နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကို ခြေစွမ်းပြခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက ဘန်လေကို အနိုင်ရဖို့ မလုံလောက်ခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေနဲ့ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ တန်းဆင်းဇုန်ထဲက ဘန်လေကို အနိုင်ကစားဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုး ရှိခဲ့ပေမယ့် နောက်တန်း အမှားတချို့ကြောင့် သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ယာယီ နည်းပြ ဒါရင်း ဖလက်ချာရဲ့ ယူနိုက်တက်က ဒီနေ့ပွဲမှာ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လမ်မန်းစ်၊ ဒါးလော့တ်၊ ဟဲဗန်း၊ မာတီနက်ဇ်၊ ရှော၊ ကက်စ်မဲရိုး၊ အူဂါတေး၊ ဘရူနို ဖာနန်ဒက်ဇ်၊ ကူညာ၊ ဒေါဂူ၊ ဆက်စ်ကို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘန်လေ မှာတော့ ဒဏ်ရာရ ကစားသမားတွေ များပြားနေပေမယ့် အာမန်ဒို ဘရိုဟာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ မက်ဂျ်ဘရီ၊ အက်ဒ်ဝက်ဒ်၊ အူဂိုချူကဝူ၊ အက်စ်တိဗ်၊ လောရန့်တ်၊ ဒူဗရက်ကာ တို့ ပါဝင်လာခဲ့ပါတယ်။

ဒီနေ့ ပွဲရဲ့ အဖွင့်ဂိုး ကိုတော့ ဘန်လေက စတင် ရရှိခဲ့ပြီး အီဒင် ဟဲဗန်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဘန်လေတို့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဘင်ဂျာမင် ဆက်စ်ကိုက ယူနိုက်တက် အတွက် ၂ ဂိုး ဆက်တိုက် ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘန်လေ အတွက် ချေပဂိုး ကိုတော့ ၆၆ မိနစ် အရောက်မှာ အန်တိုနီက သွင်းယူပေးခဲ့ပါတယ်။ အောက်တိုဘာလကတည်းက ဂိုးပေါက် ပျောက်နေတဲ့ ဆက်စ်ကို ကတော့ ဒီနေ့ပွဲမှာ ယူနိုက်တက် အတွက် ခြေစွမ်းပြကာ တိုက်စစ်မှာ ထိထိရောက်ရောက် ကစားသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အဆုံးသတ် တချို့ကို ဒူဗရက်ဗ်ကာနဲ့ ဘန်လေ နောက်တန်းက တားဆီးနိုင်ခဲ့လို့သာ ဆက်စ်ကို အနေနဲ့ သွင်းဂိုး ၂ ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဒဏ်ရာက ပြန်လည် သက်သာလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်လည်း ခြေစွမ်းပြခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်း မိနစ်တွေမှာ ယူနိုက်တက် ဘက်က နိုင်ပွဲ ရရှိဖို့ လူစားလဲကာ ကစားအား တင်ခဲ့ပေမယ့် ဘန်လေက ခံစစ်ကို ပိုမို အားပြု ကစားလိုက်တာကြောင့် ၂-၂ နဲ့သာ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဘန်လေ ဘက်ကို ဂိုးပေါက် ကန်ချက် အကြိမ် ၃၀ အထိ ရှိခဲ့ကာ ဂိုးပေါက် တည့်မှု ကလည်း ၁၀ ကြိမ် ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ် ၃ ပွဲ ဆက်တိုက် သရေကျခဲ့တာကြောင့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဆက်လက် ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၀၉-၁၀ ဘောလုံး ရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး စံချိန်ကို ရရှိထားတာ ဖြစ်ပါတယ်။
ရာသီကုန်မှာ တန်းဆင်းဇုန်ရနိုင်ခြေ များနေတဲ့ ဘန်လေ

ဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် နောက်ဆုံး၃ ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် ပြန်လည် ကစားနိုင်ချိန်မှာ ဆက်စ်ကို ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ပေါ်တူဂီသားက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပြီး တခြားသော ကစားသမားတွေထက် ပိုများနေဆဲ ဖြစ်ပါတယ်။

ဘန်လေဟာ ဒီနေ့ပွဲမှာ စိတ်ဓာတ် ပြင်းပြစွာ ကစားခဲ့ပေမယ့် သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် အခုဆိုရင် နောက်ဆုံး ၁၂ ပွဲ ဆက်တိုက် နိုင်ပွဲ မရတဲ့ စံချိန်ဆိုးကို ဆက်လက် ပိုင်ဆိုင်ထားရပါတယ်။ ဒါဟာ ၂၀၀၉-၁၀ ဘောလုံး ရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး စံချိန်ကို ရရှိထားတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်က ရမှတ် ၃၂ မှတ် နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာနဲ့ ၂ မှတ်သာ ကွာဟနေပါတယ်။ အကယ်၍ ဒီညမှာသာ လစ်ဗာပူးလ်တို့ ရလဒ်မကောင်းခဲ့ရင်တော့ ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ရမှတ်ကွာဟချက်ကို ဆက်လက် နည်းပါးနေစေမှာလည်း ဖြစ်ပါတယ်။ ရလဒ်တွေ ဆိုးရွားနေဆဲ ဘန်လေ ကတော့ ၂၁ ပွဲ ကစားပြီးချိန်မှာ ၁၃ မှတ်သာ စုဆောင်းထားနိုင်တာကြောင့် တန်းဆင်းရနိုင်ခြေ မြင့်မားနေဆဲ ဖြစ်ပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်