မန်ချက်စတာစီးတီး – အာဆင်နယ်
တနင်္ဂနွေနေ့ အက်တီဟတ်မှာ ယှဉ်ပြိုင် ကစားမယ့် ဒီပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြီးသတ် အဆုံးအဖြတ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီပွဲ ပြီးရင် အမှတ်ပေးချန်ပီယံဆု လမ်းကြောင်းက အခုထက် ပိုမို ရှင်းလင်းသွားမှာ အသေအချာပါပဲ။
ဧပြီလ ၁၉ ရက်နေ့ ပွဲစဉ်တွေ အပြီးမှာ အာဆင်နယ် အနေနဲ့ မန်စီးတီးတို့ မကျော်ဖြတ်နိုင်မယ့် ၉ မှတ်ဖြတ် အသာစီးကို ရယူနိုင်မလား၊ ဒါမှမဟုတ် ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကပဲ ပထမနေရာကို ပြန်လည် သိမ်းပိုက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး
အစောပိုင်းမှာ အာဆင်နယ်ရဲ့ “ ဖလား ၄ လုံး” အောင်မြင်မှု အကြောင်း ပြောဆိုခဲ့ကြပေမယ့်လည်း၊ အခုတော့ နွေဦးရာသီ ရောက်ရင် ခြေစွမ်းပြလေ့ ရှိတဲ့ မန်စီးတီး ကတော့ ပြည်တွင်း ဖလား ၃ လုံး (Treble) ရယူဖို့ မျက်စိကျနေပါပြီ။ တဖက်မှာ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်က ပင်ပန်းနွမ်းနယ်နေပြီး ဒီအခြေအနေကို မန်စီးတီးက အခွင့်ကောင်းယူဖို့ အားခဲနေတာ ဖြစ်ပါတယ်။ ခရာဘောင်ဖလား ဆွတ်ခူးထားပြီး ဖြစ်ကာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ရောက်ဖို့လည်း နီးစပ်နေတဲ့ မန်စီးတီးက ပရီးမီးယားလိဂ် မှာလည်း အာဆင်နယ်နဲ့ ၆ မှတ် အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် လက်ကျန် တစ်ပွဲ ကစားဖို့ ကျန်ရှိနေတာ ကလည်း မန်စီးတီး အတွက် အားသာချက် ဖြစ်နေပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၃-၀ နဲ့ အနိုင်ရခဲ့ခြင်းဟာ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၃ ပွဲဆက် ပေးဂိုး မရှိ အနိုင်ရရှိမှု ဖြစ်ခဲ့ပြီး အဲဒီ ပွဲတွေမှာ ၉ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလဟာ မန်စီးတီး အတွက် ကံအကောင်းဆုံးလ ဖြစ်ပြီး နိုင်ပွဲရရှိမှုနှုန်း ၇၉.၅ ရာခိုင်နှုန်းနဲ့ ပွဲစဉ်အလိုက် ရမှတ် ၂.၅၁ မှတ်နဲ့ တခြားလတွေထက် သာလွန်နေပါတယ်။
အာဆင်နယ်
တဖက်မှာတော့ အာဆင်နယ် အတွက် ဧပြီလဟာ မှတ်တမ်းဆိုးတွေ ရှိနေတဲ့ လ ဖြစ်နေပါတယ်။ အာတေးတား လက်ထက်မှာ အာဆင်နယ်က ဧပြီလ ဆိုရင် နိုင်ပွဲ ရရှိမှုနှုန်း ၄၂.၃ ရာခိုင်နှုန်းနဲ့ တစ်ပွဲလျှင် ပျမ်းမျှ ၁.၅၄ မှတ်သာ ရရှိထားပြီး သူတို့ အတွက် အဆိုးရွားဆုံးလလို့ သတ်မှတ်နိုင်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်နဲ့ ပွဲမှာ ၂-၁ နဲ့ ရှုံးခဲ့ပြီး အိမ်ကွင်း ပရိသတ်တွေရဲ့ လှောင်ပြောင်တာကိုတောင် ခံခဲ့ရပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို နှစ်ကြိမ် ဆက်တိုက် တက်လှမ်းနိုင်ခြင်းက ဂုဏ်ယူစရာ ဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းနဲ့ ကစားသမားတွေရဲ့ ပင်ပန်း နွမ်းနယ်မှုတွေက ကြည့်ရှုသူ ပရိသတ်တွေကို ပိုပြီး စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ နိုင်ထားတဲ့ အာဆင်နယ်ဟာ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အမှားအယွင်း ၁၅ ကြိမ် အထိ ပြုလုပ်ထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ မန်စီးတီး ဘက်က ဂျွန်စတုန်းစ်၊ ဂဗာဒီယိုလ်၊ နီကို အိုရွိုင်လီ (မသေချာ)နဲ့ ရူဘင် ဒီးရာ့စ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။ အာဆင်နယ် ဘက်မှာတော့ တင်ဘာ (မသေချာ)၊ အိုဒီဂတ် (မသေချာ)၊ မာရင်နို၊ ဘူကာယို ဆာကာ၊ မာဒူအေခေ (မသေချာ) တို့ လွဲချော်ဖွယ် ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ကူဆာနော့ဗ်၊ ဂူဟီ၊ အို ရွိုင်လီ၊ ရိုဒရီ၊ ဆေးလ်ဗား၊ ဆီမီညို၊ ချာကီ၊ ဒိုကု၊ ဟာလန်း
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ မာဒူအေခေ၊ အက်ဇေး၊ ထရော့ဆက်ဒ်၊ ယောကရက်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အာဆင်နယ် အတွက် အားတက်စရာ တစ်ခုက မန်စီးတီးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရှုံးနိမ့်ထားခြင်း မရှိတာ ဖြစ်ပါတယ်။ ၁၂ ပွဲဆက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ကာ အကောင်းဆုံး တုံ့ပြန်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၅ ဇန်နဝါရီ နောက်ပိုင်း အာဆင်နယ်က မန်စီးတီးကို အက်တီဟတ်မှာ အနိုင်ရထားခဲ့ခြင်း မရှိသေးပါဘူး။ မန်စီးတီး အတွက် ဒီပွဲက “ မဖြစ်မနေ နိုင်ရမယ့်ပွဲ” ဖြစ်ပေမယ့် အာဆင်နယ် အတွက် ကတော့ “ မရှုံးအောင် ထိန်းကစားရမယ့်ပွဲ” ဖြစ်ပါတယ်။ ဒါကြောင့် အားလုံး မမျှော်လင့်ထားတဲ့ သရေရလဒ် တစ်ခုများ ထွက်ပေါ်လာလေ မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ အာဆင်နယ်ဟာ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ကြိမ်စလုံး သရေကစားထားတာ ကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၈၈ ဆ၊ အာဆင်နယ် နိုင်ရင် ၃.၇၉ ဆ၊ သရေ ဆိုရင်တော့ ၃.၂၈ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်က ကြေးဖွင့်ထားပြီး ဘွတ်ကီတွေ အနေနဲ့ မန်စီးတီး ဘက်ကို ပိုယိမ်းနေတာ သိသာပါတယ်။ အဘက်ဘက်မှာ ယိုင်နဲ့နေတဲ့ အာဆင်နယ်တို့ အိမ်ကွင်း အားသာချက် ရှိနေသလို လက်တလောမှာ အတက်ဘက် ပြနေတဲ့ မန်စီးတီးကို အက်တီဟတ်မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့ ဆိုတာလည်း တကယ်ကို ခဲယဉ်းလွန်းပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတို့ လက်ကျန် ချန်ပီယံ ဖြစ်ချင်စိတ်နဲ့ သိသိသာသာ ညှစ်ကစားလာမယ်လို့ မျှော်လင့်ရပြီး သရေ တစ်မှတ် ယူသွားနိုင်ခြေလည်း ရှိပါတယ်။ ကျွန်တော် ကတော့ ၃ ဆ ကျော် ရမယ့် သရေရလဒ်ကိုပဲ မျှော်လင့်ထားချင်မိပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၁-၁ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


