နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်းဒါးလန်းကို အနိုင်ရလိုက်တာက ဖူလ်ဟမ်ရဲ့ ဥရောပ မျှော်လင့်ချက် အတွက် အဓိကကျလိမ့်မယ်လို့ ယုံကြည်နေတဲ့ ဆေးလ်ဗား | ပရီးမီးယားလိဂ်

ဖူလ်ဟမ် ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ ဆန်းဒါးလန်းကို ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ဒီနိုင်ပွဲဟာ ဖူလ်ဟမ်ရဲ့ ဥရောပ ဝင်ခွင့် မျှော်လင့်ချက် အတွက် အဓိက သော့ချက် ဖြစ်လာလိမ့်မယ်လို့ နည်းပြ မာကို ဆေးလ်ဗားက ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားမှုကို ဆန်းဒါးလန်းကို အနိုင်ရရှိမှုနဲ့ အဆုံးသတ်လိုက်ပြီး အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အလင်းရောင်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဖူလ်ဟမ် အတွက် ဂိုးတွေ ကိုတော့ တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ်နဲ့ အဲလက်စ် အီဝိုဘီ တို့က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစမှာ နှစ်ဖက်စလုံး တစ်ဖက် အမှား တစ်ဖက် စောင့်ကာ ကစားခဲ့ကြပေမယ့် ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာ ဟင်မီနက်ဇ်က ဖူလ်ဟမ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၇ မိနစ် အကြာမှာပဲ ဟင်မီနက်ဇ် ကပဲ ပင်နယ်တီကနေ တဆင့် ဒုတိယဂိုး ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ဆန်းဒါးလန်း အတွက် အန်ဇို လီဖီးက ပင်နယ်တီ ကနေ ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် ပွဲပြီးခါနီး ၅ မိနစ် အလိုမှာ အဲလက်စ် အီဝိုဘီက တတိယဂိုး သွင်းယူပြီး ဖူလ်ဟမ်အတွက် အနိုင် သေချာစေခဲ့ပါတယ်။ ဒါဟာ ဖူလ်ဟမ် အတွက် ၂၀၀၂-၀၃ ရာသီနောက်ပိုင်း ဆန်းဒါးလန်းကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ပထမဆုံး အကြိမ် ပြန်လည် အနိုင်ရရှိခြင်းလည်း ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အီဝိုဘီဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ကွင်းလယ် အနိမ့်ပိုင်း အထိ ဆင်းကစားလာခဲ့ပြီး ဖူလ်ဟမ်ရဲ့ ကစားကွက်ကို နောက်ကနေ ထိန်းကျောင်း မောင်းနှင်ပေးနေပါတယ်။ တနင်္ဂနွေနေ့ကပွဲမှာလည်း သူဟာ အဲဒီအတိုင်းပဲ စွမ်းဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင်ဟာ အနိုင်ဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သလို တစ်ပွဲလုံးမှာ ဂိုးရနိုင်မယ့် အခွင့်အရေး (၃) ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပြီး ဒါဟာ ကစားသမား အားလုံးထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အီဝိုဘီရဲ့ သွင်းဂိုးကို ဟယ်ရီ ဝီလ်ဆင်က ဖန်တီးပေးခဲ့တာပါ။ နိုဝင်ဘာလဆန်းပိုင်းက စလို့ ပရီးမီးယားလိဂ်မှာ အာလင်း ဟာလန်း (ဂိုးပါဝင် ပတ်သက်မှု ၁၇ ကြိမ်) နဲ့ ဘရူနို ဖာနန်ဒက်စ် (၁၅ ကြိမ်) တို့က လွဲရင် ဝေးလ် လက်ရွေးစင် ဝီလ်ဆင်ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများတဲ့သူ မရှိသလောက်ပါပဲ။ ဝီလ်ဆင်ဟာ ဒီကာလအတွင်း သွင်းဂိုး (၇) ဂိုးနဲ့ ဂိုးဖန်တီးမှု (၅) ကြိမ်၊ စုစုပေါင်း (၁၂) ကြိမ်အထိ ပါဝင်ပတ်သက်ထားပါတယ်။

ကြောင်နက်တွေ အတွက်တော့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် အတွင်းမှာ ရုန်းကန်နေရတဲ့ ဆန်းဒါးလန်း

ဒီပွဲမှာ ဖူလ်ဟမ်က မျှော်လင့်ဂိုး (xG) ၁.၈၇ ရှိခဲ့ပြီး ဆန်းဒါးလန်းက ၁.၈၂ ရှိခဲ့သလို နှစ်ဖက်စလုံးက ဂိုးပေါက်ကန်သွင်းမှု (၁၂) ကြိမ်စီ တူညီနေခဲ့တာကြောင့် ဖူလ်ဟမ်ဟာ ရလာတဲ့ အခွင့်အရေးတွေကို ပိုပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မာကို ဆေးလ်ဗားက “ကျွန်တော်တို့ အဆင့်တွေ ပိုတက်ချင်ပါတယ်။ ဒီပွဲက ကျွန်တော်တို့ အတွက် သော့ချက်ပါပဲ။ မတ်လက ကျွန်တော်တို့ အတွက် အရေးကြီးတဲ့လပါ။ ၅ ပွဲ ကစားရမှာ ဖြစ်ပြီး ၄ ပွဲက အိမ်ကွင်းမှာ ကစားရမှာပါ။ အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

 

နည်းပြ ဆေးလ်ဗားရဲ့ အနာဂတ်

ဖူလ်ဟမ်တို့ ရလဒ်ပိုင်း ကျဆင်းနေချိန်မှာ အသက် ၄၈ နှစ် အရွယ် နည်းပြ ဆေးလ်ဗားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။ သူ့ရဲ့ စာချုပ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိသလားလို့ မေးမြန်းရာ မှာတော့ “ဘာမှ မရှိသေးပါဘူး။ ကျွန်တော် ကတော့ အသင်းဘုတ်အဖွဲ့နဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိပါတယ်။ လက်ရှိ အတွက်တင် မဟုတ်ဘဲ အနာဂတ် အတွက်ပါ ကျွန်တော်တို့ အမြဲစဉ်းစား ပြင်ဆင်နေပါတယ်။ ထူးခြားတာ ရှိရင် ကျွန်တော်တို့ အသိပေးပါ့မယ်။” လို့ ဖြေကြားခဲ့ပါတယ်။

 

ဆန်းဒါးလန်းရဲ့ အခြေအနေ

ကြောင်နက်တွေ အတွက်တော့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ပါတယ်။ ဒါဟာ ၂၀၁၆-၂၀၁၇ ရာသီ နောက်ပိုင်း သူတို့အသင်း ပထမဆုံး အကြိမ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အချက်အလက်တွေအရ သူတို့ဟာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးမှာ ၁၈ ပွဲ ကစားလို့ ၄ ပွဲပဲ ရှုံးခဲ့ပေမယ့်၊ ၂၀၂၆ ခုနှစ်ထဲ မှာတော့ ၉ ပွဲ ကစားပြီး ၅ ပွဲ အထိ ရှုံးနိမ့်ထားပြီး ဖြစ်ပါတယ်။

ဆန်းဒါးလန်း နည်းပြ ရက်ဂျစ် လီဘရစ် ကတော့ “ပွဲက မျှတပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တွေမှာ ပြိုင်ဘက်က ပိုကောင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးမပေးရခင်မှာ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အထူးသဖြင့် တည်ကန်ဘော (Set-pieces) တွေကို ကာကွယ်ရာမှာ ကျွန်တော်တို့ အားနည်းခဲ့ပါတယ်။” လို့ ဝန်ခံသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်