နော်ဝေ – အင်္ဂလန်
၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ် အတွက် နော်ဝေနဲ့ အင်္ဂလန် တို့ဟာ မိုင်ယာမီက Hard Rock ကွင်းကြီးထဲမှာ ထိပ်တိုက်တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၆ သင်း အဆင့်တုန်းက အင်္ဂလန်ဟာ အိမ်ရှင် မက္ကဆီကို ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ပွဲကြို ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်ခဲ့သလို၊ နော်ဝေ ကလည်း အင်အားကြီး ဘရာဇီးလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းလာခဲ့တာပါ။
အင်္ဂလန်
ယူရို ၂၀၂၄ တုန်းက အလန် ရှီးယား ပြောခဲ့တဲ့ “ဖိအားဆိုတာ တာယာတွေ အတွက်ပဲ” ဆိုတဲ့ စကားစုလိုမျိုးပဲ၊ အခု အင်္ဂလန် အသင်း မက္ကဆီကိုရဲ့ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၂,၂၀၀ အမြင့်မှာ နိုင်ပွဲရပြီးနောက် “အမြင့်ပေ ဆိုတာ လေယာဉ်ပျံတွေ အတွက်ပဲ” ဆိုတဲ့ စကားအသစ် တစ်ခွန်း ထွက်ပေါ်လာခဲ့ပါတယ်။
ပွဲစမယ့်အချိန် အငြင်းပွားမှုတွေ၊ ညာနောက်ခံလူ ရှားပါးတဲ့ ပြဿနာတွေ အပြင် အိမ်ရှင် မက္ကဆီကိုရဲ့ ကောင်းမွန်တဲ့ ကမ္ဘာ့ဖလား မှတ်တမ်းတွေကြောင့် သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် အသင်း အတွက် အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ အဝေးကွင်း အက်ဇ်တီကာ ကွင်းကြီးထဲက ဖိအားတွေကြောင့် အိမ်ရှင်ဘက်က အလေးသာခဲ့ကြတာပါ။ ဒါပေမယ့်လည်း ၂ ဂိုးသွင်းခဲ့တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ပင်နယ်တီ သေချာတဲ့ ဟယ်ရီ ကိန်း၊ ခံစစ်က ဒန် ဘန်း တို့ အပြင် ဂျာဆီ အဖြူရောင် ဝတ်ဆင်ထားခဲ့တဲ့ ကစားသမားတိုင်းဟာ အိပ်ရေးပျက်ခံပြီး အားပေးခဲ့ရတဲ့ အင်္ဂလန် ပရိသတ်တွေ အတွက် စိတ်မပျက်စေခဲ့ပါဘူး။ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ကို ၁၁ ကြိမ်မြောက်အဖြစ် တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အင်္ဂလန် အသင်း ဆီကနေ ပုံမှန်မဟုတ်တဲ့ ကစားဟန်ကို မြင်ခဲ့ရပါတယ်။ သမိုင်းတစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံး (၃၃.၂ % သာ) ရှိခဲ့ပေမယ့် ထိရောက်တဲ့ တန်ပြန် တိုက်စစ်နဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင့် အနိုင်ရခဲ့တာပါ။ လက်ရှိမှာ အင်္ဂလန်ဟာ ၃ ပွဲ ဆက်တိုက် အနည်းဆုံး ၂ ဂိုးစီ သွင်းပြီး နိုင်ပွဲရထားသလို၊ နောက်ဆုံး ၇ ပွဲမှာ ဂါနာနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ တစ်ပွဲက လွဲရင် ကျန်ပွဲတွေ အားလုံး အနိုင်ရထားပါတယ်။
ဒါပေမယ့် သမိုင်းကြောင်းအရ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွေမှာ ဥရောပ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရလေ့ ရှိပြီး နောက်ဆုံး ထွက်ခွာခဲ့ရတဲ့ ၆ ကြိမ်မှာ ၅ ကြိမ်က ဥရောပ အသင်းတွေကြောင့် ဖြစ်ပါတယ်။
နော်ဝေ
တစ်ဖက်က နော်ဝေ ကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ (အရန်အင်အားနဲ့ ကစားခဲ့တဲ့) တစ်ပွဲပဲ ရှုံးနိမ့်ထားပါသေးတယ်။ အဲဒီနောက်ပိုင်း ပွဲစဉ်တွေ မှာတော့ အာဖရိကနဲ့ တောင်အမေရိက အသင်းတွေကို တားဆီးမရအောင် အနိုင်ယူခဲ့တာပါ။ ဘရာဇီးလ်နဲ့ ပွဲတုန်းက အာလင်း ဟာလန်းဟာ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့သလို၊ ဒုတိယဂိုး ကိုလည်း အေးအေးဆေးဆေးပဲ ထောင့်ဖြတ် ကန်သွင်းပြီး သူ့ရဲ့ အဆင့်အတန်းကို ပြသခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၁၀၀ မှာ နေမာက ပင်နယ်တီ ကနေ ချေပဂိုး သွင်းခဲ့ပေမယ့် ဘရာဇီးလ်တို့ အချိန်မမီတော့ပါဘူး။

ကာလို အန်ဆယ်လော့တီရဲ့ ဗျူဟာတွေကို အသာစီးယူပြီး နော်ဝေဟာ ဘရာဇီးလ် အသင်းကို သမိုင်းတစ်လျှောက် တစ်ကြိမ်မှ မရှုံးဖူးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို၊ သမိုင်းမှာ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။ စတာလေ ဆိုးလ်ဘာကန်ရဲ့ နော်ဝေ အသင်းဟာ ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ အသင်းပါ။ ကစားခဲ့တဲ့ ၅ ပွဲလုံးမှာ ဂိုးတွေ သွင်း (၁၂ ဂိုး) သလို၊ ဂိုးတွေလည်း ပြန်ပေးခဲ့ရ (၉ ဂိုး) ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ အခုလို ၁၀ ဂိုးထက် မနည်း သွင်းပြီး ၁၀ ဂိုးထက်မနည်း ပေးခဲ့ရလျက်နဲ့ ဆီမီးဖိုင်နယ် ရောက်ခဲ့ဖူးတာ ၁၉၅၄ က အနောက် ဂျာမနီ အသင်းပဲ ရှိဖူးပြီး အဲဒီတုန်းက သူတို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
နော်ဝေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဥရောပ အသင်းတွေကို တစ်ခါမှ မနိုင်ဖူးသေးသလို၊ အင်္ဂလန်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ၄ ပွဲလုံးမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းအရလည်း အင်္ဂလန်က ၇ ပွဲနိုင်၊ နော်ဝေက ၂ ပွဲနိုင်နဲ့ အင်္ဂလန်က အပြတ်အသတ် အသာစီးရထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
နော်ဝေ – နီလန်း၊ ရွိုင်ယာဆန်၊ အယား၊ ဟက်ဂမ်၊ ဝုဖ်၊ ဘာ့ဂျ်၊ ဘာ့ဂျီ၊ ဘော့ဘ်၊ အိုဒီဂတ်၊ ရှဂျယ်ဒါရက်ပ်၊ ဟာလန်း
အင်္ဂလန် – ပစ်ခ်ဖို့ဒ်၊ စပန့်စ်၊ ကွန်ဆာ၊ ဂူဟီ၊ အိုရွိုင်လီ၊ ရိုက်စ်၊ အန်ဒါဆန်၊ ဆာကာ၊ ဘယ်လင်ဟမ်၊ ဂေါ်ဒွန်၊ ကိန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သူတို့ နှစ်သင်း နောက်ဆုံး ကစားခဲ့တာ ၂၀၁၄ ခုနှစ်က ခြေစမ်းပွဲမှာ ဖြစ်ပြီး ဝိန်း ရွန်နီရဲ့ ပင်နယ်တီဂိုးနဲ့ အင်္ဂလန်က ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ခဲ့တာပါ။ နှစ်သင်းလုံးရဲ့ ခြေစွမ်းအရ ဒီပွဲဟာ သာမန်အချိန် အတွင်း အနိုင် အရှုံး မပေါ်ဘဲ ပင်နယ်တီ အထိ ရောက်သွားနိုင်ပြီး၊ နိုင်တဲ့ အသင်း ကတော့ ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနား ဒါမှမဟုတ် ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နော်ဝေ နိုင်ရင် ၃.၈၅ ဆ၊ အင်္ဂလန် နိုင်ရင် ၁.၉၂ ဆ၊ သရေ ဆိုရင်တော့ ၃.၅၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ နော်ဝေက တော်တော်လေးကို စုစည်းမှု အားကောင်းနေသလို ဟာလန်း ဦးဆောင်တဲ့ တိုက်စစ် ကလည်း ယုံကြည်ချက် အပြည့်ရှိနေပါတယ်။ အင်္ဂလန် အတွက် ပိုခက်ခဲတဲ့ စာမေးပွဲ ဖြစ်ပြီး သေချာပေါက် သတိထား ကစားနိုင်မှ တော်ကာကျပါလိမ့်မယ်။ ဟာလန်းနဲ့ ဟယ်ရီကိန်း တို့ရဲ့ တိုက်စစ် အားပြိုင်မှုမှာ ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော် ကတော့ အတွေ့အကြုံ ပိုများတဲ့ သောမက်စ် တူချယ်ရဲ့ အင်္ဂလန်ကို ပိုပြီး ယုံကြည်နေမိပါတယ်။
ခန့်မှန်းရလဒ်
နော်ဝေ ၁-၂ အင်္ဂလန်


