နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝေးလ်စ်က ကမ္ဘာ့ဖလားမှာ ရှိသင့်တယ်လို့ ခံစားရတယ် ဆိုတဲ့ ဘယ်လာမီ

ဝေးလ်စ် လက်ရွေးစင် အသင်းက သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှစ်ကြိမ် ဆက်တိုက် တက်လှမ်းနိုင်ဖို့ ရည်မှန်းထားပါတယ်။ နည်းပြ ခရိတ် ဘယ်လာမီ ကတော့ သူတို့ အသင်းသာ ခြေစစ်ပွဲ အောင်မြင်ခဲ့ရင် ကမ္ဘာ့ဖလား အတွက် ထူးခြားတဲ့ အရသာ တစ်ခုကို ထပ်မံ ဖြည့်စွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို တက်လှမ်းနိုင်ဖို့ ဝေးလ်စ်က ပလေးအော့ဖ် အဆင့်ကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ ဝေးလ်စ်က ဒီကနေ့ညမှာ ဘော့စနီးယားနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အနိုင်ရတဲ့ အသင်းက လာမယ့် အင်္ဂါနေ့မှာ အီတလီ သို့မဟုတ် မြောက်အိုင်ယာလန် တို့နဲ့ ဗိုလ်လုပွဲ အဖြစ် ကစားရမှာ ဖြစ်ပါတယ်။

နဂါးနီတွေဟာ ၂၀၂၂ ကမ္ဘာ့ဖလား မှာလည်း ပလေးအော့ဖ်က တစ်ဆင့် သြစတြီးယားနဲ့ ယူကရိန်း တို့ကို အနိုင်ယူကာ ၁၉၅၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပါတယ်။ ဝေးလ်စ်က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရထားပြီး အိမ်ကွင်း နောက်ဆုံး ၅ ပွဲစလုံးမှာ အနည်းဆုံး ၂ ဂိုးစီ သွင်းယူကာ စုစုပေါင်း ဂိုး ၂၀ အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ နိုဝင်ဘာလက မြောက်မက်ဆီဒိုးနီးယားကို ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲက ၁၉၇၈ ခုနှစ်က မော်လ်တာကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲနောက်ပိုင်း ဝေးလ်စ်တို့ အတွက် တစ်ပွဲတည်း ၇ ဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဆုံး ပွဲလည်း ဖြစ်ပါတယ်။

ဝေးလ်စ်ရဲ့ ကွင်းလယ်လူဟောင်းနဲ့ လက်ရှိ နည်းပြ ခရိတ် ဘယ်လာမီက သူ့ရဲ့ အသင်းက ကမ္ဘာ့ဖလားကို တက်လှမ်းနိုင်တဲ့ အရည်အချင်းရှိကြောင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရထားတဲ့ ဝေးလ်စ်

ဝေးလ်စ်ရဲ့ ကွင်းလယ်လူဟောင်းနဲ့ လက်ရှိ နည်းပြ ခရိတ် ဘယ်လာမီက သူ့ရဲ့ အသင်းက ကမ္ဘာ့ဖလားကို တက်လှမ်းနိုင်တဲ့ အရည်အချင်းရှိကြောင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ ကစားသမားဘဝက အတွေ့အကြုံ အကောင်းရော အဆိုးရော အကုန်ယူလာခဲ့ပေမယ့် နည်းပြဘဝ ခရီးစဉ် ကတော့ လုံးဝ အသစ်အဆန်းပါပဲ။ အခုအသင်းကို ကြည့်လိုက်ရင် ကျွန်တော်တို့ ကမ္ဘာ့ဖလားမှာ ရှိသင့်တယ်လို့ တကယ်ပဲ ခံစားရပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ အသင်း၊ ပရိသတ်တွေနဲ့ နည်းပြ အဖွဲ့တွေဟာ ဒီကမ္ဘာ့ဖလား အတွက် အဖိုးတန်တဲ့ အင်အားစု တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် တို့ဟာ အဆင့် နေးရှင်းလိဂ် (A) နဲ့ ပလေးအော့ဖ်တွေကို အမြဲတမ်း ရောက်နေတဲ့ အလေးအနက်ထားရမယ့် ဘောလုံး နိုင်ငံ တစ်ခု ဖြစ်နေပါပြီ။” လို့ ဆိုပါတယ်။

ဝေးလ်စ်ဟာ ဘော့စနီးယားနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲ စလုံးမှာ နိုင်ပွဲ မရသေးပေမယ့်လည်း (၂ ပွဲ သရေ၊ ၂ ပွဲရှုံး)၊ လက်ရှိမှာ ခြေစွမ်းပြနေတဲ့ ဟယ်ရီ ဝီလ်ဆင် အပေါ် မျှော်လင့်ချက်ထားနေကြပါတယ်။ အသက် ၂၉ နှစ် အရွယ် ဝီလ်ဆင်က နိုင်ငံအသင်း အတွက် နောက်ဆုံး ကစားထားတဲ့ ပွဲ ၂၀ မှာ ၁၇ ဂိုး (၁၁ ဂိုး သွင်း၊ ၆ ဂိုး ဖန်တီး) အထိ ပါဝင်ပတ်သက်ထားပြီး၊ နောက်ဆုံး ၁၂ ပွဲမှာ ၁၂ ဂိုး (၉ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီး) အထိ စွမ်းဆောင်ထားနိုင်ပါတယ်။

ဂန္ထဝင် ကစားသမား ဂါရက်သ် ဘေးလ်ရဲ့ နေရာကို အစားထိုးနိုင်မလား ဆိုတဲ့ မေးခွန်း အပေါ် ဝီလ်ဆင်က အခုလိုပဲ ပြောပါတယ်။ “ကျွန်တော်တို့ ဘေးလ်ရဲ့ နေရာကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ပါဘူး။ သူက ကျွန်တော်တို့ အသင်းရဲ့ အကောင်းဆုံး ကစားသမားပါ။ ကျွန်တော် ဘေးလ်ရဲ့ နေရာကို အစားထိုးရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ဒါပေမယ့် သူချန်ထားခဲ့တဲ့ ကြီးမားတဲ့ ဟာကွက်ကို ဖြည့်ဆည်းဖို့ အတွက် တိုက်စစ် ကစားသမား အားလုံး စုပေါင်းပြီး ကြိုးစားရမှာပါ။”

“ဂါရက်သ် ထွက်သွားပြီး နောက်ပိုင်း ကျွန်တော့်ရဲ့ ကစားပုံနဲ့ ဂိုးမှတ်တမ်းတွေ အပေါ် ကျေနပ်မိပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့နေရာကို အစားမထိုးနိုင်တဲ့ အတွက် ကျွန်တော် အစားထိုးနေတာမျိုး မဟုတ်ပါဘူး။” လို့ ဝီလ်ဆင်က ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်