၂၀၂၆ ခုနှစ်ရဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးက အာဆင်နယ်ကို နီကို အိုရွိုင်လီရဲ့ ခေါင်းတိုက် သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ အာဆင်နယ် အတွက်တော့ ၂၀၂၀ ခုနှစ် နောက်ပိုင်း ပထမဆုံး ဆုဖလား မျှော်လင့်ချက်နဲ့ တစ်ရာသီ အတွင်း ဖလား ၄ လုံး (Quadruple) ဆွတ်ခူးမယ့် အိပ်မက်တွေ ဝင်ဘလေမှာပဲ ပျက်စီးခဲ့ရပါတယ်။
မန်ချက်စတာစီးတီးရဲ့ ဝင်ဘလေ အောင်ပွဲဟာ နည်းပြ ပက် ဂွါဒီယိုလာအတွက် သမိုင်းသစ် စိုက်ထူနိုင်ခဲ့တဲ့ ညတစ်ည ဖြစ်ခဲ့သလို လူငယ် ကြယ်ပွင့် နီကို အိုရွိုင်လီ အတွက်လည်း မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ သမိုင်းသစ်နဲ့ အိုရွိုင်လီရဲ့ မှတ်တမ်းကောင်းများ
ပပ် ဂွါဒီယိုလာဟာ အဲလက်စ် ဖာဂူဆန်နဲ့ ဟိုဆေး မော်ရင်ဟိုတို့ကို ကျော်ဖြတ်ပြီး ခရာဘောင်ဖလား သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မန်စီးတီး လူငယ်လေး အိုရွိုင်လီဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၂ ဂိုးစီ သွင်းယူနိုင်ခဲ့တာ ၂ ကြိမ် ရှိလာပါပြီ။ သူဟာ စီနီယာ ကစားသမားဘဝ ပထမဆုံးပွဲ ၅၉ ပွဲမှာ ၁ ကြိမ်သာ ၂ ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်လို့ အခု နောက်ပိုင်း ဂိုးသွင်းခြေ သိသိသာသာ တက်လာတာကို တွေ့ရပါတယ်။

အသက် ၂၁ နှစ်နဲ့ ၁ ရက်သားမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုရွိုင်လီဟာ ခရာဘောင်ဖလား ဗိုလ်လုပွဲ သမိုင်းမှာ ၂ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။ တခြားမှတ်တမ်းတွေအရ သူဟာ ၂၀၁၂ ခုနှစ်က ဂျိုး မေဆင် နောက်ပိုင်း ခရာဘောင် ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်သလို၊ မန်စီးတီးအသင်း သမိုင်းမှာတော့ ၁၉၇၆ ခုနှစ်က ပီတာ ဘန်းစ် နောက်ပိုင်း ဗိုလ်လုပွဲမှာ ဂိုးသွင်းတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။
မန်စီးတီးဟာ သူတို့ တက်ရောက်ခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ၁၀ ကြိမ်မှာ ၉ ကြိမ် အထိ ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဝုဗ် အသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ဗိုလ်လုပွဲ ၈ ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
၁။ အရန် ဂိုးသမား နှစ်ဦးရဲ့ ကွာခြားချက်
အာတေးတားရော ဂွါဒီယိုလာပါ ပုံမှန် ပွဲထွက် ဂိုးသမားတွေ ဖြစ်တဲ့ ဒါးဗစ် ရာယာနဲ့ ဒွန်နာရမ်းမားတို့ အစား ပြိုင်ပွဲ တစ်လျှောက်လုံး အသုံးပြုခဲ့တဲ့ အရန် ဂိုးသမားတွေ ကိုပဲ ဆက်လက် ယုံကြည်ခဲ့ကြပါတယ်။ အာဆင်နယ်ဂိုးသမား ကီပါ အရစ်ဇာဘလာဂါ အတွက်တော့ ဒီပွဲဟာ အိပ်မက်ဆိုး တစ်ခုလိုပါပဲ။ ရေယန် ချာကီရဲ့ ဖြတ်တင်ဘောကို ဖမ်းယူပုံ မှားယွင်းခဲ့ရာ ကနေ မန်စီးတီးရဲ့ ပထမဂိုးကို ပေးလိုက်ရပါတယ်။ ပွဲစဉ် တစ်လျှောက်လုံး မှာလည်း တည်ငြိမ်မှု မရှိဘဲ ဘောလုံးကို အချိန်ဆွဲတာ၊ ဆုံးဖြတ်ချက် မှားပြီး ဂျရယ်မီ ဒိုကုကို ဆွဲတာကြောင့် အဝါကတ် ပြသခံရတာမျိုးတွေ ရှိခဲ့ပါတယ်။ နောက်ပြီး ကီပါဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ဆိုရင် ကံမကောင်းတတ်တဲ့ ဂိုးသမား အဖြစ် ဆက်လက် သတ်မှတ်ခံလိုက်ရပြီလည်း ဖြစ်ပါတယ်။ မန်စီးတီး ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကတော့ ကီပါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူ့ အနေနဲ့ အလုပ်သိပ်မရှုပ်ခဲ့ပေမဲ့ ပွဲအစပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ၃ ကြိမ်ဆက် ကာကွယ်မှု (Triple save) ဟာ အသင်း အတွက် အလွန် အရေးပါခဲ့ပါတယ်။
၂။ ဂွါဒီယိုလာ အတွက် ဒီဖလားက ဘယ်လောက်အထိ အရေးပါသလဲ
ပပ် ဂွါဒီယိုလာဟာ အင်္ဂလန် ပြည်တွင်းဖလားတွေကို အမြဲတမ်း တန်ဖိုးထားသူပါ။ ခရာဘောင်ဖလား အောင်မြင်မှုဟာ သူ မန်စီးတီးကို စတင်ကိုင်တွယ်စဉ် ၂၀၁၈ ခုနှစ်က ပထမဆုံး ရခဲ့တဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ အခု ၈ နှစ် အကြာမှာ ရရှိတဲ့ ဒီဖလားဟာ ရာသီကုန်မှာ သူ အသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကြားထဲမှာ နောက်ဆုံး ရရှိတဲ့ အောင်မြင်မှုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ဂိုးရချိန်မှာ ပပ် ဂွါဒီယိုလာ တစ်ယောက် မော်ရင်ညိုလိုမျိုး ကွင်းဘေးမှာ ပျော်ရွှင်စွာ အောင်ပွဲခံနေတာကို မြင်တွေ့ခဲ့ရပါတယ်။
၃။ ကစားကွက် ဖန်တီးရှင် မရှိတဲ့ အာဆင်နယ်ရဲ့ အခက်အခဲ
အာဆင်နယ်ဟာ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ တည်ကန်ဘောတွေ ကိုပဲ အားကိုးတယ်လို့ ဝေဖန်ခံရလေ့ ရှိပါတယ်။ ဒီပွဲ မှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာတင် အိုဒီဂတ် နဲ့ အီဘာရီချီ အက်ဇေးတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်မှာ အာဆင်နယ်ရဲ့ တိုက်စစ်ဟာ လမ်းကြောင်း ပျောက်သွားခဲ့ပါတယ်။ ကိုင် ဟာဗက်ဇ်နဲ့ ဗစ်တာ ယောကရက်စ် တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက် ကိုပဲ အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးက ဒါကို အကောင်းဆုံး ထိန်းချုပ်နိုင်သွားတဲ့ အခါ မှာတော့ အာဆင်နယ်တို့ တီထွင်ဖန်တီးမှု ကင်းမဲ့ပြီး ဂိုးမရနိုင်တော့ဘဲ အရှုံးပေးခဲ့ရပါတယ်။
၄။ မန်စီးတီး အတွက် ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်း ပြန်ပွင့်သွားမလား
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်က ၉ မှတ် အကွာနဲ့ ဦးဆောင်နေပေမယ့် ဒီပွဲရလဒ်ကြောင့် ချန်ပီယံဆု အတွက် စိုးရိမ်စရာ ရှိလာနိုင်ပါတယ်။ မန်စီးတီးဟာ ၂၀၂၃ နောက်ပိုင်း အာဆင်နယ်ကို ပထမဆုံးအကြိမ် ပြန်လည် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပြီး လာမယ့်လ မှာလည်း အက်တီဟတ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံရဖို့ ရှိနေပါတယ်။ မန်စီးတီးမှာ ကစားဖို့ ၁ ပွဲ ပိုကျန်နေသေးတာကြောင့် အာဆင်နယ် အနေနဲ့ ဒီရှုံးပွဲကြောင့် စိတ်ဓာတ်ကျပြီး ရာသီကုန်မှာ အမှတ်တွေ လျော့မသွားဖို့ သတိထားရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


