နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“အီတလီ အနေနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ စိတ်ပျက်မှုတွေကို ကျော်လွှားပြီး စာမျက်နှာသစ် ဖွင့်ဖို့ သတ္တိမွေးရမယ်” – ဒွန်နာရမ်းမား

အီတလီ လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ ၃ ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရပါပြီ။ ဒီလို သမိုင်းတလျှောက် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အီတလီရဲ့ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမာက ပရိသတ်တွေ အားလုံး စည်းလုံး ညီညွတ်စွာနဲ့ ပြန်လည် ရုန်းထွက်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အီတလီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မြောက်အိုင်ယာလန်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲ မှာတော့ ဝေးလ်စ် အသင်းကို ပင်နယ်တီနဲ့ အနိုင်ယူခဲ့တဲ့ ဘော့စနီးယားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပါတယ်။ ဂန်နာရို ဂတ်တူဆို ကိုင်တွယ်တဲ့ အီတလီက ပွဲကစားချိန် ၁၅ မိနစ်မှာ မွိုက်စ် ကင်းန်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း၊ ပထမပိုင်း မပြီးခင်မှာ အလက်ဆန်ဒရို ဘတ်စတိုနီ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ပွဲအခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဘော့စနီးယားရဲ့ ဖိအားပေးမှုတွေကို အီတလီတို့ ခုခံနိုင်ခဲ့ပေမယ့်လည်း ၇၉ မိနစ်မှာ ဟားရစ် တာဘာကိုဗစ်က ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် မှာတော့ အီတလီ ကစားသမားတွေ ဖြစ်သည့် ပီယို အက်စ်ပိုစီတိုနဲ့ ဘရိုင်ယန် ခရစ္စတန်တီတို့ လွဲချော်ခဲ့တာကြောင့် ဘော့စနီးယားက ၄-၁ နဲ့ အနိုင်ရကာ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိသွားခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုကြောင့် အီတလီက ၃ ကြိမ် ဆက်တိုက် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အီတလီ ဘောလုံးသမိုင်းမှာ ကမ္ဘာ့ဖလား မကစားခဲ့ရတာက ၁၉၃၀ ပြည့်နှစ် (မပါဝင်ခဲ့ခြင်း) နဲ့ ၁၉၅၈ ခုနှစ် (ခြေစစ်ပွဲ မအောင်ခြင်း) တို့မှာလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

အသက် ၁၇ နှစ် ကတည်းက လက်ရွေးစင် အသင်း အတွက် ကစားပေးခဲ့တဲ့ ဒွန်နာရမ်းမား အနေနဲ့ အခု ထပ်မံ လွဲချော်ခဲ့တာကြောင့် သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသက် ၃၁ နှစ်ကျ မှသာ ကစားခွင့်ရမယ့် အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် အီတလီက ၃ ကြိမ် ဆက်တိုက် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
ကမ္ဘာ့ဖလား စတင်ချိန်က စလို့ ၅ ကြိမ် အထိ လွဲချော်ခဲ့ပြီ ဖြစ်တဲ့ အီတလီ

“မနေ့ညက ပွဲအပြီးမှာ ကျွန်တော် ငိုခဲ့မိပါတယ်” လို့ ဒွန်နာရမ်းမားက ဆိုပါတယ်။ “အီတလီ အသင်း ရောက်သင့်တဲ့နေရာကို ရောက်အောင် မပို့ဆောင်ပေးနိုင်ခဲ့တဲ့ အပေါ် စိတ်ပျက်လွန်းလို့ ငိုခဲ့ရတာပါ။ ကျွန်တော်တို့ အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ ဂုဏ်ယူရတဲ့ အက်ဇူရီ (အီတလီ အသင်း) ရဲ့ ကစားသမားတွေတင် မကဘဲ ပရိသတ်တွေ အားလုံး ခံစားနေရမယ့် ကြီးမားတဲ့ ဝမ်းနည်းမှုကို ကျွန်တော်လည်း ထပ်တူထပ်မျှ ခံစားရပါတယ်။” လို့ ဒွန်နာရမ်းမားက ဆိုပါတယ်။

ဆက်လက်ပြီး သူက “အခုအချိန်မှာ စကားလုံးတွေက သိပ်ပြီး အရာမထင်ဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အရာ တစ်ခုကို မျှဝေချင်ပါတယ်။ ဒီလောက် ကြီးမားတဲ့ စိတ်ပျက်မှု အပြီးမှာ ကျွန်တော်တို့ဟာ စာမျက်နှာသစ်ကို ထပ်မံ ဖွင့်လှစ်နိုင်ဖို့ သတ္တိမွေးရပါမယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့ ခွန်အားတွေ၊ ဝါသနာတွေနဲ့ ယုံကြည်မှုတွေ အများကြီး လိုအပ်ပါတယ်။ အမြဲတမ်း ယုံကြည်နေဖို့ လိုပါတယ်။ အရာအားလုံးကို ပေးဆပ်ပြီး မဆုတ်မနစ် ကြိုးစားသူတွေကို ဘဝက ဆုလာဘ်တွေ ပြန်ပေးတတ်တယ် ဆိုတာက ကျွန်တော် တို့ကို ရှေ့ဆက် လှုံ့ဆော်ပေးနေတဲ့ အင်ဂျင်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အတူတကွ ပြန်စကြပါမယ်။ အီတလီအသင်း ရောက်သင့်တဲ့ အမြင့်ဆုံး နေရာကို ပြန်ရောက်အောင် ထပ်ပြီး ကြိုးစားကြပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

နည်းပြ ဂန်နာရို ဂတ်တူဆို ကတော့ ရှုံးနိမ့်မှု အပြီးမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောကြားဖို့ ငြင်းဆိုခဲ့ပေမယ့်လည်း၊ လက်ရှိ ဖြစ်ရပ်တွေအရ သူ့ရဲ့ နည်းပြဘဝက အဆုံးသတ်နိုင်ဖွယ် ရှိနေပါတယ်။ အီတလီ အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ရောမမြို့မှာ ရှိတဲ့ အီတလီ ဘောလုံးအဖွဲ့ချုပ် (FIGC) ရုံးချုပ်ကို ပရိသတ် တချို့က ကြက်ဥတွေနဲ့ ပစ်ပေါက်ကာ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂါဘရီယဲလ် ဂရာဗီနာ ရုံးချုပ်သို့ ပြန်လည် ရောက်ရှိလာချိန်မှာလည်း ပရိသတ် တစ်ဦးက သူ့အား ရာထူး ကနေ နုတ်ထွက်ဖို့ တောင်းဆိုသည့် စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်