နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပူလီဆစ်ခ်ကို ထိလို့မရတဲ့ ကစားသမား အဖြစ် သတ်မှတ်လိုက်တဲ့ အေစီမီလန် | စီးရီးအေ

အမေရိကန် လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ်ခ် ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စားမှု မြင့်တက်လာနေပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ ကလပ် အေစီမီလန် ကတော့ သူတို့ အတွက် အရေးပါတဲ့ ကစားသမားကို လုံးဝ လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပဖို့ ၆ လသာ လိုတော့တဲ့ အချိန်မှာ ပူလီဆစ်ခ် အနေနဲ့ ၎င်းရဲ့ ကစားသမားဘဝ တစ်လျှောက် အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးက ဒီရာသီ စီးရီးအေမှာ အေစီမီလန် အတွက် ၁၄ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူထားကာ ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှု အတွက် ဒုတိယနေရာမှာ ရှိနေပါတယ်။

၂၀၂၇ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပူလီဆစ်ခ်က စီးရီးအေ ကလပ်နဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်စလုံး ကတော့ စာချုပ်သစ် အတွက် ညှိနှိုင်းလို့ မရသေးပဲ ဒီအခြေအနေ ကပဲ တခြားသော ကလပ်တွေ အတွက် ဒီကစားသမားကို ခေါ်ယူဖို့ မျှော်လင့်ချက် ရှိနေစေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဖာဘရီဇီယို ရိုမာနိုရဲ့ Men in Blazers podcast အစီအစဉ်မှာ ပြောကြားချက်အရ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ပူလီဆစ်ခ်တို့ အကြား ခိုင်မာတဲ့ ဆက်သွယ်မှုတွေ ဒါမှမဟုတ် ညှိနှိုင်းမှုတွေ မရှိကြောင်း အတည်ပြုထားပါတယ်။ စီးရီးအေ ကလပ်က လက်ရှိမှာ သူတို့ရဲ့ တိုက်စစ်မှူးကို လုံးဝ ထိတွေ့လို့ မရတဲ့ ကစားသမား အဖြစ် ရှုမြင်ထားပါတယ်။

စီးရီးအေ ကလပ်က လက်ရှိမှာ သူတို့ရဲ့ တိုက်စစ်မှူးကို လုံးဝ ထိတွေ့လို့ မရတဲ့ ကစားသမား အဖြစ် ရှုမြင်ထားပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ခရစ္စတီယန် ပူလီဆစ်ခ်

အမေရိကန် အသင်းခေါင်းဆောင် ကတော့ ချဲလ်ဆီး ကနေ ထွက်ခွာလာပြီး ၃ နှစ် အကြာမှာ မန်ချက်စတာယူနိုက်တက်ဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ မကြာသေးခင်က ချိတ်ဆက်ခံခဲ့ရပါတယ်။ ပူလီဆစ်ခ်ဟာ ခြင်္သေ့ပြာတွေ အတွက် ၁၄၅ ပွဲ ကစားခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပထမဦးဆုံး အမေရိကန် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူပါ။ တစ်ဖက်မှာလည်း ပူလီဆစ်ခ်က ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ စိတ်ဝင်စားမှု ကိုလည်း ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပူလီဆစ်ခ်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ တွဲဖက် ကစားခွင့် အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မီလန်မှာပဲ ဆက်နေခဲ့ပါတယ်။

ဆက်စပ် သတင်းတွေအရ အေစီမီလန် ကတော့ ဖလူမီနိစ်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ဘရာဇီးလ် နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ၆ လစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားက ၂၀၂၂ ဒီဇင်ဘာ နောက်ပိုင်း ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံရခြင်း မရှိတော့ပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရွေးချယ်ခံရဖို့ မျှော်လင့်နေပြီး အဲဒီအတွက် ဥရောပမှာ ပြန်ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါကြောင့် သီယာဂို ဆေးလ်ဗားက ဘရာဇီးလ်လိဂ် ပြိုင်ပွဲ အဆုံးသတ်သွားချိန်မှာ ဖလူမီးနိစ်နဲ့ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ သီယာဂို ဆေးလ်ဗားဟာ ဖလူမိနိစ်မှာ ခြေစွမ်းပြနိုင်ဆဲ ဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ကလပ် တော်တော်များများ ရှိနေကြောင်းနဲ့ ဒီထဲမှာ အသင်းဟောင်း ချဲလ်ဆီးလည်း ပါဝင်နေကြောင်း သတင်းထွက်နေပါတယ်။

ထိပ်တန်း ကစားသမားတွေကို ကာလတို စာချုပ်နဲ့ ခေါ်ယူလေ့ ရှိတဲ့ အေစီမီလန် ကတော့ သီယာဂို ဆေးလ်ဗား ကစားခဲ့ဖူးတဲ့ အသင်းဟောင်းလည်း ဖြစ်နေတာကြောင့် အလားအလာ ပိုကောင်းနေတယ်လို့ သိရပါတယ်။ သီယာဂို ဆေးလ်ဗားကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်က ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ် တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်