နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ချန်ပီယံလိဂ် ဝင်ခွင့်က ပက်ဇ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ကိုမို ဥက္ကဋ္ဌ ဆို | စီးရီးအေ

ကိုမို အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခြင်း၊ မရရှိခြင်းဟာ ကွင်းလယ်လူ နီကို ပက်ဇ်ရဲ့ အနာဂတ် အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း ကလပ် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ နီကို ပက်ဇ်ဟာ စီးရီးအေ ကလပ် ကိုမိုမှာ အထူးခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ရာသီ သူ အသင်းမှာ ဆက်ရှိမလား ဆိုတာ ကတော့ နည်းပြ ဆက်စ် ဖာဘရီဂတ်စ်ရဲ့ အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရမရ ဆိုတဲ့ အချက် အပေါ် မူတည်နေခြင်းတော့ မဟုတ်ပါဘူး။

ဒါဟာ ကိုမိုရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မာဝမ် ဆူဝါဆိုရဲ့ ပြောကြားချက်အရ သိရတာ ဖြစ်ပြီး ပက်ဇ်ရဲ့ အနာဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်း အပေါ် မှာသာ လုံးဝ မူတည်နေတာ ဖြစ်ပါတယ်။ လက်ရှိ စီးရီးအေ ပြိုင်ပွဲ ရာသီပိတ်ဖို့ ၂ ပွဲအလိုမှာ ကိုမို အသင်းဟာ အဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် ကိုတော့ အသေအချာ ရရှိထားပြီး ဖြစ်ပေမယ့် အဆင့် (၄) နေရာက အေစီမီလန်နဲ့ ၂ မှတ်သာ ကွာဟတော့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ မျှော်လင့်ချက် ရှိနေတာပါ။

ပက်ဇ်ဟာ ၂၀၂၄ ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ် ကနေ ကိုမို အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ဖာဘရီဂတ်စ်ရဲ့ လူစာရင်းထဲမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံး (၁၂ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး၊ စုစုပေါင်း ၁၈ ဂိုး) ပြုလုပ်ထားသလို ဂိုးသွင်းခွင့် ဖန်တီးမှု ၅၁ ကြိမ် အထိ ပြုလုပ်ပေးထားပြီး အသင်းကို ဦးဆောင်နေပါတယ်။

ဒီအာဂျင်တီးနား လူငယ် ကြယ်ပွင့်ဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြန်လည် ရောက်ရှိဖို့ များနေပြီး စပိန် ဘီလူးကြီး ရီးရဲလ်မက်ဒရစ် အနေနဲ့ သူတို့ရဲ့ အရင်စာချုပ်ပါ ပြန်လည် ဝယ်ယူခွင့် (Buy-back clause) ကို အသက်သွင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌ ဆူဝါဆိုကတော့ ကိုမို အသင်း အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင်တောင် အသက် ၂၁ နှစ် အရွယ် ကွင်းလယ်လူကို ဆက်ထိန်းထားနိုင်ဖို့ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ “မဟုတ်ပါဘူး၊ အရာအားလုံးက ရီးရဲလ်မက်ဒရစ် အသင်း အပေါ်မှာပဲ မူတည်နေတာပါ” လို့ ဆူဝါဆိုက Gazzetta သတင်းစာကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း နည်းပြ ဖာဘရီဂတ်စ် ကတော့ ပက်ဇ်ကို သူ့ရဲ့ သားအရင်း တစ်ယောက်လို သဘောထားပြီး ကိုမို အသင်းမှာ နောက်ထပ်တစ်နှစ် ဆက်နေတာကသာ ကစားသမားရဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် အကောင်းဆုံး လမ်းကြောင်း ဖြစ်လိမ့်မယ်လို့ ခံစားနေရပါတယ်။

ပြီးခဲ့တဲ့ ရာသီအစ ကတည်းက ရေတွက်ရင် ပက်ဇ်ဟာ စီးရီးအေ ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၃၂ ကြိမ် အထိ ရှိခဲ့ပြီး ဒါဟာ ပြိုင်ပွဲ တစ်ခုလုံးမှာ ပဉ္စမမြောက် အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။
စီးရီးအေ ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၃၂ ကြိမ် အထိ ရှိထားတဲ့ နီကို ပက်ဇ်

“နီကို ပက်ဇ်က ကျွန်တော့် သားလေးလိုပါပဲ” လို့ ဖာဘရီဂတ်စ်က Partidazo COPE သို့ ပြောကြားခဲ့ပါတယ်။ “ကိုမိုမှာ နောက်ထပ် တစ်နှစ် ထပ်ကစားတာက သူ့ အတွက် အများကြီး ကောင်းမွန်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ မဆွေးနွေးရသေးပါဘူး။” လို့ စပိန်သား နည်းပြက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရာသီအစ ကတည်းက ရေတွက်ရင် ပက်ဇ်ဟာ စီးရီးအေ ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၃၂ ကြိမ် အထိ ရှိခဲ့ပြီး ဒါဟာ ပြိုင်ပွဲ တစ်ခုလုံးမှာ ပဉ္စမမြောက် အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။ ပက်ဇ်ရဲ့ အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌ ဆူဝါဆို အနေနဲ့ လာမယ့်နွေရာသီမှာ စီးရီးအေ ကလပ်ဟာ အသင်းရဲ့ လူစာရင်းကို ထပ်မံ ဖြည့်တင်းရမယ်ဆိုတာ သိထားပါတယ်။ “ကျွန်တော် တို့မှာ ခိုင်မာတဲ့ အသင်းပုံစံ ရှိပြီးသား ဖြစ်သလို အသင်းရဲ့ အဓိကကျတဲ့ ပင်မ ကစားသမား အစုအဖွဲ့ ကလည်း ရှိနေပါပြီ။ အငှားချထားရာ ကနေ ပြန်လာမယ့် ကစားသမား ၂၃ ယောက် ရှိနေတာကြောင့် ကျွန်တော် တို့ရဲ့ အပြောင်းအရွှေ့တွေကို ရေရှည် တည်တံ့ခိုင်မြဲအောင် လုပ်နိုင်ဖို့ အကောင်းဆုံး အဖြေကို ရှာဖွေရမှာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က ငွေတွေကို ဘယ်လောက်အထိ အသုံးချမလဲ ဆိုတာထက် ကလပ် အသင်းကို အကျိုးအမြတ်ရရှိပြီး ရေရှည်ရပ်တည်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာအောင် လုပ်ဖို့ပါ။ လာမယ့် နှစ်နှစ်၊ သုံးနှစ် အတွင်းမှာ ဒီပန်းတိုင်ကို အရောက် လှမ်းဖို့ ရည်မှန်းထားပါတယ်။” လို့ ဆူဝါဆိုက ပြောပါတယ်။

ဆူဝါဆိုဟာ ကိုမို အသင်းရဲ့ လူစာရင်းထဲမှာ အီတလီ ပြည်တွင်းဖြစ် ကစားသမား အရေအတွက်ကို ပိုမို တိုးမြှင့်လိုနေပေမယ့်လည်း အီတလီ ကစားသမားတွေရဲ့ ဈေးနှုန်းက အလွန် ကြီးမားလွန်းနေတာကို စိုးရိမ်နေပါတယ်။

“ကျွန်တော်တို့ အီတလီ ကစားသမားတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ ကျွန်တော် တို့ရဲ့ ပထမဆုံး စီးရီးအေ ရာသီမှာတင် ပြည်တွင်း ကစားသမား ၄ ယောက် ဝယ်ယူခဲ့ပါတယ်။ ပြဿနာက သူတို့က ဈေးကြီးလွန်းတဲ့ အပြင် ပြောင်းရွှေ့ကြေးကို အရစ်ကျစနစ်နဲ့ ပေးချေလို့ မရတာပါပဲ။ လတ်တလောမှာတော့ ပထမ အသင်းကြီးဆီ တက်လှမ်းလာနိုင်မယ့် အီတလီ လူငယ်ကစားသမား ၄၊ ၅ ယောက်လောက်ကို ပျိုးထောင်ပေးနေပါတယ်။ ကျွန်တော် သူတို့ထဲက အများစုကို သဘောကျပေမယ့် လက်ရှိ ဈေးကွက်ထဲက ကစားသမားတွေ ကိုတော့ ငွေကြေးအရ မတတ်နိုင်သေးပါဘူး။” လို့ ဆူဝါဆိုက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်