နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အက်တသလက်တီကို ကနေ ထွက်ခွာပြီးနောက် အော်လန်ဒိုစီးတီးဆီ တရားဝင် ပြောင်းရွှေ့သွားတဲ့ ဂရစ်ဇ်မန်း | မေဂျာလိဂ်

ပြီးခဲ့တဲ့ မတ်လ ကတည်းက အမေရိကန် မေဂျာလိဂ်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အန်တွန် ဂရစ်ဇ်မန်းဟာ အခုအခါ မှာတော့ အော်လန်ဒိုစီးတီးရဲ့ ကစားသမားသစ် ဖြစ်လာခဲ့ပါပြီ။

အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ဂရစ်ဇ်မန်းဟာ မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးနဲ့ ၂၀၂၇-၂၈ ဘောလုံးရာသီကုန် အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ထဲမှာတော့ နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်ပါတယ်။

ဂရစ်ဇ်မန်းဟာ လာမယ့် တနင်္လာနေ့မှာပဲ အော်လန်ဒို အသင်းနဲ့ အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း စတင်ဆင်းသွားဖို့ ရှိနေပြီး၊ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် ခေတ္တ ရပ်နားထားတဲ့ အမေရိကန် မေဂျာလိဂ် ပွဲစဉ်တွေ ပြန်လည်စတင်မယ့် ဇူလိုင်လ ၂၂ ရက်နေ့ မှာတော့ အော်လန်ဒိုစီးတီး အသင်း အတွက် ပထမဆုံး ပွဲဦးထွက် ပါဝင် ကစားပေးသွားရဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ အော်လန်ဒိုစီးတီး အသင်းဟာ ရလဒ်ပိုင်း အတော်လေး ဆိုးရွားနေပြီး မေဂျာလိဂ် အရှေ့ပိုင်းဇုန်ရဲ့ ပွဲစဉ် ၁၅ ပွဲ ကစား အပြီးမှာ အဆင့် ၁၂ နေရာ အထိ ရောက်နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လက နည်းပြ အော်စကာ ပါရီဟာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နောက်ပိုင်း အသင်းမှာ အမြဲတမ်း နည်းပြ မရှိသေးဘဲ မာတင် ပါရယ်မန်းက ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်နေရတာပါ။

အော်လန်ဒိုစီးတီး အသင်းရဲ့ အဓိက ပြဿနာ ကတော့ ခံစစ်ပိုင်းဖြစ်ပြီး လက်ရှိရာသီမှာ ၄၄ ဂိုး အထိ ပေးထားရလို့ မေဂျာလိဂ် အတွင်း ဂိုးအများဆုံး ပေးထားရတဲ့ အသင်းလည်း ဖြစ်နေပါတယ်။
ဒီရာသီ မေဂျာလိဂ်မှာ ရုန်းကန်နေရတဲ့ အော်လန်ဒိုစီးတီး

အော်လန်ဒိုစီးတီး အသင်းရဲ့ အဓိက ပြဿနာ ကတော့ ခံစစ်ပိုင်းဖြစ်ပြီး လက်ရှိရာသီမှာ ၄၄ ဂိုး အထိ ပေးထားရလို့ မေဂျာလိဂ် အတွင်း ဂိုးအများဆုံး ပေးထားရတဲ့ အသင်းလည်း ဖြစ်နေပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ပွဲ မှာလည်း ဆင်ဆင်နာတီ အသင်းကို ၆-၂ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါသေးတယ်။ ဒါကြောင့်မို့လို့ လာလီဂါမြေမှာ အောင်မြင်မှုများစွာ ရယူခဲ့တဲ့ ဝါရင့်တိုက်စ်မှူးကြီး ဂရစ်ဇ်မန်းရဲ့ အတွေ့အကြုံတွေက အသင်းရဲ့ ရလဒ်ဆိုးတွေကို အလှည့်အပြောင်း ဖြစ်စေလိမ့်မယ်လို့ အော်လန်ဒို အသင်း ဘက်က မျှော်လင့်နေကြပါတယ်။

ဂရစ်ဇ်မန်းဟာ အက်တလက်တီကိုမက်ဒရစ် အသင်းမှာ နှစ်ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့ပြီး ပွဲပေါင်းစုံမှာ ၂၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၉၅ ကြိမ် အထိ ပြုလုပ်ပေးခဲ့လို့ အက်တလက်တီကို အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ သူဟာ စပိန် လာလီဂါ သမိုင်းတစ်လျှောက် ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုး + ဖန်တီးမှု) ၂၉၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့လို့ စံချိန်တင် စာရင်းတွေရဲ့ စတုတ္ထမြောက် အမြင့်ဆုံး နေရာမှာ ရပ်တည်နေတာပါ။ သူ့ရဲ့ အထက် မှာတော့ ကာရင်မ် ဘန်ဇီမာ (၃၄၃ ကြိမ်) ၊ ခရစ္စတီယာနို ရော်နယ်ဒို (၃၉၈ ကြိမ်) နဲ့ လီယွန်နယ် မက်ဆီ (၆၆၆ ကြိမ်) တို့ ၃ ဦးတည်းသာ ရှိပါတော့တယ်။

ကမ္ဘာ့ဖလား အပြီး ပြန်လည် စတင်မယ့် မေဂျာလိဂ် ပွဲစဉ် မှာတော့ အော်လန်ဒို အသင်းဟာ အနောက်ပိုင်းဇုန်ရဲ့ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ဆန်ဟိုဆေး အာ့သ်ကွိခ်စ် အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီပွဲမှာ ဂရစ်ဇ်မန်း တစ်ယောက် အသင်းသစ် အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်မလား ဆိုတာ ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်