ဖေဖော်ဝါရီ ၁၂ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ အပါအဝင် ဥရောပ ထိပ်သီးလိဂ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီ ကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ ယူနိုက်တက် တို့ကို ငြင်းပယ်ပြီး စီးရီးအေကို ပြန်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ မှာတော့ ဂျူဗင်တပ်စ်က သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ပိုင်း အတွက် ပစ်မှတ်ထားနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာကို ခေါ်ယူခွင့် ဆုံးရှုံးရတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိ မှာတော့ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့က အပြောင်းအရွှေ့ အတွက် အသာစီးရနေပါတယ်။
လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ အေးဂျင့်ဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ မိုဆာလာဟာ အရင်ကထက် စာရင် အခုအချိန်မှာ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေပါတယ်။
စီးရီးအေ ထိပ်သီး အေစီမီလန်ဟာ ခရစ္စတီယန် ပူလီဆစ်ခ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့က အပြင်းအထန် စိတ်ဝင်စားလာတာကြောင့် မီလန် အတွက် အခက်တွေ့နိုင်ပါတယ်။
ဘုန်းမောက် တိုက်စစ်မှူး ဂျူနီယာ ခရူပီကို လစ်ဗာပူးလ်က စောင့်ကြည့်နေသလို ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကလည်း ဒီပြင်သစ် လူငယ်လေးကို ခေါ်ယူဖို့ အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။
မန်စီးတီး အသင်းဟာ ရိုးမား ညာနောက်ခံလူ ဝက်စလေကို ယူရို သန်း ၅၀ (ပေါင် ၄၃.၅ သန်းခန့်) နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပါတယ်။
ဗလင်စီယာရဲ့ အသက် ၁၈ နှစ်အရွယ် ဗဟိုနောက်ခံလူ ဟူဂို ဖာနန်ဒက်စ်က ဥရောပရဲ့ အလိုချင်ဆုံး လူငယ် တစ်ဦး ဖြစ်လာပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ဇန်နဝါရီမှာ အသင်း ကနေ ထွက်ဖို့ မအောင်မြင်ခဲ့တဲ့ တိုက်စစ်မှူး ဂျင်းန် ဖိလစ် မက်တေးတား အတွက် သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းကို လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက် ကတော့ သူ့ကို နွေရာသီမှာ ပေါင်သန်း ၃၀ အောက်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အန်တိုနီယို ရူဒီဂါဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ အသင်းဟောင်း ချဲလ်ဆီး ကတော့ ပြန်ခေါ်ဖို့ ငြင်းပယ်ထားပေမယ့် ခရစ္စတယ်ပဲလေ့စ်၊ စပါးနဲ့ ဝက်စ်ဟမ်းတို့ ကတော့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အက်စတွန်ဗီလာဟာ နော့တမ်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ သူ့ရဲ့ တန်ဖိုး ကတော့ ပေါင် ၆၅ သန်း ဝန်းကျင် ရှိနေပါတယ်။
နယူးကာဆယ် ကတော့ ဘေယန်မြူးနစ်က စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါကို ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီရဲ့ ကွင်းလယ်လူ ဗစ်တင်ညာကို ရာသီကုန်မှာ ယူရို ၁၂၀ သန်း (ပေါင် ၁၀၄.၅ သန်းခန့်) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
တစ်ဖက် မှာလည်း လစ်ဗာပူးလ် ကွင်းလယ်လူ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အိပ်မက် ပစ်မှတ် အဖြစ် ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ တန်ဖိုးက ပေါင် ၁၄၀ သန်းဝန်းကျင် ရှိနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ် ဘက်က လစ်ဗာပူးလ်တို့ စိတ်ဝင်စားနေတဲ့ အက်ဒူယာဒို ကာမာဗင်ဂါကို အလိုက်ပေးပြီး အလဲအထပ် လုပ်ဖို့ မျှော်လင့်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဝါရင့် နောက်ခံလူ ဒန်နီ ကာဗာဟယ်ကို အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ သူ့နေရာမှာ အစားထိုးဖို့ အတွက် စပါးက ပက်ဒရို ပေါ်ရို၊ ရိုးမားက ဝက်စလေနဲ့ ဘေယန်မြူးနစ်က ကွန်ရက် လိုင်မာ တို့ကို စောင့်ကြည့်နေပါတယ်။
အကယ်၍ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်နောက်ခံလူ ဖရန်း ဂါစီယာကို ရောင်းချ ဖြစ်ခဲ့ရင် ဒေါ့မန် အသင်းရဲ့ ဒန်နီယယ်လ် ဆဗန်ဆင်ကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ စပါးနောက်ခံလူ ခရစ္စတီယန် ရိုမဲရိုကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး လျှော့ချနိုင်ဖို့ အတွက် အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေကို အလဲအထပ်လုပ်ဖို့ အသင့်ရှိနေပါတယ်။ အဆိုပါ အလဲထပ် လုပ်မယ့်သူတွေထဲမှာ ဗဟိုနောက်ခံလူ ရော်နယ် အာရူဟို လည်း ပါဝင်နိုင်ခြေ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


