ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အမော်ရင်ကတော့အက်စတွန်ဗီလာဆီအငှားချထားတဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအပြီးသတ်ရောင်းထုတ်ချင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်ဒီကစားသမားနေရာမှာအစားထိုးဖို့အတွက်သူ့ရဲ့အသင်းဟောင်းစပိုတင်းလစ္စဘွန်းကပေါ်တူဂီတိုက်စစ်ကစားသမားဖရန်ဆက်စ်ကိုထရင်ကာအိုကိုမျက်စိကျနေကြောင်းသတင်းတွေကဖော်ပြပါတယ်။
ထရင်ကာအိုဟာ၂၀၂၀ခုနှစ်မှာပေါ်တူဂီကလပ်ဘရာဂါကနေဘာစီလိုနာကိုပြောင်းရွှေ့ကစားခဲ့ပေမယ့်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့်ဝုဗ်နဲ့စပို့တင်းလစ္စဘွန်းတို့မှာအငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။၂၀၂၃ခုနှစ်မှာတော့စပိုတင်းလစ္စဘွန်းကအပြီးသတ်နဲ့ခေါ်ယူခဲ့ပြီးတော့လက်ရှိမှာလည်းထရင်ကာအိုကပေါ်တူဂီကလပ်အတွက်ခြေစွမ်းပြနေသလိုဒိန်းမတ်နဲ့ကစားခဲ့တဲ့နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဒုတိယကျော့မှာလည်းပေါ်တူဂီအတွက်နောက်တစ်ဆင့်တက်ရေးအရေးပါတဲ့သွင်းဂိုး၂ဂိုးကိုသွင်းယူပေးခဲ့ပါသေးတယ်။
ဒီလိုအကောင်းပုံစံပြန်ရနေတဲ့ထရက်ကာအိုကိုယူနိုက်တက်အပါအဝင်နယူးကာဆယ်နဲ့အာဆင်နယ်တို့လိုပရီးမီးယားလိဂ်ကလပ်တွေကလည်းစိတ်ဝင်စားနေကြပါတယ်။ဒါ့အပြင်ထရင်ကာအိုရဲ့ဘာစီလိုနာကလည်းပြန်လည်ခေါ်ယူချင်နေပြီးတော့လာလီဂါကလပ်သာထရင်ကာအိုကိုပြန်လည်ခေါ်ယူမယ်ဆိုရင်တော့ Buy Back အရပေါင်သန်း၂၀တည်းနဲ့ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်အတွင်းမှာအသင်းကတောင်ပံကစားသမားတွေဖြစ်တဲ့ဂျေဒန်ဆန်ချို၊အန်တိုနီနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကိုချဲလ်ဆီး၊ရီးရဲလ်ဘက်တစ်နဲ့အက်စတွန်ဗီလာအသင်းတွေဆီအငှားချခဲ့ပြီးလာမယ့်နွေရာသီမှာလည်းဒီကစားသမား၃ဦးစလုံးကိုအသင်းကနေအပြီးသတ်ရောင်းထုတ်သွားဖို့လည်းစီစဉ်နေပါတယ်။ဒီကစားသမားတွေကိုရောင်းချပြီးရင်တော့သူတို့နေရာအတွက်အစားထိုးအင်အားဖြည့်တင်းမှုတွေပြန်လည်ပြုလုပ်ရဖို့ရှိနေပြီးလက်ရှိမှာတော့အသက်၂၅နှစ်အရွယ်ဘာစီလိုနာကစားသမားဟောင်းထရင်ကာအိုကိုတော်တော်လေးမျက်စိကျနေပါတယ်။ထရင်ကာအိုဟာညာတောင်ပံမှာသာမကဘယ်ခြမ်းမှာရောနောက်ချန်တိုက်စစ်နေရာစုံမှာကစားနိုင်တာကြောင့်ယူနိုက်တက်တို့သဘောကျနေတာမထူးဆန်းပါဘူး။
နည်းပြရူဘင်အမော်ရင်ကိုယ်တိုင်ကလည်းစပို့တင်းလစ္စဘွန်းမှာသူနဲ့အတူလက်တွဲခဲ့ဖူးတဲ့တပည့်ဟောင်းထရင်ကာအိုကိုယူနိုက်တက်ဆီခေါ်ယူဖို့ဆွဲဆောင်နိုင်မယ်လို့ယုံကြည်ထားပါတယ်။ဒါ့အပြင်ထရင်ကာအိုကလည်းစပိုတင်းလစ္စဘွန်းနဲ့၂၀၂၆ခုနှစ်ဇွန်လအထိသာစာချုပ်သက်တမ်းကျန်ရှိနေတော့တာဖြစ်လို့၂၀၂၅ခုနှစ်နွေရာသီမှာပဲအသင်းကနေရောင်းထုတ်သွားဖွယ်လည်းရှိနေပါတယ်။
ဒါကြောင့်ပေါ်တူဂီသားထရင်ကာအိုအနေနဲ့အသင်းဟောင်းရှိရာကတ်တာလန်ကိုပဲပြန်သွားမလား၊ဒါမှမဟုတ်သူအတွေ့အကြုံတွေရခဲ့တဲ့ပရီးမီးယားလိဂ်ဆီပဲပြန်သွားမလားဆိုတာမကြာခင်မှာသိရတော့မှာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.