နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တန်းဆင်းဇုန် ဖိအားတွေအောက် ရောက်နေတဲ့ စပါးက နည်းပြ သောမက်စ် ဖရန့်ခ်ကို ထုတ်ပယ် | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့ရဲ့ နည်းပြ ဖြစ်တဲ့ သောမတ်စ် ဖရန့်ခ်ကို ဒီကနေ့ နေ့လည်ကပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ စပါးဟာ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဖရန့်ခ်ကို ရာထူး ကနေ ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီပွဲ အပြီးမှာ သောမက်စ် ဖရန့်ခ်က သူဟာ စပါး အတွက် “၁၀၀၀ ရာခိုင်နှုန်း” သင့်တော်တဲ့သူ ဖြစ်ပြီး ရာထူးမှာ ဆက်ရှိနေမယ်လို့ အခိုင်အမာ ပြောကြားခဲ့သေးတာပါ။ ဒါပေမယ့်လည်း ကလပ် အသင်း ဘက်ကတော့ သူ့ကို ချက်ချင်း ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ စပါးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “သောမတ်စ်ကို ၂၀၂၅ ဇွန်လမှာ ခန့်အပ်ခဲ့တာ ဖြစ်ပြီး အနာဂတ် အတွက် အတူတူ တည်ဆောက်နိုင်ဖို့ အချိန်နဲ့ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်တွေနဲ့ ကစားပုံတွေကြောင့် အခုအချိန်မှာ အပြောင်းအလဲ တစ်ခု လုပ်ဖို့ လိုအပ်ပြီလို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။” လို့ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် စပါးဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၁၆) နေရာကို ရောက်ရှိသွားပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟပါတော့တယ်။ ရာသီကုန်ဖို့ ၁၂ ပွဲ အလိုမှာ အခုလို အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ မှာတော့ အာဆင်နယ်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။

 

ပရိသတ်တွေရဲ့ ဒေါသကြောင့် မြန်ဆန်သွားတဲ့ ဆုံးဖြတ်ချက်

နယူးကာဆယ်နဲ့ ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေက ကွင်းလုံးပြည့် ဆူညံခဲ့ပါတယ်။ ဒိန်းမတ် လူမျိုး နည်းပြ သောမက်စ် ဖရန့်ခ်ဟာ စပါးကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၂၆ ပွဲမှာ ၇ ပွဲသာ အနိုင်ရခဲ့တာကြောင့် တန်းဆင်းရနိုင်တဲ့ အန္တရာယ်ဟာ နောက်ပြောင်မှု မဟုတ်တော့ဘဲ အစစ်အမှန် ဖြစ်လာခဲ့ပါတယ်။ ဖရန့်ခ်က “ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ မဖြစ်ချင်တဲ့ နေရာကို ရောက်နေပြီး ဒါကို ပြောင်းလဲဖို့ နေ့ညမပြတ် ကြိုးစားနေတာပါ။ ဥရောပ ပွဲစဉ်တွေနဲ့ ပရီးမီးယားလိဂ် ကြားမှာ ဟန်ချက်ညီအောင် ထိန်းရတာ ခက်ခဲနေတာဟာ ဒီအသင်းမှာ ပုံမှန်လို ဖြစ်နေခဲ့တာ ၂ နှစ်လောက် ရှိနေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူက ဒဏ်ရာရ ကစားသမား ၁၀ ယောက်ကျော် ရှိနေတဲ့ အခြေအနေ ကိုလည်း အကြောင်းပြချက် အဖြစ် ထည့်သွင်း ပြောဆိုခဲ့ပြီး “နည်းပြ ထုတ်ပယ်တာဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူး ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ အများကြီး ရှိပါတယ်။” လို့ ရာထူးတည်မြဲဖို့ ကြိုးစား တောင်းဆိုခဲ့ပါသေးတယ်။

 

ဖရန့်ခ်ရဲ့ နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲ

လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာတော့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ စပါး

စိတ်ဝင်စားဖို့ ကောင်းတာက စပါး အသင်း သောမက်စ် ဖရန့်ခ်ကို ထုတ်ပယ်လိုက်တဲ့ အချိန်ဟာ သူတို့ အရင်က စိတ်ဝင်စားခဲ့တဲ့ နည်းပြ ရော်ဘတ်တို ဒီဇာဘီ မာဆေးလ် အသင်း ကနေ ထွက်ခွာလိုက်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာဘီကို မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပရိသတ် အများစု ကတော့ အသင်း နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ပိုချက်တီနိုက လက်ရှိမှာ အမေရိကန် လက်ရွေးစင် အသင်းကို ကိုင်တွယ်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလား အထိ စာချုပ်ရှိနေတာကြောင့် သူနဲ့ ပြန်လည် လက်တွဲဖို့ ဆိုရင်တော့ ရာသီကုန်အထိ စောင့်ရမှာ ဖြစ်ပါတယ်။

 

စပါးရဲ့ လာမယ့် ပွဲစဉ်များ

ဒီတော့ တော့တင်ဟမ်ဟော့စပါး အနေနဲ့ အာဆင်နယ်နဲ့ ပွဲမတိုင်ခင် နည်းပြသစ် အမြန်ဆုံး ရှာတွေ့နိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာတော့တာ ဖြစ်ပါတယ်။ စပါးဟာ လာမယ့် ပွဲစဉ် ၅ ပွဲမှာ အာဆင်နယ်၊ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်၊ လစ်ဗာပူးလ်၊ နော့တင်ဟမ်ဖောရက်စ် တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်