတာပါ။ ဒါပေမယ့် သူတို့ ရင်ဆိုင်ရမယ့် အာဂျင်တီးနား ကတော့ လက်ရှိ ချန်ပီယံ ဖြစ်သလို၊ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့် ရောက်တိုင်း ရာနှုန်းပြည့် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ အစဉ်အလာကောင်း ရှိထားတဲ့ အသင်းဖြစ်ပါတယ်။
အင်္ဂလန်
နည်းပြဟောင်း ဂါရတ်သ် ဆောက်ဂိတ် ခင်းကျင်းပေးခဲ့တဲ့ လမ်းကြောင်း အတိုင်း ဆက်လျှောက်နေတဲ့ အင်္ဂလန် အသင်းဟာ ၂၀၁၈ ခုနှစ်ကတည်းက ဆိုရင် အဓိက ပြိုင်ပွဲကြီးတွေရဲ့ ဆီမီးဖိုင်နယ်ကို ၄ ကြိမ်မြောက် အဖြစ် တက်လှမ်းနိုင်ခဲ့တာပါ။ ဒါဟာ သူတို့ရဲ့ တစ်သက်တာ ဘောလုံး သမိုင်းတစ်လျှောက် တက်လှမ်းခဲ့ဖူးတဲ့ ဆီမီးဖိုင်နယ် အရေအတွက်နဲ့ တူညီသွားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ် ကမ္ဘာ့ဖလား ခရီးစဉ် ကတော့ မချောမွေ့ခဲ့ပါဘူး။ အုပ်စု ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရသလို၊ ရှုံးထွက် ပွဲစဉ်တွေ မှာလည်း ဇွဲကောင်းလှတဲ့ ဒီအာ ကွန်ဂိုကို ကံသီစွာနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။ အဲဒီနောက် မက္ကဆီကိုမြေမှာ မော်ကွန်းတင်ရမယ့် ညတစ်ညကို ဖြတ်သန်းခဲ့ပြီး၊ မိုင်ယာမီမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် မှာတော့ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။
မက္ကဆီကိုစီးတီးက အက်ဇ်တီကာကွင်းကြီးထဲမှာ အဖိုးတန် နှစ်ဂိုး သွင်းယူပေးခဲ့တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ နော်ဝေနဲ့ပွဲ မှာလည်း အင်္ဂလန် အသင်း နောက်ကနေ လိုက်ကစားရချိန်မှာ အဖိုးတန် နှစ်ဂိုး ထပ်မံ သွင်းယူပေးပြီး အချိန်ပိုမှာ အနိုင်ရအောင် ကယ်တင်ပေးခဲ့ပါတယ်။ နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်းဟာ နော်ဝေလို ခြေတက်နေတဲ့ အသင်းနဲ့ ပွဲမှာ ကံကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် အခုဆိုရင် ဗိုလ်လုပွဲမှာ ပြင်သစ် ဒါမှမဟုတ် စပိန်နဲ့ တွေ့ဖို့ ၁ ပွဲပဲ လိုတော့တာပါ။ အင်္ဂလန်ဟာ ၄ ပွဲဆက် နိုင်ထားပြီး ပွဲတိုင်းမှာ အနည်းဆုံး ၂ ဂိုး သွင်းထားနိုင်တာက အကောင်းမြင်စရာ ဖြစ်ပေမယ့်၊ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေသေးလို့ နည်းပြ တူချယ် ကတော့ ပြီးခဲ့တဲ့ စနေနေ့ညက အသင်းရဲ့ ခြေစွမ်း အပေါ် စိတ်တိုင်းမကျသေးပါဘူး။ ဒါကြောင့် သမိုင်းဝင် ရန်ဘက်ဟောင်း အာဂျင်တီးနားနဲ့ ပွဲမှာတော့ အင်္ဂလန်တို့ ဒီထက်မက ထပ်တိုး ကြိုးစား ကစားရတော့မှာ ဖြစ်ပါတယ်။
အာဂျင်တီးနား
ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် အထိ ရောက်ဖို့ အာဂျင်တီးနားတို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ ခက်ခဲတဲ့ ရှုံးထွက် ပွဲစဉ် ၃ ပွဲကို ဖြတ်ကျော်ပြီး နောက်မှာတော့ အတ္တလန္တာမြို့မှာ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ဆက်လက် ချီတက်နိုင်ခဲ့တာပါ။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ပထမဆုံး အကြိမ် လာကစားတဲ့ ကိပ်ဗာဒီနဲ့ ပွဲမှာ ရုန်းကန်ခဲ့ရသလို၊ ၁၆ သင်း အဆင့် အီဂျစ်နဲ့ ပွဲမှာတော့ ပိုဆိုးတဲ့ ကျင်းထဲကနေ ရုန်းထွက်ခဲ့ရပါတယ်။ အီဂျစ်ကို ပွဲပြီးဖို့ ၁၁ မိနစ် အလို အထိ ၂-ဝ နဲ့ ရှုံးနေခဲ့ရာ ကနေ နည်းပြ စကာလိုနီရဲ့ အသင်းဟာ ပွဲကို လုံးဝ ပြောင်းပြန်လှန်ပစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ကွာတားဖိုင်နယ် ဆွစ်ဇာလန်နဲ့ ပွဲမှာလည်း အချိန်ပို အထိ ကစားခဲ့ရပြီး ပြဿနာတွေ များလှတဲ့ အဲဒီပွဲမှာ ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ ထူးခြား ပြောင်မြောက်လှတဲ့ တစ်ကိုယ်တော် သွင်းဂိုးနဲ့ အတူ ၁၀ ယောက်တည်း ကျန်တဲ့ ဆွစ်ကို အနိုင်ယူခဲ့တာပါ။

ဒါဟာ အာဂျင်တီးနား အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဆိုရင် ၁၃ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာ ဖြစ်ပြီး စတုတ္ထမြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ဖို့ ၂ ပွဲပဲ လိုပါတော့တယ်။ ကာတာ ၂၀၂၂ က ချန်ပီယံ ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ စကာလိုနီရဲ့ အသင်းဟာ အသက်အရွယ် ရလာတဲ့ လက္ခဏာတွေ ပြနေပေမယ့် သူတို့ရဲ့ ပင်ကိုယ် ပါရမီနဲ့ ဇွဲနပဲကြောင့် ဒီအဆင့်ထိ ရောက်လာတာ ဖြစ်ပြီး ဂိုးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် သွင်းနေတုန်းပါပဲ။
မက်ဆီနဲ့ အသင်းသားတွေဟာ နောက်ဆုံး ၄ ပွဲစလုံးမှာ ၁ ပွဲကို ၃ ဂိုးစီ သွင်းယူခဲ့လို့ ဒီပြိုင်ပွဲ အတွင်း မှာတင် သွင်းဂိုး ၁၇ ဂိုးအထိ ရှိလာခဲ့ပါပြီ။ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တာ ကတော့ ၁၉၃၀ ပြည့်နှစ်က သွင်းခဲ့တဲ့ ၁၈ ဂိုးပဲ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတွင်းမှာ သူရဲကောင်း ဖြစ်နေတဲ့ နည်းပြ စကာလိုနီဟာ ကားလော့စ် ဘီလာဒိုရဲ့ ခြေရာကို နင်းပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် ကိုင်တွယ်ခွင့်ရမယ့် သမိုင်းဝင် သတ္တမမြောက် နည်းပြ ဖြစ်လာဖို့ နီးစပ်နေပါပြီ။ ဒါပေမယ့် ဒါကို တားဆီးဖို့ တူချယ်ရဲ့ အင်္ဂလန် အသင်းက လမ်းခုလတ်မှာ စောင့်ကြိုနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ အင်္ဂလန် ဘက်က ဂျော်ဒန် ဟန်ဒါဆင် တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အင်္ဂလန် – ပစ်ခ်ဖို့ဒ်၊ ကွန်ဆာ၊ စတုန်းစ်၊ ဂူဟီ၊ အိုရွိုင်လီ၊ ရိုက်စ်၊ အန်ဒါဆန်၊ ဆာကာ၊ ဘယ်လင်ဟမ်၊ ဂေါ်ဒွန်၊ ကိန်း
အာဂျင်တီးနား – အမ်မီ မာတီနက်ဇ်၊ မိုလီနာ၊ ရိုမီယို၊ လီဆန်ဒရို မာတီနက်ဇ်၊ တက်ဂလီယာဖီကို၊ ပါရီဒက်စ်၊ ဒီပေါလ်၊ ဖာနန်ဒက်ဇ်၊ မက်အယ်လစ္စတာ၊ မက်ဆီ၊ အဲလ်ဗာရက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြီးခဲ့တဲ့ အက်ဇ်တီကာကွင်းဆီ သွားခဲ့တဲ့ ခရီးစဉ်က ၁၉၈၆ ခုနှစ်တုန်းက မာရာဒိုနာရဲ့ Hand of God အပါအဝင် ကျော်ကြားလှတဲ့ သွင်းဂိုးနှစ်ဂိုး အောက်မေ့ဖွယ်ရာတွေကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၆၀ (၁၉၆၆ ခုနှစ်) က အိမ်ကွင်း ဝင်ဘလေမှာ ကစားခဲ့တဲ့ ကြမ်းတမ်းတဲ့ ကွာတားဖိုင်နယ် ပွဲတုန်း ကတော့ အင်္ဂလန်က အာဂျင်တီးနားကို နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
တကယ်တော့ အင်္ဂလန်ဟာ အာဂျင်တီးနားနဲ့ တွေ့ဆုံခဲ့တဲ့ ၁၄ ပွဲမှာ ၂ ပွဲပဲ ရှုံးဖူးပြီး၊ နောက်ဆုံး တွေ့ခဲ့တဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ပွဲတုန်း ကတော့ မိုက်ကယ် အိုဝင်နဲ့ ဝိန်း ရွန်နီ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ အခုပွဲစဉ်ဟာ အာဂျင်တီးနား အတွက် ဥရောပက သူတို့ရဲ့ ရန်ဘက်ဟောင်းနဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပြီး၊ သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်လည်း ဖြစ်ပါတယ်။ တောင်အမေရိက ဘီလူးကြီး အာဂျင်တီးနားဟာ ဒီအဆင့်ရောက်ရင် ဗိုလ်လုပွဲ မတက်နိုင်ခဲ့ဖူးတာမျိုး မရှိသေးပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အင်္ဂလန် နိုင်ရင် ၂.၇၂ ဆ၊ အာဂျင်တီးနား နိုင်ရင် ၂.၈၇ ဆ၊ သရေ ဆိုရင်တော့ ၂.၈၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးလောက်ပဲ ပေါက်နေပါတယ်။ ဒီအဆင့်တွေ ရောက်လေ ခန့်မှန်းရခက်လေပါပဲ။ နောက်ပြီး ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်း ကလည်း မှန်းဆရခက်လွန်းနေပြီး ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေပါ။ အားသာချက် ကိုယ်စီ၊ အားနည်းချက် ကိုယ်စီ ရှိနေကြပြီး ဒီပွဲ ကလည်း အချိန်ပိုအထိ သွားမယ့် ပွဲမျိုးပါပဲ။ အချိန်ပိုမှာ ဆိုရင်တော့ အာဂျင်တီးနားကိုပဲ ပိုသဘောကျနေမိပါတယ်။
ခန့်မှန်းရလဒ်
အင်္ဂလန် ၁-၁ အာဂျင်တီးနား (အချိန်ပိုမှာ အာဂျင်တီးနား အနိုင်ရပြီး ဗိုလ်လုပွဲတက်)
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


