အာဂျင်တီးနား – ဆွစ်ဇာလန်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် မှာတော့ လက်ရှိ ချန်ပီယံ အာဂျင်တီးနားဟာ ကြီးမားတဲ့ အခက်အခဲတွေကို ရုန်းကန် ကျော်ဖြတ်ပြီးတဲ့နောက် လာမယ့် စနေနေ့မှာ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် သိမ်းပိုက်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အာဂျင်တီးနားဟာ ကန်းဆက်စီးတီးမြို့မှာ ကစားမယ့် ပွဲစဉ် မှာသာ ဆွစ်ဇာလန်ကို အနိုင်ရရှိခဲ့ရင် ဆီမီးဖိုင်နယ်မှာ အင်္ဂလန် ဒါမှမဟုတ် နော်ဝေ အသင်းနဲ့ တွေ့ဆုံဖို့ များသွားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနား
အာဂျင်တီးနား အသင်းဟာ ရှုံးထွက် ပထမအဆင့်မှာ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်တဲ့ ကိပ်ဗာဒီ အသင်းနဲ့ ပွဲတုန်းကလည်း ရုန်းကန်ခဲ့ရသလို၊ ပြီးခဲ့တဲ့ ပွဲစဉ် မှာလည်း အီဂျစ်ကို တော်တော်လေး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။
အဲဒီပွဲတုန်းက အာဂျင်တီးနားဟာ ပွဲကစားချိန် ၁၁ မိနစ်ပဲ လိုတော့တဲ့ အချိန်အထိ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာပါ။ ဒါပေမယ့် နည်းပြ လီယွန်နယ် စကာလိုနီရဲ့ အသင်းသားတွေဟာ ရဲရဲဝံ့ဝံ့ ပြန်လည် တုံ့ပြန်ခဲ့ကြပြီး VAR ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် တချို့ရဲ့ အကူအညီနဲ့ အတူ ပွဲရလဒ်ကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ စက်တင်ဘာလကတည်းက စတင်ခဲ့တဲ့ အာဂျင်တီးနားရဲ့ ၁၂ ပွဲ ဆက်တိုက် နိုင်ပွဲလည်း ဖြစ်ပြီး အခုဆိုရင် ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးနိုင်ဖို့ ၃ ပွဲပဲ လိုပါတော့တယ်။
မက်ဆီနဲ့ သူရဲ့ အသင်းဖော်တွေဟာ အသက်အရွယ်ရလာတဲ့ လက္ခဏာတွေ ပြသနေပေမဲ့ သူတို့ရဲ့ ထူးခြားလှတဲ့ ခြေစွမ်းနဲ့ ဇွဲလုံ့လတွေ ပေါင်းစပ်ပြီး ဒီအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တာပါ။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပြီးကတည်းက အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပွဲစဉ် ၁၁ ပွဲဆက်တိုက် ရှုံးပွဲ မရှိသေးသလို ပွဲတိုင်းမှာလည်း အနည်းဆုံး ၂ ဂိုး စီ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ အသင်းရဲ့ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး မှတ်တမ်း တစ်ခုလည်း ဖြစ်ပါတယ်။
ဆွစ်ဇာလန်
တစ်ဖက်မှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတဲ့ ဆွစ်ဇာလန် အသင်းဟာ ဆွဲဆောင်မှု သိပ်မရှိလှပေမယ့် အမှားအယွင်း မရှိ ခိုင်မာတဲ့ ကစားကွက်ကို ပြသထားပါတယ်။ နည်းပြ မူရတ် ယာကင်ရဲ့ ကစားသမားတွေဟာ ကာတာနဲ့ ပွဲမှာ စိတ်ပျက်စရာ သရေရလဒ်နဲ့ ပြိုင်ပွဲကို စတင်ခဲ့ပေမယ့် ဘော့စနီးယား-ဟာဇီဂိုဗီးနားကို ၄-၁၊ အိမ်ရှင် ကနေဒါကို ၂-၁ တို့နဲ့ ဆက်တိုက် အနိုင်ယူပြီး တုံ့ပြန်ခဲ့ပါတယ်။ အုပ်စု (B) ရဲ့ ပထမနေရာနဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်လာပြီးနောက် အယ်လ်ဂျီးရီးယားကို ဖြုတ်ချခဲ့သလို၊ အဲဒီနောက် ကိုလံဘီယာ အသင်း ကိုလည်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကျော်ဖြတ်လာခဲ့တာပါ။ ဂိုးမရှိ သရေနဲ့ ပွဲပြီးဆုံးခဲ့ပြီးနောက် ဗန်ကူးဗားမြို့က ရင်ခုန်စရာ ကောင်းတဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးသမား ဂရီဂေါ ကိုဘယ်လ်က ၄-၃ ရလဒ်နဲ့ အသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

ဝါရင့် လက်တွေ့သမား တစ်ဦး ဖြစ်တဲ့ နည်းပြ ယာကင်ဟာ တိုက်စစ်ထက် ခံစစ်ကို ပိုမိုဦးစားပေးတဲ့ ပုံစံနဲ့ အသင်းကို ပုံဖော်ထားပြီး အဲဒီဗျူဟာကလည်း အလုပ် ဖြစ်နေပါတယ်။ ဆွစ်ဇာလန် အသင်းဟာ ခြေစစ်ပွဲတွေ အပါအဝင် ဒီကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုလုံးမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုး သွင်းယူတာကို တစ်ကြိမ်မှမခံရသေးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ အခုဆိုရင် ဆွစ်ဇာလန် အသင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ ဥရောပ ၆ သင်းထဲက တစ်သင်း ဖြစ်နေပါတယ်။ ဒါကြောင့် ဆွစ်ဇာလန် ဘောလုံးသမိုင်းမှာ စာမျက်နှာသစ် ဖွင့်လှစ်နိုင်ဖို့ အတွက် လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား အသင်းကို မဖြစ်မနေ ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဂျင်တီးနား – အမ်မီ မာတီနက်ဇ်၊ မိုလီနာ၊ ရိုမီယို၊ လီဆန်ဒရို မာတီနက်ဇ်၊ တက်ဂလီယာဖီကို၊ ဒီပေါလ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ မက် အယ်လစ္စတာ၊ မက်ဆီ၊ လော်တာရို မာတီနက်ဇ်
ဆွစ်ဇာလန် – ကိုဘယ်၊ ဇာကာရီယာ၊ အဲလ်ဗက်ဒီ၊ အာကန်ဂျီ၊ ရိုဒရီဂွက်ဇ်၊ ဂျာရှာရီ၊ ချာကာ၊ ဖရီအူလာ၊ အန်ဒိုယီ၊ အမ်ဘိုလို၊ ဗားဂတ်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သမိုင်းကြောင်းအရ ကြည့်ရင်လည်း တောင်အမေရိကသားတွေက အသာရနေပါတယ်။ ဆွစ်ဇာလန်နဲ့ အဓိက ပြိုင်ပွဲကြီးတွေမှာ ၂ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၁၉၆၆ တုန်းက ၂-၀၊ ပြီးခဲ့တဲ့ ၈ နှစ်က ဘရာဇီးလ်မြေ မှာတော့ ၁-၀ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲဒီ ကမ္ဘာ့ဖလား ပွဲစဉ်တွေ အပါအဝင် ပြီးခဲ့တဲ့ ၇ ကြိမ် စလုံးမှာ ဆွစ်ဇာလန် အသင်းဟာ အာဂျင်တီးနားကို တစ်ကြိမ်မှ မနိုင်ဖူးတာကြောင့် အခုပွဲဟာ ဆွစ်ဇာလန် အတွက် တကယ့်ကို တောင်ကြီး တစ်လုံးကို ကျော်ဖြတ်ရသလို ခက်ခဲမယ့် ပွဲစဉ်တစ်ခု ဖြစ်နေပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဂျင်တီးနား နိုင်ရင် ၁.၇၂ ဆ၊ ဆွစ်ဇာလန် နိုင်ရင် ၅.၂၀ ဆ၊ သရေ ဆိုရင်တော့ ၃.၄၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားတို့ ပြီးခဲ့တဲ့ နှစ်ပွဲက ပုံစံ အတိုင်း ဆိုရင်တော့ ဒီပွဲမှာလည်း ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။ ဆွစ်ဇာလန်က Top Level မဟုတ်ပေမယ့် နည်းပြရဲ့ လက်တွေ့ကျမှုနဲ့ ကျစ်လျစ်တဲ့ ခံစစ် ကစားပုံကြောင့် အာဂျင်တီးနားတို့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီ ဦးဆောင်တဲ့ အသင်းက ကံ၊ ညဏ်၊ ဝီရိယနဲ့ ဆုဖလားဆီ ရှေ့ဆက်နေဆဲပါ။ မက်ဆီတို့ အုပ်စု တစ်ခုခု လုပ်ပြနိုင်ဦးမယ်လို့ မျှော်လင့်ရပါတယ်။
ခန့်မှန်းရလဒ်
အာဂျင်တီးနား ၂-၁ ဆွစ်ဇာလန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


