နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အဲလ်နာဆာနဲ့ အတူ မျှော်လင့် စောင့်စားခဲ့ရတဲ့ အောင်ပွဲအပြီးမှာ မျက်ရည်ကျခဲ့ရတဲ့ ခရစ္စတီယာနို ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ အဲလ်နာဆာက ဒါမက်ခ်ကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိပြီးနောက် ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘယ်လွန်ဒေါဆု ၅ ကြိမ်ရ ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ အသင်း အတွက် အဖိုးတန် သွင်းဂိုး ၂ ဂိုး သွင်းယူပေးပြီးတော့ အဲလ်နာဆာ အသင်းကို ရောက်ရှိလာခဲ့တဲ့ လေးနှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ် အဖြစ် ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ မိနစ် အတွင်းမှာပဲ ဆော်ဒီပရိုလိဂ် ချန်ပီယံဆု ဘယ်သူရမလဲ ဆိုတာ အဆုံးအဖြတ်ပေးမှာ ဖြစ်လို့ Al-Awwal Park ကွင်း အတွင်းက ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုဟာ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ဂျော့ဂ်ျ ဂျီးဆပ်စ်ရဲ့ အသင်း ကတော့ ဖိအားတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီး ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို သေချာပေါက် ရယူပေးနိုင်မယ့် ၃ မှတ် အပြည့် ရရှိရေး ကိုသာ အာရုံစိုက် ကစားခဲ့ကြပါတယ်။

အိမ်ရှင် အဲလ်နာဆာဟာ ပွဲအစပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရပေမယ့် ပွဲချိန် ၃၄ မိနစ် မှာတော့ ဆာဒီယို မာနေးက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မာနေးဟာ ယာအို ဖီးလစ်ရဲ့ ထောင့်ကန်ဘောကနေ တိကျ သေချာစွာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၂ မိနစ် မှာတော့ ကင်စလေ ကိုးမန်းက ဂိုးဧရိယာ အပြင်ဘက် ကနေ ဘယ်ခြေနဲ့ ပြင်းထန်လှပတဲ့ ကန်ချက်နဲ့ ဒုတိယဂိုး သွင်းယူပေးခဲ့တာကြောင့် အဲလ်နာဆာ ပရိသတ်တွေ အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါမက်ခ်က ပင်နယ်တီ ကနေ ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့လို့ အဲလ်နာဆာတို့ အနည်းငယ် စိုးရိမ်ခဲ့ရပါတယ်။ ဒီအချိန်မှာ အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုကပဲ ကယ်တင်ပေးခဲ့ရပြီး အဲလ်နာဆာ အတွက် အနိုင်သေချာစေမယ့် ဂိုးတွေကို ဆက်လက် သွင်းယူပေးခဲ့ပါတယ်။ ဖရီးကစ် ကနေ တဆင့် ဂိုးပေါက်ထောင့်ထဲကို ဝေ့ဝိုက် ကန်သွင်းပြီး အသင်းကို ၃-၁ ရလဒ်နဲ့ ဦးဆောင်စေခဲ့သလို ပွဲချိန် ၈၁ မိနစ် မှာတော့ နောက်ထပ် ဂိုးတစ်ဂိုး ထပ်မံ သွင်းယူပေးခဲ့ပြီး အဲလ်နာဆာ အတွက် ၇ နှစ်တာအတွင်း ပထမဆုံး လိဂ်ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

နည်းပြ ဂျီးဆပ်စ်ရဲ့ အသင်းဟာ စုစုပေါင်း ရမှတ် ၈၆ မှတ်နဲ့ ရာသီသိမ်းခဲ့ပြီး ဒုတိယ ရရှိတဲ့ အဲလ်ဟီလာထက် ၂ မှတ် အသာနဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ သူတို့ဟာ တစ်ရာသီလုံးမှာ ၂၈ ပွဲ အနိုင်ရရှိခဲ့ပြီး သွင်းဂိုး ၉၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဒါဟာ လိဂ် တစ်ခုလုံးမှာ အကောင်းဆုံး စံချိန်တွေလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အခုအချိန်အထိ အဓိက ဆုဖလားကြီး တစ်လုံးမှ မရရှိသေးပါဘူး။
အဲလ်နာဆာနဲ့ အတူ အဓိက ဆုဖလားကြီး တစ်လုံးကို စတင်ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒို

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က အဲလ်ဟီလာနဲ့ ပွဲစဉ်မှာ အဲလ်နာဆာဟာ ပွဲချိန် ၉၈ မိနစ် (နာကျင် အချိန်ပို) ရောက်မှ သရေကျမယ့် ချေပဂိုး ပေးလိုက်ရတာကြောင့် ရော်နယ်ဒို တစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်ရလွန်းလို့ ရယ်မောရုံ အပြင် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အဲဒီဂိုးကြောင့် သေချာသလောက် ရှိနေတဲ့ ချန်ပီယံ ဆုဖလားကို နောက်ဆုံး ပွဲစဉ် အထိ ရင်တမမ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။

အဲလ်နာဆာ ဝတ်စုံကို ဝတ်ဆင်ပြီး နောက်ပိုင်း ချန်ပီယံဆုနဲ့ လွဲချော်ရတဲ့ ခံစားချက်ကို ဘလွန်းဒီအော ၅ ကြိမ်ရ ရော်နယ်ဒိုထက် ပိုသိတဲ့သူ မရှိပါဘူး။ သူဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အခုအချိန်အထိ အဓိက ဆုဖလားကြီး တစ်လုံးမှ မရရှိသေးပါဘူး။ သူ့ရဲ့ ပထမဆုံး ရာသီ နှစ်ခုလုံးမှာ အဲလ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာ ဒုတိယ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီက ဆိုရင် တတိယနေရာ အထိတောင် ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် အာရှချန်ပီယံလိဂ်နဲ့ ဆော်ဒီစူပါဖလား ပြိုင်ပွဲတွေ မှာလည်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ ပေါ်တူဂီ ဂန္ထဝင်ကြီးဟာ အရှုံးမပေးခဲ့ပါဘူး။ ရာသီရဲ့ အရေးကြီးဆုံး ပွဲစဉ်မှာ အသင်း အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဒါမက်ခ် အသင်း ပြန်လည် ရုန်းထလာမယ့် အခွင့်အရေးကို လုံးဝ ချေမှုန်းပစ်ခဲ့တာပါ။ ဒီသွင်းဂိုးတွေဟာ ရော်နယ်ဒိုကို ရွှေဖိနပ်ဆု ရရှိစေဖို့ မလုံလောက်ခဲ့ပေမယ့် သူကတော့ ဒါကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပြီးနောက် စီးကျလာတဲ့ မျက်ရည်တွေကပဲ ဒီဂန္ထဝင် ကစားသမားကြီးရဲ့ ရင်တွင်း ခံစားချက် အားလုံးကို သက်သေပြနေခဲ့ပါတယ်။ 

အခုဆိုရင် ရော်နယ်ဒိုဟာ သူကစားခဲ့ဖူးတဲ့ ကလပ် အသင်းတိုင်းနဲ့ အတူ အဓိက ဆုဖလားကြီးတွေကို အနည်းဆုံး တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့တဲ့ စံချိန်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ပွဲပြီးခါနီးမှာ လူစားလဲခံရပြီး အရန်ခုံတန်းမှာ ထိုင်နေတဲ့ အချိန် မှာလည်း ကွင်းအတွင်းက ပရိသတ်တွေက သူတို့ရဲ့ ကပ္ပတိန်ကြီးကို သူရဲကောင်း တစ်ယောက်လို သောင်းသောင်းဖျဖျ ဂုဏ်ပြုဆူညံခဲ့ကြလို့ ရော်နယ်ဒိုတစ်ယောက် စိတ်လှုပ်ရှားမှုတွေကို မအောင့်နိုင်ဘဲ မျက်ရည်တွေ ထပ်ကျခဲ့ပါတော့တယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်