ဒီတစ်ခါ ကမ္ဘာ့ဘောလုံးလောကမှာ ဂိုးဖန်တီးမှု ဆိုတဲ့ မှတ်တမ်း အချက်အလက်က ၁၉၉၄ ခုနှစ် အမေရိကန် ကမ္ဘာ့ဖလား ပြိုင်ပွဲကျမှသာ လူသိများ ခေတ်စားလာစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ် မတိုင်ခင်က ဂိုးသွင်းရှင်တွေသာ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့ကြပြီး၊ ကစားသမား တစ်ဦးရဲ့ ဖန်တီးနိုင်စွမ်း ထက်မြက်မှုကို ကိန်းဂဏန်းတွေနဲ့ တိုင်းတာဖို့ ခက်ခဲခဲ့ပါတယ်။ ဒီယေဂို မာရာဒိုနာ၊ ဂျိုဟန် ခရိုက်ဖ် တို့လို သမိုင်းတစ်လျှောက် အကောင်းဆုံး ဖန်တီးရှင်ကြီးတွေ ဟာလည်း ဂိုးသွင်းကောင်းသူတွေ ဖြစ်ကြတာကြောင့်လည်း ပါပါလိမ့်မယ်။ ၁၉၉၂ ခုနှစ် ပရီးမီးယားလိဂ် စတင် တည်ထောင်ချိန်ကတည်းက အင်္ဂလန်မြေဆီကို ထူးချွန် ထက်မြက်တဲ့ ကစားကွက် ဖန်တီးရှင် များစွာ ရောက်ရှိလာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ၂၀၀၃ ခုနှစ်မှာ ဂိုးဖန်တီးမှု စံချိန် မှတ်တမ်းကို အကြိမ် ၂၀ အထိ မြှင့်တင်ခဲ့ပြီးကတည်းက တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု စံချိန်ကို ချိုးဖျက်နိုင်ဖို့က တော်တော်လေး ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။
အခု တစ်ခါမှာတော့ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမား ၉ ဦးက ဘယ်သူတွေလဲ ဆိုတာ ပြောပြပေးသွားပါမယ်။
၉။ ဆက်စ် ဖာဘရီဂတ်စ် – ၁၇ ကြိမ် (၂၀၀၇-၀၈ ရာသီ)
လာမာစီယာ အကယ်ဒမီထွက် ဆက်စ် ဖာဘရီဂတ်စ်က အာဆင်နယ်တို့ အမ်းမရိတ်စ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အချိန်မှာ အသင်းရဲ့ အနာဂတ် မျှော်လင့်ချက် အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။. သူဟာ နည်းပြ အာစင်ဝင်းဂါးရဲ့ လက်အောက်မှာ သီယာရီ အွန်နရီ မရှိတော့တဲ့ အာဆင်နယ်ရဲ့ ဖန်တီးမှု ပင်မ နှလုံးသည်းပွတ် ဖြစ်လာခဲ့ပါတယ်။ အွန်နရီ ဘာစီလိုနာဆီ ပြောင်းရွှေ့သွားပြီး နောက်ရာသီမှာ အသက်အရွယ် ရလာသလို ခြေစွမ်း ရင့်ကျက်လာတဲ့ အာဆင်နယ် ကျောနံပါတ် (၄) ဖာဘရီဂတ်စ်က လိဂ် ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ကာ အသင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီရာသီက အာဆင်နယ်ဟာ ချန်ပီယံ ယူနိုက်တက်ရဲ့ အနောက် ၄ မှတ် အကွာ အဆင့် (၃) နေရာနဲ့သာ ရာသီပိတ်သိမ်းခဲ့ရပါတယ်။
၈။ ဆက်စ် ဖာဘရီဂတ်စ် – ၁၈ ကြိမ် (၂၀၁၄-၁၅ ရာသီ)
၂၀၀၇-၀၈ ရာသီက ခြေစွမ်းပြပြီးနောက် ၇ နှစ် အကြာမှာ ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာ ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး အာဆင်နယ်ရဲ့ လန်ဒန် ပြိုင်ဘက် ချဲလ်ဆီးနဲ့ ပူးပေါင်းခဲ့ပါတယ်။ တချို့သော အာဆင်နယ် ပရိသတ်တွေက သူတို့ တစ်ချိန်က ချစ်မြတ်နိုးခဲ့တဲ့ ကွင်းလယ်လူကို အနောက်လန်ဒန်တွင် အောင်မြင်မှု ရရှိသွားခဲ့တဲ့ အတွက် ယနေ့တိုင် ခွင့်မလွှတ်နိုင်ကြသေးပါဘူး။ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာတဲ့ ဖာဘရီဂတ်စ်က ဝင်းဂါး လက်အောက်မှာနဲ့ မတူဘဲ ကွင်းလယ်အနိမ့်ပိုင်း ကနေ ကွင်းလုံးပြည့် ပေးပို့မှု ပုံစံကို နည်းပြ ဟိုဆေး မော်ရင်ညိုက ကောင်းကောင်း အသုံးချခဲ့ပါတယ်။ သူဟာ ပွဲဦးထွက် ဘန်လေနဲ့ ပွဲမှာတင် အန်ဒရီ ရှာလာ အတွက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးဖန်တီးမှု တစ်ခုကို ပြုလုပ်ခဲ့ပြီး အင်္ဂလန်မြေ တစ်ကျော့ပြန်ရာသီမှာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ရယူပေးနိုင်ခဲ့ပါတယ်။
၇။ ကီဗင် ဒီဘရွန်းနား – ၁၈ ကြိမ် (၂၀၁၆-၁၇ ရာသီ)
ပရီးမီးယားလိဂ် သမိုင်းမှာ ရိုင်ယန် ဂစ်က လွဲလို့ ကီဗင် ဒီဘရွန်းနားထက် ဂိုးဖန်တီးမှု ပိုများသူ မရှိပါဘူး။ ဘယ်လ်ဂျီယံသားက လက်ရှိအချိန်ထိ ဂိုးဖန်တီးမှု ၁၁၇ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ချဲလ်ဆီးမှာ မော်ရင်ညိုရဲ့ ယုံကြည်မှုကို မရရှိခဲ့တဲ့နောက် ဂျာမန်ကလပ် ဝုဖ်ဘတ်မှာ ခြေစွမ်းပြကာ ၂၀၁၅ ခုနှစ်မှာ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ နည်းပြ မန်နျူရယ် ပယ်လီဂရီနီက သူ့ကို အဆင့်မြင့် ကစားသမား အဖြစ် ချီးကျူးခဲ့ပေမယ့်လည်း မန်စီးတီးမှာ ချက်ချင်း အောင်မြင်မှု မရခဲ့ပါဘူး။ နည်းပြ ပပ် ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်မှသာ ဒီဘရိုင်းနားရဲ့ အကောင်းဆုံး ခြေစွမ်း ထွက်ပေါ်လာခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ ပထမဆုံးရာသီ မှာပဲ ဒီဘရွန်းနားက ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီပေးခဲ့ပါတယ်။
၆။ ဖရန့်ခ် လမ်းပတ် – ၁၈ ကြိမ် (၂၀၀၄-၀၅ ရာသီ)
ဂိုးသွင်းကောင်းမှုကြောင့် လူသိများတဲ့ ဖရန့်ခ် လမ်းပတ်ဟာ မော်ရင်ညိုရဲ့ ပထမဆုံး ချဲလ်ဆီး ခေတ်မှာ ထိပ်တန်း ဖန်တီးရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ နည်းပြရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီးနောက် လမ်းပတ်က ၂၀၀၄-၀၅ ရာသီမှာ ချဲလ်ဆီး အသင်းအား ၁၉၅၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်နိုင်အောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ သူဟာ မော်ရင်ညိုရဲ့ ကစားကွက်မှာ အဓိက အသက်သွေးကြောဖြစ်ခဲ့ပြီး ကွင်းလယ် တိုက်စစ်ပိုင်းမှာ အမြဲတမ်း ဂိုးပါဝင်ပတ်သက်မှု ရှိခဲ့ကာ ရာသီပိတ် ပွဲစဉ် မှာလည်း လမ်းပတ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီးတို့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ဒုတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပါတယ်။
၅။ မိုဟာမက် ဆာလာ – ၁၈ ကြိမ် (၂၀၂၄-၂၅ ရာသီ)
ဆာလာက ၂၀၂၄-၂၅ ရာသီမှာ စံချိန်တွေ အဆက်မပြတ် ချိုးဖျက်ခဲ့ပြီး လစ်ဗာပူးလ်နဲ့ အတူ ဒုတိယမြောက် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဆာလာက တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို မချိုးဖျက်နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အတွင်း ဂိုးပါဝင် ပတ်သက်မှု အများဆုံး စံချိန်သစ် (၄၇ ဂိုး) ကိုတော့ စိုက်ထူနိုင်ခဲ့ပါတယ်။ သူဟာ အဲဒီ ရာသီက သွင်းဂိုး ၂၉ ဂိုးနဲ့ ရွှေဖိနပ်ဆု ကိုရော၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်နဲ့ တစ်နှစ်တာ အကောင်းဆုံး ဖန်တီးရှင်ဆု ကိုပါ ပူးတွဲ ရရှိခဲ့ပါတယ်။ နည်းပြ အာနေး ဆလော့တ်ရဲ့ ကစားကွက် လွတ်လပ်ခွင့်အောက်မှာ ဆာလာက လစ်ဗာပူးလ် အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
၄။ မီဆွတ် အိုဇေးလ် – ၁၉ ကြိမ် (၂၀၁၅-၁၆ ရာသီ)
အွန်နရီရဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ စံချိန်ကို တစ်စုံတစ်ခုက အကာအကွယ်ပေးထားသလား ထင်မှတ်ရလောက်အောင် မီဆွတ် အိုဇေးလ်က ၂၀၁၅-၁၆ ရာသီက အဲဒီစံချိန်ကို ချိုးဖျက်ဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပါတယ်။ ဂျာမန် ဖန်တီးရှင်ဟာည် ရာသီဝက် ပထမ ၁၈ ပွဲမှာတင် ဂိုးဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီဝက် ဒုတိယပိုင်း မှာတော့ (၃) ကြိမ်သာ ထပ်မံ ဖန်တီးနိုင်ခဲ့တာကြောင့် ၁၉ ကြိမ်နဲ့သာ စံချိန်ချိုးဖို့ လွဲချော်ခဲ့ရပါတယ်။ အာဆင်နယ် ကျောနံပါတ် (၁၀) အိုဇေးလ်က Through-ball တွေမှာ ဆရာတစ်ဆူ ဖြစ်ခဲ့သလို တည်ကန်ဘောတွေ ကနေလည်း အသင်း အတွက် အခွင့်အရေး များစွာ ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။
ထိပ်ဆုံးမှ စံချိန်တင် ပူးတွဲရပ်တည်နေသူများ
၃။ ဘရူနို ဖာနန်ဒက်စ် – အကြိမ် ၂၀ (၂၀၂၅-၂၆ ရာသီ – လက်ရှိကစားနေဆဲ)
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်ရဲ့ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှု စံချိန်သစ်ကို ချိုးဖျက်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ရရှိထားပါတယ်။ သူဟာ ရာသီပိတ်ခါနီး ဒုတိယမြောက် နောက်ဆုံး ပွဲစဉ်မှာတင် စံချိန်ဟောင်းဖြစ်တဲ့ ၂၀ ကြိမ်မြောက် အထိ လိုက်မှီထားပြီး စံချိန်သစ်တင်ဖို့ ရာသီပိတ် (၁) ပွဲ ကျန်ရှိနေပါသေးတယ်။ သူ့ရဲ့ ဒီရာသီ ခြေစွမ်းက ရူဘင် အမော်ရင် လက်ထက်က ကွင်းလယ် အထိုင် နေရာမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ကာရစ်ခ်ရဲ့ လွတ်လပ်စွာ ကစားကွက်ဖန်တီးခွင့်ပေးမှု အောက်မှာတော့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကွင်းတွင်း မည်သည့် နေရာက မဆို အခွင့်အရေး ဖန်တီးပေးနိုင်ပြီး တည်ကန်ဘောတွေ ကနေလည်း အဓိက ဂိုးဖန်တီးပေးနေသူ ဖြစ်ပါတယ်။
၂။ ကီဗင် ဒီဘရွန်းနား – အကြိမ် ၂၀ (၂၀၁၉-၂၀ ရာသီ)
ကိန်းဂဏန်းအချက်အလက်အရ ဒီဘရွန်းနား အတွက် အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပေမယ့်လည်း မန်စီးတီး ကိုတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီ ရာသီက ယာဂန် ကလော့ပ်ရဲ့ လစ်ဗာပူးလ်က အမှတ်ဖြတ်ကာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလားကို အပြတ်အသတ် ရယူသွားခဲ့လို့ ဖြစ်ပါတယ်။ ဒီဘရွန်းနားက ရာသီအစ ပထမ ၇ ပွဲမှာတင် ဂိုးဖန်တီးမှု ၈ ကြိမ် အထိ ပြုလုပ်ကာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အနည်းငယ် အရှိန်ကျသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာသီပိတ် ပွဲစဉ်တွေမှာ ဆက်တိုက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာကြောင့် အွန်နရီရဲ့ စံချိန်ကို လိုက်မှီခဲ့ခြင်း ဖြစ်ပါတယ်။ အကယ်၍ သူသာ ဘုန်းမောက်နဲ့ ပွဲ အရန်ခုံမှာပဲ ရှိမနေခဲ့ရင် စံချိန်သစ် တင်နိုင်ခဲ့လောက်ပါတယ်။
၁။ သီယာရီ အွန်နရီ – အကြိမ် ၂၀ (၂၀၀၂-၀၃ ရာသီ)

ဒီဘရွန်းနား (၂၀၁၉-၂၀) က အွန်နရီထက် ပွဲအရေအတွက် နည်းနည်းနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း၊ ပြင်သစ် တိုက်စစ်မှူးကြီး အွန်နရီကတော့ အဲဒီ ရာသီမှာ ဂိုးဖန်တီးမှု အကြိမ် ၂၀ အပြင် ကိုယ်တိုင်လည်း ပရီးမီးယားလိဂ် သွင်းဂိုး ၂၄ ဂိုး အထိ သွင်းယူကာ အံ့မခန်း တစ်ကိုယ်တော် စွမ်းဆောင်ရည်ကို ပြသခဲ့တာ ဖြစ်ပါတယ်။ အံ့သြစရာ ကောင်းတာက အွန်နရီရဲ့ ဒီလို ထူးချွန်တဲ့ စွမ်းဆောင်ရည် ကလည်း အာဆင်နယ်ကို ချန်ပီယံ မဖြစ်စေခဲ့ဘဲ၊ ရုဒ် ဗန် နစ္စတယ်ရွိုင်းရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် မန်ချက်စတာယူနိုက်တက်ကပဲ ချန်ပီယံဖလားကို လုယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အွန်နရီရဲ့ ပါရမီနဲ့ ထူးခြားဆန်းပြားတဲ့ ကစားကွက် ဖန်တီးမှု အလှတရားတွေ ကတော့ အာဆင်နယ် ပရိသတ်တွေနဲ့ ဘောလုံးချစ်သူတွေရဲ့ ရင်ထဲမှာတော့ ယနေ့တိုင် မေ့ဖျောက်လို့ မရမှာ အသေအချာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


