အီကွေဒေါ – ဂျာမနီ
ဂျာမနီ ကတော့ လာမယ့် ကြာသပတေးနေ့ နယူးဂျာစီပြည်နယ်က MetLife ကွင်းကြီးထဲမှာ အုပ်စု (E) ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် နိုင်ပွဲမရသေးတဲ့ အီကွေဒေါ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲမှာ ဂျာမနီတို့ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စုတွင်း ရလဒ်ကောင်းတွေကို ဆက်ပြီး ထိန်းသိမ်းသွားဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။
ဂျာမနီ အသင်း ကတော့ အုပ်စုပထမနေရာ သေချာသွားခဲ့ပြီ ဖြစ်ပေမယ့် အီကွေဒေါ အသင်း ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အစမကောင်းခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့ ရုန်းကန်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဂျာမနီ
ဂျာမနီ အသင်းဟာ အုပ်စု အဖွင့် ပွဲစဉ်မှာ ကူရာဆောင်း အသင်းကို ၇-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးမိုးရွာခဲ့သလို၊ ပြီးခဲ့တဲ့ အပတ်က အိုင်ဗရီကို့စ်နဲ့ ပွဲမှာလည်း ပွဲပြီးဖို့ မိနစ် ၃၀ အလိုအထိ တစ်ဂိုး အရှုံးပေးထားရရာ ကနေ ပြန်လည် အနိုင်ရအောင် အသည်းအသန် ကစားသွားခဲ့ပါတယ်။ ဒါကြောင့်လည်း အုပ်စုပွဲ တစ်ပွဲ ကျန်သေးပေမယ့် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီပွဲ မှာတော့ အရန်ခုံကနေ လူစားဝင်လာပြီး ပွဲပြီးခါနီး ၉၄ မိနစ်မှာ အနိုင်ဂိုး အပါအဝင် နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ စတုဂတ် တိုက်စစ်မှူး ဒင်းနစ် အွန်ဒက်ဗ် တစ်ယောက် သူရဲကောင်း ဖြစ်ခဲ့ရပါတယ်။ သူဟာ နှစ်ပွဲတည်းနဲ့ ဂျာမနီ အသင်း အတွက် (၃ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး) စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပါ။ ဒါဟာ ၁၉၆၆ ခုနှစ်က စလို့ ကမ္ဘာ့ဖလား မှတ်တမ်းတွေအရ ၁၉၉၀ ပြိုင်ပွဲတုန်းက ကင်မရွန်းဂန္ထဝင် ရော်ဂျာမီလာ တင်ရှိထားခဲ့တဲ့ “ လူစားဝင် ကစားသမားတစ်ဦးရဲ့ ဂိုးပါဝင်ပတ်သက်မှုအများဆုံး” စံချိန်နဲ့လည်း တူညီခဲ့ပါတယ်။
နည်းပြ ဂျူလီယန် နာဂယ်စ်မန်းရဲ့ ဂျာမနီ အသင်းဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံ အပြည့်အဝ မပြသနိုင်သေးဘူး ဆိုပေမယ့် လောလောဆယ် မှာတော့ စုစုပေါင်း သွင်းဂိုး ၉ ဂိုးနဲ့ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် အိုင်ဗရီကို့စ်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့တဲ့ပွဲ အပါအဝင် ဂျာမနီတို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက စလို့ အခုအချိန်အထိ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာပါ။
အကယ်၍ အီကွေဒေါ ကိုသာ ထပ်နိုင်မယ်ဆိုရင် ဂျာမနီ အသင်းဟာ သူတို့ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ၁၂ ပွဲဆက် နိုင်ပွဲ စံချိန်ကို ရရှိနိုင်မှာ ဖြစ်သလို၊ သူတို့နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလား နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အုပ်စုတွင်း ပွဲစဉ် အားလုံးကို ရာနှုန်းပြည့်အနိုင်နဲ့ ဖြတ်ကျော်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ခန့်မှန်းချက်တွေအရ ချန်ပီယံဖြစ်ဖို့ သတ္တမမြောက် ရေပန်းအစားဆုံးအဆင့်မှာ ရှိနေတဲ့ ဂျာမနီအသင်းအနေနဲ့ ခံစစ်ပိုင်း ကိုတော့ ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအထိ ဂိုးပေးခဲ့ရသလို၊ ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲပြီးကတည်းက နောက်ပိုင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၈ ပွဲစလုံးမှာ ပေးဂိုးမရှိ (Clean Sheet) ပွဲစဉ် တစ်ပွဲမှ မရရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
အီကွေဒေါ

အီကွေဒေါ အသင်း ကတော့ သူတို့ရဲ့ ပဉ္စမမြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပြီး အခု အုပ်စု (E) အတွင်း အိုင်ဗရီကို့စ်၊ ကူရာဆောင်း တို့နဲ့ ပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့တာကြောင့် ၄ ကြိမ်မြောက် အုပ်စု အဆင့်ကနေတင် လှည့်ပြန်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ၂ ပွဲ ကစားပြီးချိန်မှာ သူတို့ ရရှိထားတာက ၁ မှတ်တည်းပဲ ရှိပါသေးတယ်။ နည်းပြ ဆီဘက်စ်တီယန် ဘက်ကာဆီ ရဲ့ အီကွေဒေါ အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အိုင်ဗရီကို့စ်ကို ၁-၀နဲ့ ရှုံးနိမ့်ခဲ့တုန်းက ဂိုးတိုင် သုံးကြိမ်အထိ ထိမှန်ခဲ့ပြီး ပွဲပြီးခါနီး မိနစ် ၉၀ မှာ ရင်နာစရာ အနိုင်ဂိုး ပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကူရာဆောင်းနဲ့ ပွဲမှာလည်း ဂိုးမရှိသရေကျခဲ့ပြီး အဲဒီပွဲမှာ ဂိုးကန်သွင်းခွင့် ၂၇ ကြိမ် အထိ ရခဲ့ပေမယ့် ကူရာဆောင်း ဂိုးသမား အီလွိုင်းရွန်းမ် က ၁၅ ကြိမ်အထိ လက်စွမ်းပြ ကာကွယ်သွားခဲ့တာကြောင့် အီကွေဒေါတို့ ဂိုးမရခဲ့ဘဲ စိတ်ပျက်ခဲ့ရပါတယ်။
တကယ်တော့ အီကွေဒေါ အသင်းဟာ သရေရလဒ်တွေနဲ့ မစိမ်းလှပါဘူး။ ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ ၈ ပွဲမှာ ၅ ပွဲ အထိ သရေကျခဲ့သလို၊ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၈ ပွဲ မှာလည်း ၈ ပွဲအထိ သရေကျခဲ့တာပါ။ ပိုပြီး ထူးခြားတာက ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းကစလို့ အခုအချိန်အထိ အီကွေဒေါအသင်းရဲ့ ပွဲစဉ် ၉ ပွဲဟာ ၀-၀ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
ဖီဖာကမ္ဘာ့အဆင့် ၃၀ ရှိတဲ့ အီကွေဒေါအသင်းဟာ လောလောဆယ် အုပ်စု (E) မှာ ဂိုးကွာခြားချက် အသာနဲ့ ကူရာဆောင်းရဲ့ အထက် တတိယနေရာမှာ ရှိနေပြီး နောက်တစ်ဆင့်ကို တက်ချင်တယ်ဆိုရင် ဂျာမနီကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ အကယ်၍ သရေကျပြီး ၂ မှတ်ပဲ ရမယ် ဆိုရင်တော့ အကောင်းဆုံး တတိယရတဲ့ ၈ သင်း စာရင်းထဲ ပါဝင်ဖို့ မသေချာပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အီကွေဒေါ – ဂါလင်ဒက်ဇ်၊ အော်ဒိုနက်ဇ်၊ ပါချို၊ ဟင်ကပ်ပီယေ၊ ယီဘိုဘာ့၊ ဖရန်ကို၊ ကိုင်စီဒို၊ ဗစ်တီ၊ အက်စတူပီနန်၊ ပလာတာ၊ ဗလင်စီယာ
ဂျာမနီ – ဘောင်းမန်း၊ အန်တွန်၊ တာ့ရ်၊ ရူဒီဂါ၊ ရမ်း၊ ဂိုရက်ဇ်ကာ၊ စတီလာ၊ လီဝဲလင်း၊ အမ်မီရီ၊ ဘိုင်ယာ၊ အွန်ဒက်ဗ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သမိုင်းတစ်လျှောက် ဂျာမနီနဲ့ တွေ့ဆုံမှု ၂ ကြိမ်စလုံး မှာလည်း စုစုပေါင်း ရလဒ် ၇-၂ နဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အီကွေဒေါတို့ အနေနဲ့ လာမယ့် ကြာသပတေးနေ့ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မရဘဲ ထွက်ခွာရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားရမှာပါ။ ကမ္ဘာ့ဖလား သမိုင်းမှာ တောင်အမေရိက နိုင်ငံတွေထဲ ဂိုးတစ်ဂိုးမှ မသွင်းနိုင်ဘဲ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာ ဆိုလို့ ၁၉၃၀ နဲ့ ၁၉၅၀ ပြိုင်ပွဲတွေတုန်းက ဘိုလီးဗီးယား အသင်းပဲ ရှိခဲ့ဖူးတာကြောင့် အီကွေဒေါတို့ ဒီသမိုင်းဆိုးထဲ မပါဝင်အောင် အစွမ်းကုန် ရုန်းကန်လာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အီကွေဒေါ နိုင်ရင် ၃.၈၈ ဆ၊ ဂျာမနီ နိုင်ရင် ၁.၈၇ ဆ၊ သရေ ဆိုရင်တော့ ၃.၈၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဂျာမနီ ဘက်ကပဲ ကြေးဖွင့်ထားပါတယ်။ အီကွေဒေါရဲ့ တိုက်စစ်က ကူရာဆောင်းနဲ့ ပွဲမှာတောင် ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဂျာမနီရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။ ဂျာမနီ အတွက် သက်တောင့်သက်သာ နိုင်ပွဲ တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
ခန့်မှန်းရလဒ်
အီကွေဒေါ ၀-၂ ဂျာမနီ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


