အာဂျင်တီးနား အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းဖို့ လက်တစ်လုံး အလို အထိ နီးစပ်ခဲ့တာပါ။ ဒါပေမမယ့် သမိုင်းဝင် ဗိုလ်လုပွဲ အပြီး မှာတော့ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ဟာ လက်ရွေးစင် အသင်း အနာဂတ်နဲ့ ပတ်သက်လို့ သံသယဖြစ်ဖွယ် စကား တချို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
စပိန် အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ အာဂျင်တီးနားရဲ့ ရှုပ်ထွေးပြီး ဒရမ်မာဆန်လှတဲ့ ကမ္ဘာ့ဖလား ခရီးစဉ်မှာ ပါရီဒက်စ်ဟာ နာမည်ပျက် ဗီလိန် တစ်ဦး အဖြစ် ပုံဖော်ခံခဲ့ရသူပါ။ အာဂျင်တီးနားတို့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဒီဗိုလ်လုပွဲမှာ အချိန်ပို အတွင်း ဖာရန် တောရက်စ်ရဲ့ အနိုင်ဂိုးကြောင့် စပိန် အသင်းဟာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ အာဂျင်တီးနားဟာ ဗိုလ်လုပွဲ ရောက်ဖို့ တော်တော်လေး အားစိုက်ခဲ့ရပြီး ရှုံးထွက် အဆင့် ၂ ပွဲမှာ အချိန်ပို အထိ ကစားခဲ့ရသလို တခြားပွဲတွေ မှာလည်း နောက်ကျ အနိုင်ဂိုးတွေနဲ့ အံ့အားသင့်ဖွယ် ရလဒ်ကောင်းခဲ့တာပါ။ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ တော်တော်လေး ရင်းနှီးခဲ့ရပြီး ဗိုလ်လုပွဲမှာတော့ ဟန်ချက်ညီလွန်းတဲ့ စပိန်ရဲ့ ခြေစွမ်းကို မယှဉ်နိုင်ခဲ့ပါဘူး။
ပွဲအတွင်း အာဂျင်တီးနား တို့ရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံက လွန်ကဲလှတယ် ဆိုပြီး ဝေဖန်ခံခဲ့ရသလို တချို့ ကစားသမားတွေ ဆိုရင် အဝါကတ် ရသင့်တာထက် အများကြီး နောက်ကျမှ ရခဲ့ကြတာပါ။ အာဂျင်တီးနား ကစားသမားတွေရဲ့ ပွဲအပြီး အပြုအမူတွေ ကတော့ တော်တော်လေး ရုပ်ပေါက်ခဲ့ပြီး အဓိက တရားခံတွေထဲမှာ ပါရီဒက်စ်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
စပိန်ရဲ့ သာလွန်မှုကို ဝန်ခံလိုက်တဲ့ လီအန်ဒရို ပါရီဒက်စ်
အသက် ၃၂ နှစ် အရွယ် ပါရီဒက်စ်ဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ ကံကြမ္မာ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသူပါ။ ကာတာ ကမ္ဘာ့ဖလားတုန်းက လူငယ်ကစားသမားတွေရဲ့ ကြားမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပေမယ့် နည်းပြ လီယွန်နယ် စကာလိုနီ ကတော့ အာဂျင်တီးနားရဲ့ ဖလား ကာကွယ်ရေး ခရီးစဉ်မှာ သူ့ရဲ့ ကွင်းလယ် ထိန်းချုပ်နိုင်စွမ်းကို အလေးပေး မျှော်လင့်ခဲ့ပါတယ်။
အီဂျစ်ကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲမှာ နံရိုးဒဏ်ရာ ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲမှာတော့ ပွဲထွက်မလာနိုင်ဘဲ ဒုတိယပိုင်း စတင်ချိန် မှသာ လူစားဝင် ကစားခဲ့ရတာပါ။ ကွင်းထဲ ရောက်ရောက်ချင်းမှာပဲ ရိုဒရီကို ဝင်တိုက်၊ ဒန်နီ အော်လမိုကို တွန်းလှဲခဲ့တာကြောင့် အဝါကတ် ပြသခံခဲ့ရပါတယ်။ ပွဲချိန်အတွင်း အနီကတ်ပြ မခံရအောင် ထိန်းနိုင်ခဲ့ပေမယ့် ပွဲအပြီး စပိန်တို့ အောင်ပွဲခံချိန်မှာ အဲရစ်ခ် ဂါစီယာ၊ ဂါဗီ တို့နဲ့ ရန်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ပွဲအပြီး အနီကတ် ပြသခံရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဖီဖာ ကတော့ ပွဲအပြီးမှာ ဘာအရေးယူမှုမှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း အတည်ပြုခဲ့ပါတယ်။
ပါရီဒက်စ်ဟာ လက်ရှိမှာ ဘိုကာဂျူနီယာ အသင်းဆီ ပြန်လည် ရောက်ရှိနေပြီး ပထမဆုံး ပွဲမှာတင် လှပတဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ပါရီဒက်စ်က အချိန်အကြာကြီး နာကျင်နေရဦးမှာ ဖြစ်ပေမယ့် စပိန်ဟာ “ထိုက်ထိုက်တန်တန် အနိုင်ရသွားတာပါ” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာတွေကို ကျော်ဖြတ်ဖို့ အချိန် အများကြီး ယူရပါဦးမယ်။ အရေးပါတဲ့ အရာတွေကို အောင်မြင်ခဲ့ကြပေမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတာက အချိန်အကြာကြီး နာကျင်နေရဦးမှာပါ။ ဘာလို့လဲဆိုတော့ ဖလားနဲ့ အတော်လေး နီးစပ်ခဲ့ကြလို့ပါပဲ” လို့ ပါရီဒက်စ်က ESPN ကို ပြောကြားခဲ့ပါတယ်။
“ပြိုင်ပွဲမစခင်၊ ပြိုင်ပွဲ အတွင်းနဲ့ ပြိုင်ပွဲ အပြီးမှာ စကားတွေ အများကြီး ပြောခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲတစ်ခုလုံး ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲ မှာတော့ စပိန်က ပိုမို သာလွန်ခဲ့ပြီး ထိုက်ထိုက်တန်တန် ချန်ပီယံ ဖြစ်သွားခဲ့တာပါ” လို့ ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ပါရီဒက်စ်ကို ပွဲပယ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ဂါဗီရဲ့ အမြင်
အဲရစ်ခ် ဂါစီယာရဲ့ လည်ပင်းကို ကိုင်ပြီးနောက် ပါရီဒက်စ်ရဲ့ တိုက်တွန်းတွန်းလှဲခြင်းခံခဲ့ရသူ ကတော့ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂါဗီ ကတော့ ပါရီဒက်စ်ကို ဖီဖာက အရေးယူ ပွဲပယ်သင့်တယ်လို့ မယူဆပါဘူး။ “(ပါရီဒက်စ်) ပွဲပယ်ခံရသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကလေးတွေ အတွက်တော့ ပုံရိပ်ကောင်း မဟုတ်တာ နားလည်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ အနည်းငယ် ပိုပြီး မာမာထန်ထန်နဲ့ ပြဿနာဆန်တဲ့ ဒီလိုအပိုင်းတွေလည်း ရှိတာပါပဲ” လို့ ဂါဗီက El Partidazo de COPE ကို ပြောကြားခဲ့ပါတယ်။ “အသင့်တော်ဆုံး ကတော့ ပွဲချိန်အတွင်း မှာတင် အနီကတ်ပြပြီး ထုတ်လိုက်ဖို့ပါပဲ။ အဆုံး မှာတော့ ဒါတွေဟာ ဘောလုံးရဲ့ သဘာဝပဲလို့ ကျွန်တော် ထင်ပါတယ်” လို့ ဂါဗီက ဆိုပါတယ်။
တစ်ဖက် မှာလည်း ပါရီဒက်စ် ကိုယ်တိုင်က “အာဂျင်တီးနား အသင်း အတွက် ဆက်လက် ကစားပေးမလား ဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပါပြီ”လို့ ပြောကြားသွားခဲ့တာကြောင့် လက်ရွေးစင် အသင်းနဲ့ အနာဂတ်က ဝေဝါးသွားခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


