ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်ရဲ့ ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန် ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုဖို့ စီစဉ်နေပါတယ်။ အဆိုပါ အင်္ဂလန် လက်ရွေးစင် ကစားသမားကို အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ်တို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။
အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ စာချုပ်သစ်မချုပ်ဆိုသေးတဲ့ ဘရက်ဒ်လေ ဘာကိုလာရဲ့ နေရာမှာ အစားထိုးဖို့ မာတင်နယ်လီကို ပစ်မှတ်ထားနေတာပါ။
လစ်ဗာပူးလ် အသင်းဟာ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘက်ချ်ကို ရောင်းချမှာ မဟုတ်ပါဘူး။ ဒါကြောင့် လစ်ဗာပူးလ်ဟာ ပေါင် ၁၄၈.၁ သန်း/ ယူရို ၁၇၀ သန်း သတ်မှတ်ပြီး တရားဝင် အသိပေးလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အက်ဒူယာဒို ကာမာဗင်ဂါ ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ထူးခြားတာက ပြိုင်ဘက် ဘာစီလိုနာ အသင်း ကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ကိုဗင်ထရီစီးတီး အသင်းဟာ လစ်ဗာပူးလ် အသင်းရဲ့ လူငယ်တွေ ဖြစ်တဲ့ ဟာဗေး အဲလီယော့တ်နဲ့ ကာတစ် ဂျုံးစ် တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီ ကွင်းလယ် အင်အားဖြည့်မှု အတွက် နော့တင်ဟမ်ဖောရက်စ်က အီလီယတ် အန်ဒါဆန် ကို နံပါတ်တစ် ဦးစားပေး အဖြစ် သတ်မှတ်ထားပါတယ်။ ဘတ်ဂျက်ပိုလျှံပါက ခရစ္စတယ်ပဲလေ့စ်က အာဒမ် ဝါတန် နဲ့ ဘုန်းမောက်က အဲလက်စ် စကော့တ် တို့ကိုလည်း ထည့်သွင်း စဉ်းစားနေပါတယ်။
ဂီရိုနာ အသင်းရဲ့ ခြေစွမ်းပြ ကွင်းလယ်လူ အာဇတ်ဒင်း အိုနာဟီကို ဘရိုက်တန်နဲ့ အက်စတွန်ဗီလာ တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်း ကစားသမား (၃) ဦးဖြစ်တဲ့ အသင်းခေါင်းဆောင် မော်တန် ဟူးလ်မန်း၊ နောက်ခံလူ အော့စ်မန် ဒီယိုမန်ဒီနဲ့ လူငယ်နောက်ခံလူ အိုင်ဗင် ဖရက်စနေးဒါး တို့ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်ထားပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာ အတွက် ဥရောပကလပ်တွေ ဆီက ကမ်းလှမ်းမှု တစ်ခုမှ မရှိသေးတာကြောင့် ရီးရဲလ်မက်ဒရစ် ဘက်က အံ့အားသင့်နေပါတယ်။ အထူးသဖြင့် ချဲလ်ဆီးက သူ့ကို ခေါ်ယူဖို့ ငြင်းဆန်လိုက်တာက မက်ဒရစ်ကို တုန်လှုပ်စေခဲ့ပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ဟာ ဂျူဗင်တပ်စ် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ စာချုပ်ကုန်ဆုံးတော့မယ့် သူ့ကို အေစီမီလန် ကလည်း စောင့်ကြည့်နေပါတယ်။
ဘာစီလိုနာနဲ့ မန်ချက်စတာစီးတီး တို့ဟာ ပါလ်မီးရပ်စ် အသင်းရဲ့ အသက် (၁၆) နှစ် အရွယ် ပါရမီရှင် လူငယ် အက်ဒူယာဒို ကွန်စီကာအို ကို အပြိုင် ခေါ်ယူချင်နေကြပြီး သူ့ရဲ့ တန်ကြေးဟာ ပေါင် ၈၇.၁ သန်း အထိ ရှိနေပါတယ်။
မထင်မှတ်ထားတဲ့ အပြောင်းအလဲ အနေနဲ့ ဘာစီလိုနာဟာ လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တန်းဆင်းရတော့မယ့် ဘန်လေ တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


