၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ် အသင်းရဲ့ အဓိကမောင်းနှင်အားက ကီလီယန် အမ်ဘာပေး မဟုတ်ပဲ မိုက်ကယ် အိုလီဆေးသာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ပြင်သစ် အသင်းရဲ့ မျက်နှာစာဖြစ်သလို၊ ကမ္ဘာ့ဖလား သမိုင်းမှာ ဒုတိယမြောက် ဂိုးအများဆုံး သွင်းထားတဲ့ ကြယ်ပွင့် တစ်ဦးပါ။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ အိုလီဆေး ကသာ ပြင်သစ် အသင်းရဲ့ အကောင်းဆုံးနဲ့ အဓိက အကျဆုံး ကစားသမား ဖြစ်တယ်လို့ ပြောရလောက်အောင် ခြေစွမ်းပြနေပါတယ်။
နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ် အသင်းဟာ အရင်ကထက် ပိုပြီးကြည့်ကောင်း၊ စိတ်လှုပ်ရှားဖို့ ကောင်းလာရခြင်းရဲ့ နောက်ကွယ်မှာ အိုလီဆေးက အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေတာပါ။ ကလပ် အသင်း အဆင့် မှာတော့ အိုလီဆေးဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ဘေယန်မြူးနစ် အသင်းနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး တောင်ပံ ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါ ၃၂ ပွဲမှာ ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၃၄ ကြိမ်အထိ ပြုလုပ်ခဲ့သလို၊ ချန်ပီယံလိဂ် ၁၃ ပွဲမှာလည်း ၁၁ ကြိမ်အထိ ပါဝင်ပတ်သက်ခဲ့လို့ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပါတယ်။ ညာတောင်ပံကနေ ဘယ်ခြေနဲ့ အတွင်းထဲ ဖြတ်ဝင်ပြီး ဂိုးကန်သွင်းတတ်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဘေယန် ပရိသတ်တွေက သူ့ကို အာဂျန် ရော်ဘင် လက်သစ်လို့တောင် တင်စားကြပါတယ်။ ဒါပေမယ့် ပြင်သစ် လက်ရွေးစင် အသင်း မှာတော့ သူဟာ အန်တွန် ဂရစ်ဇ်မန်းရဲ့ နေရာကို အစားထိုးပြီး ကွင်းလယ် အင်ဂျင် (နံပါတ် ၁၀ နေရာ) အဖြစ် ကစားနေတာပါ။
အိုလီဆေးဟာ ခြေနှစ်ဖက်လုံးကို ဘယ်/ညာ မရွေး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သူ ဖြစ်လို့ အမ်ဘာပေး၊ ဒမ်ဘီလီ၊ ဘာကိုလာ ဒါမှမဟုတ် ဒူယေး တို့လို တိုက်စစ်တန်းရဲ့ နောက်ကွယ် ကနေ ကစားကွက်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်ပါတယ်။
တကယ်တော့ အိုလီဆေးဟာ အင်္ဂလန် အသင်း အတွက် ကစားပေးနိုင်ခဲ့တဲ့သူပါ။ လန်ဒန်မှာ မွေးဖွားခဲ့ပြီး ဖခင်က ဗြိတိန်-နိုင်ဂျီးရီးယား၊ မိခင်က ပြင်သစ်-အယ်လ်ဂျီးရီးယား ဖြစ်လို့ နိုင်ငံ အများကြီးကို ရွေးချယ်ခွင့် ရှိခဲ့တာပါ။ အင်္ဂလန် လူငယ်အဆင့် ကစားသမား စုဆောင်းရေး အဖွဲ့သာ အမြော်အမြင်ရှိရှိနဲ့ စောစောစီးစီး ကမ်းလှမ်းခဲ့ရင် အခုအချိန်မှာ သူဟာ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ဟယ်ရီကိန်း တို့နဲ့ အတူ အင်္ဂလန် အသင်းမှာ တွဲကစားနေလောက်ပါပြီ။ ဒါပေမယ့် အိုလီဆေး ကိုယ်တိုင်က ပြင်သစ် အသင်းနဲ့ ပိုပြီး “ချိတ်ဆက်မှု” ရှိတယ်လို့ ခံစားရတာကြောင့် ပြင်သစ်ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန် မှာလည်း ပြင်သစ် အသင်းရဲ့ ကစားကွက်တွေကို လိုက်ဖက်အောင် ချိတ်ဆက်ပေးနေတဲ့ “ချိတ်ဆက်သူ” (Connector) အဖြစ် တာဝန် ကျေပွန်နေပါတယ်။ အခု ကမ္ဘာ့ဖလား ၅ ပွဲမှာ အများဆုံး အဖြစ် ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ်ထားပြီး အထူးသဖြင့် ဆွီဒင်ကို ၃-၀ နဲ့ နိုင်တဲ့ပွဲမှာ ပြင်သစ်ရဲ့ တိုက်စစ်ဆင်မှုတိုင်းဟာ အိုလီဆေး ဆီကနေပဲ မြစ်ဖျားခံခဲ့တာပါ။

ပြင်သစ် တိုက်စစ်တန်းဟာ ကစားသမား စုံလင်ပြီး မျှတမှု အရှိဆုံးလို့ ပြောရမှာပါ။ အမ်ဘာပေးက ခံစစ် အနောက်ဘက်ကို အမြန်နှုန်းနဲ့ ထိုးဖောက်ပြီး ဂိုးသွင်းနိုင်သလို၊ ဒမ်ဘီလီ ကလည်း ကွင်းထဲမှာ နေရာလွတ်တွေ ရှာဖွေပေးနိုင်ပါတယ်။ ဒမ်ဘီလီ ကလည်း အိုလီဆေးလိုပဲ ခြေနှစ်ဖက်လုံး သုံးနိုင်သူ ဖြစ်ပြီး နော်ဝေနဲ့ ပွဲမှာဆို ဘယ်/ညာ ခြေနှစ်ဖက်လုံး သုံးပြီး ဟက်ထရစ် သွင်းယူခဲ့ပါသေးတယ်။ ဘာကိုလာ ကတော့ အမြန်နှုန်းနဲ့ ဒေါင်လိုက် ထိုးဖောက်မှုတွေကို ပေးစွမ်းနိုင်ပြီး ဒူယေး ကတော့ တစ်ကိုယ်တော် ဆွဲတာတိုက်တာ ကောင်းသူဖြစ်လို့ ပါရာဂွေးနဲ့ ပွဲမှာ ပြိုင်ဘက်ရဲ့ ပိတ်ဆို့ခံစစ်ကို အကောင်းဆုံး ဖျက်ဆီးပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီအထဲမှာ အိုလီဆေးရဲ့ အရည်အချင်း ကတော့ အစုံလင်ဆုံးပါ။ သူဟာ အသင်း အတွက် အပိုင်အခွင့်အရေး (Big Chances) တွေကို အများဆုံး ဖန်တီးပေးထားသလို၊ ဘာကိုလာ ပြီးရင် တစ်ကိုယ်တော် ကျော်ဖြတ်မှု ဒုတိယ အများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲစဉ်တိုင်း မှာလည်း ဂိုးပေါက်တည့် ကန်ချက် ပျမ်းမျှ ၁.၁ ကြိမ် အထိ ရှိနေလို့ သူ့ဘာသာလည်း ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ မော်ရိုကို၊ ဒါမှမဟုတ် ဆီမီးဖိုင်နယ် ရောက်ရင် စပိန်လို အသင်းကြီးတွေနဲ့ တွေ့တဲ့ အခါ ပြင်သစ်ရဲ့ ကွင်းလယ်ပိုင်း ဟန်ချက်ညီမှုက စိန်ခေါ်မှု ကြုံရနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ နည်းပြ ဒက်စ်ရွှမ့်စ်က ရှေ့တန်း ၄ ယောက်ရဲ့ နောက်မှာ ကွင်းလယ်လူ ၂ ယောက်တည်း ကိုပဲ အထိုင်ချထားလို့ ကွင်းလယ် ၃ ယောက် သုံးတတ်တဲ့ စပိန်လို အသင်းမျိုးနဲ့ တွေ့ရင် လူအင်အားချင်း မမျှတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အိုလီဆေးသာ ကွင်းလယ် ကနေ ကြိုးကိုင် ကစားပေးနေမယ် ဆိုရင် ဒါက ပြဿနာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အသက် ၂၄ နှစ် အရွယ် အိုလီဆေးဟာ အခု ကမ္ဘာ့ဖလားမှာ ပြင်သစ် အသင်း အတွက် အရေးပါဆုံးသူ ဖြစ်လာနိုင်သလို၊ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့တောင် ပြောရလောက်အောင် ဘယ်နေရာမှာပဲ ကစားကစား ဘယ်သူမှ မလိုက်မှီတဲ့ ခြေစွမ်းမျိုး ပြသနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


