နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ်ရဲ့ တည်ငြိမ်မှုကို အာတေးတား ချီးကျူး

အာဆင်နယ် ကတော့ ပရီးမီးယာလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ နှစ်ပွဲသာ လိုတော့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်း တည်ငြိမ်မှုဟာ အဆုံးသတ် အထိ တုန်လှုပ်သွားမှာ မဟုတ်ကြောင်း နည်းပြ မီခဲလ် အာတေးတားက ယုံကြည်မှု အပြည့် ရှိနေပါတယ်။

ဘန်လေနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်ခင် အာတေးတားက အခု ရာသီ အာဆင်နယ်ရဲ့ အားရ ကျေနပ်စရာ ကောင်းတဲ့ တည်ငြိမ်မှုကို ချီးကျူးစကားဆိုခဲ့ပြီး ချန်ပီယံဆု အောင်ပွဲခံနိုင်ဖို့ အပြတ်ဖြတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပွဲစဉ် အများစုမှာ ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ရာသီပိတ်ဖို့ နှစ်ပွဲသာ လိုတော့တဲ့အချိန်မှာ ချန်ပီယံဆု ကံကြမ္မာက သူတို့ လက်ထဲမှာပဲ ရှိနေတာ ဖြစ်ပါတယ်။

အကယ်၍ အာဆင်နယ် အနေနဲ့ ကျန်ရှိနေတဲ့ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ် တို့နဲ့ ပွဲစဉ်တွေကို အနိုင်ရခဲ့ရင် ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် အင်္ဂါနေ့မှာ မန်စီးတီးက ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ရင် အာဆင်နယ် အနေနဲ့ ဘန်လီကို အနိုင်ရတာနဲ့တင် ချန်ပီယံဖြစ်ဖို့ လုံလောက်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂၈ ရာသီ အတွင်းမှာ ရာသီပိတ် အိမ်ကွင်း ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာ (၁) ပွဲသာ ရှိခဲ့ပါတယ် (၂၃ ပွဲ နိုင်၊ ၄ ပွဲ သရေ) ။ ၂၀၁၀-၂၀၁၁ ရာသီက အက်စတွန်ဗီလာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက အာဆင်နယ်က နောက်ဆုံး အိမ်ကွင်း ၁၄ ပွဲ ဆက်တိုက် မရှုံးနိမ့်ဘဲ စံချိန်ကောင်း ရယူထားနိုင်ခဲ့ပါတယ် (၁၂ ပွဲနိုင်၊ ၂ ပွဲသရေ) ။
ဒါ့အပြင် ဂန်းနား တို့ဟာ လာမယ့် မေလ ၃၀ ရက်နေ့မှာ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုလည်း တက်ရောက်ထားနိုင်တာကြောင့် အာတေးတားက သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ချန်ပီယံဆု စိန်ခေါ်မှုဒဏ်ကို ကောင်းကောင်း ဆက်လက် ရင်ဆိုင်ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း အခြေအနေတွေက ကွဲပြားခဲ့ပါတယ်။ ကျွန်တော် တို့က ချန်ပီယံဆု အတွက် ဇယားထိပ် ကနေ ဦးဆောင်ရတဲ့ အခြေအနေကော၊ နောက်ကနေ လိုက်လံ ဖိအားပေးရတဲ့ အခြေအနေ နှစ်ခုလုံးကို ကြုံတွေ့ခဲ့ဖူးတယ်လို့ ထင်ပါတယ်။” လို့ အာတေးတားက ပြောကြားခဲ့ပါတယ်။

“ဒါက သဘာဝပါပဲ။ ကျွန်တော်တို့ ဇယားထိပ်မှာ အချိန်အကြာကြီး ရပ်တည်နိုင်ခဲ့တယ် ဆိုတာက အသင်းရဲ့ တည်ငြိမ်မှု အဆင့်အတန်းနဲ့ ဘယ်လောက် အထိ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့လဲ ဆိုတာကို သက်သေပြနေတာပါ။ ကျွန်တော်တို့ ဒီလိဂ်မှာ အဆင့်တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပြီး အခု လက်ရှိ ရောက်နေတဲ့ နေရာ ကနေ ရာသီကုန်အထိ ဒီအတိုင်းပဲ အောင်မြင်စွာ အဆုံးသတ်ချင်ပါတယ်။” လို့ အာတေးတားက ဆိုပါတယ်။

တစ်ဖက်မှာလည်း ဘန်လေက အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ၁၉ ကြိမ် တွေ့ဆုံမှု အတွင်း တစ်ပွဲကို ၁ ဂိုးထက် ပိုမို သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။
ဘန်လေကို ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်နေတဲ့ အာဆင်နယ်

တစ်ဖက် မှာတော့ ဘန်လေဟာ တန်းဆင်းသွားခဲ့ရပြီ ဖြစ်လို့ ဂုဏ်သိက္ခာ အတွက်ပဲ ကစားရတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ပွဲစဉ်က ဗီလာကို ၂-၂ ရလဒ်နဲ့ မမျှော်လင့်ဘဲ သရေ ကစားကာ ၅ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်ထားနိုင်ခဲ့ပါတယ်။ ဘန်လေဟာ ဖေဖော်ဝါရီလလယ် ကတည်းက နိုင်ပွဲ ရယူထားနိုင်ခြင်း မရှိသလို၊ သူတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ရာသီ အတွင်းမှာ ရာသီပိတ် အဝေးကွင်း ပွဲစဉ်ကို အနိုင်ရခဲ့တာ (၂) ကြိမ်သာ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘန်လေရဲ့ ယာယီ နည်းပြ မိုက် ဂျက်ဆန် ကတော့ အခု ပွဲစဉ်ဟာ အာဆင်နယ်ကို အံ့အားသင့်စရာ ဖြစ်အောင် လုပ်ပြဖို့ အကောင်းဆုံးအခွင့်အရေးလို့ ယူဆနေပါတယ်။ “ကျွန်တော်တို့ ဘက်က ကြည့်ရင် ဒါကို အခွင့်အရေး တစ်ခု အနေနဲ့ ရှုမြင်ရပါမယ်။ ပထမအချက်က ဒီလို ပွဲကြီးပွဲကောင်းမှာ ပါဝင်ခွင့်ရတာ ဖြစ်ပြီး၊ ဒုတိယအချက် ကတော့ ဒီအတွက် တကယ့်ကို စိတ်လှုပ်ရှားမိတာပါ။ ဒါဟာ ကျွန်တော်တို့ စွမ်းဆောင်ရည်ပြသဖို့ ကွင်းပြင် တစ်ခု ဖြစ်လာပါလိမ့်မယ်။ အသင်း ပြင်ပက ဝေဖန်သံတွေ၊ ဆူညံသံတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာ ကတော့ ပြီးခဲ့တဲ့ တပတ်က ဗီလာနဲ့ ပွဲမှာ လုပ်ခဲ့သလိုပဲ ဒီပြိုင်ပွဲကို အလေးအနက်ထား ကစားနေဆဲ ဆိုတာ သေချာအောင် လုပ်ဖို့ပါပဲ။” လို့ ဂျက်ဆန်က ပြောကြားခဲ့ပါတယ်။

ဘန်လေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ အာဆင်နယ်က (၁၄ ပွဲနိုင်၊ ၄ ပွဲ သရေ) ကစားထားပြီး ၂၀၂၀ ဒီဇင်ဘာလက အိမ်ကွင်းမှာ ၁-၀ နဲ့ တစ်ကြိမ်သာ ရှုံးနိမ့်ဖူးတဲ့ အတွက် အခုပွဲ မှာလည်း အာဆင်နယ်က အပြတ်အသတ် ရေပန်းစားနေပါတယ်။ ဂန်းနား တို့ဟာ ဒီရာသီမှာ တန်းဆင်းသွားခဲ့ပြီ ဖြစ်တဲ့ အသင်းတွေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲ စလုံးကို အနိုင်ရရှိထားကာ အဲဒီ ပြိုင်ပွဲမှာ ရလဒ် အကောင်းဆုံး အဖြစ် ၁၀၀ ရာခိုင်နှုန်း စံချိန်တင်ထားပါတယ်။

တစ်ဖက်မှာလည်း ဘန်လေက အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ၁၉ ကြိမ် တွေ့ဆုံမှု အတွင်း တစ်ပွဲကို ၁ ဂိုးထက် ပိုမို သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အာဆင်နယ်က ၂၀၁၀ နိုဝင်ဘာလက နယူးကာဆယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ဆီ တန်းတက်လာတဲ့ အသင်းတွေနဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၄၄ ပွဲမှာ လုံးဝ ရှုံးနိမ့်ခြင်း မရှိဘဲ (၃၉ ပွဲ နိုင်၊ ၅ ပွဲ သရေ) ရလဒ် ရရှိထားကာ နောက်ဆုံး ၁၅ ပွဲမှာ စုစုပေါင်း သွင်းဂိုး ၄၃-၉ နဲ့ အနိုင်ရထားပါတယ်။

ဘန်လေက နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ၂၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး (၈ ပွဲ သရေ၊ ၁၈ ပွဲ ရှုံး)၊ အခု ရလဒ်ဆိုး အတွင်း ရရှိခဲ့တဲ့ ရမှတ် ၁၁ မှတ်မှာ ရာသီအစ ပထမ ၉ ပွဲမှာ ရရှိခဲ့တဲ့ ၁၀ မှတ် (၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲ ရှုံး) ထက် ၁ မှတ်သာ ပိုမိုများပြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်