၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် အင်္ဂလန် ဂန္တဝင် ဝိန်း ရွန်နီက လက်ရှိ နည်းပြ သောမတ်စ် တူချယ် အနေနဲ့ အသင်း အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဝိန်း ရွန်နီရဲ့ အဆိုအရ တူချယ်ရဲ့ အောင်မြင်မှု မှတ်တမ်းကောင်းတွေက လာမယ့် ကမ္ဘာ့ဖလားမှာ အင်္ဂလန် အတွက် အထောက်အကူပြုလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဂါရက်သ် ဆောက်ဂိတ်က အင်္ဂလန်ကို ယူရို ဗိုလ်လုပွဲ နှစ်ကြိမ်၊ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်တွေဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ နှစ်က တူချယ်ဟာ ဆောက်ဂိတ်ရဲ့ နေရာကို အမြဲတမ်း နည်းပြ အဖြစ် လွှဲပြောင်း တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဂျာမန် လူမျိုး နည်းပြ တူချယ် လက်ထက် ပထမဆုံးလ အနည်းငယ် အတွင်းမှာပဲ အင်္ဂလန်ဟာ ခြေစစ်ပွဲ အုပ်စု အတွင်း တစ်ဂိုးမှ မပေးရဘဲ ကမ္ဘာ့ဖလား ဝင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်က ဥရောပတိုက်မှ ပထမဦးဆုံး ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိတဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် အောင်မြင်မှု ရရှိခဲ့ဖူးတဲ့ တူချယ်ဟာ အင်္ဂလန်ကို အောင်မြင်မှုတွေဆီကို အရောက် ပို့ဆောင်ပေးနိုင်မယ့် အသင့်တော်ဆုံး နည်းပြ ဖြစ်ကြောင်း ရွန်နီက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။“ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ အင်္ဂလန်က ပြိုင်ပွဲတွေမှာ တကယ်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဖလား ရဖို့ လက်တစ်ကမ်း အလိုမှာပဲ လွဲချော်ခဲ့ရတာပါ။ အခု သောမတ်စ် တူချယ် ရောက်လာပြီး တကယ့်ကို ကောင်းမွန်တဲ့ အလုပ် တစ်ခုကို လုပ်ပြနေသလိုပါပဲ။ ကျွန်တော် အင်္ဂလန် အသင်းမှာ ဂါရက်သ်နဲ့ ခဏတာ အတူ လက်တွဲခဲ့ဖူးပေမယ့် တူချယ်နဲ့တော့ မလုပ်ဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့် အမြင်အရ သူတို့ နှစ်ယောက်ကြားက ကွာခြားချက် ကတော့ တူချယ်ဟာ အောင်မြင်မှုတွေ ရယူနိုင်စွမ်းရှိတဲ့ ‘အနိုင်ရသူ’ တစ်ယောက် ဖြစ်ပြီး ဆုဖလားကြီးတွေ ကိုလည်း အရင်ကတည်းက သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်တာပါပဲ။” လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “တချို့ ပြိုင်ပွဲတွေရဲ့ အဆုံးအဖြတ် အဆင့်တွေကို ရောက်လာတဲ့ အခါမှာ အဲ့ဒီလို အောင်မြင်မှု အတွေ့အကြုံတွေက တကယ်ကို အထောက်အကူ ဖြစ်စေပါတယ်။ သူက ကျွန်တော် တို့ကို နောက်ထပ် အဆင့် တစ်ခုဆီ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“အင်္ဂလန် ဆီမီးဖိုင်နယ် ရောက်သွားဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ အဲ့ဒီအဆင့် အထိ ရောက်သွားပြီ ဆိုရင်တော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ တူချယ်ရဲ့ အတွေ့အကြုံနဲ့ အသင်းထဲမှာ အတွေ့အကြုံရှိပြီးသား ကစားသမားတွေ ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပန်းတိုင်ကို ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ဆိုပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းက ဒီကနေ့မှာ ဥရုဂွေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လာမယ့် တပတ်မှာ ဂျပန်နဲ့ ဆက်လက် ခြေစမ်းသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေ အတွက် တူချယ် အနေနဲ့ အသင်းမှာ အရည်အချင်း ရှိတဲ့ ကစားသမားတွေ ပေါများနေတာကြောင့် လူရွေးချယ်ရတာ တော်တော်လေး ခေါင်းခဲနေရပါတယ်။ လက်ရှိမှာ တူချယ်က လာမယ့် ပွဲစဉ်တွေ အတွက် ကစားသမား ၃၅ ဦး အထိ ထူးထူးခြားခြားပဲ ခေါ်ယူထားခဲ့ပါတယ်။ တူချယ်ဟာ ဒီ ၃၅ ဦး ထဲကမှ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ၂၆ ဦးကို စစ်ထုတ် ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


