ချဲလ်ဆီး ကွင်းလယ် ကြယ်ပွင့် ကိုးလ် ပါးလ်မား ကတော့ သူ့အနေနဲ့ ဘယ်လွန်ဒေါဆု ရဖို့ ပစ်မှတ်ထားနေပြီးတော့ လက်ရှိ အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလားလည်း ဆွတ်ခူးချင်ကြောင်းလည်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် လူငယ် ကြယ်ပွင့် ကိုး ပါးလ်မားက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ရည်မှန်းချက်တွေနဲ့ ပတ်သတ်လို့ မကြာခဏ ဆိုသလို ထုတ်ဖော် ပြောကြားဖူးသူ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပါးလ်မားက သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ အမြင့်ဆုံး အောင်မြင်မှု ရယူချင်သလို၊ ကစားသမားဘဝ အမြင့်ဆုံး အောင်မြင်မှုလည်း ရယူချင်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပါးလ်မားက Men In Blazers လို့ ခေါ်တဲ့ podcast အစီအစဉ်မှာ “ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခု ကတော့ ဘယ်လွန်ဒေါဆု ရဖို့ပါ။ ဒီဆုကို ဘောလုံးသမားတိုင်းက ပိုင်ဆိုင်ချင်ကြသလို ကျွန်တော်လည်းပဲ ပိုင်ဆိုင်ချင်ပါတယ်။ နောက်ပြီး ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဖလားလည်း ဆွတ်ခူးချင်ပါသေးတယ်။ ဆွတ်ခူးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဘောလုံးကစားပြီးတော့ ဘဝက ပြောင်းလဲသွားခဲ့ပါတယ်။ တချို့နေရာတွေကို သွားလို့လည်း မရတော့တဲ့ အပြင် အရင်တုန်း ၅ ယောက် ၁ ဖွဲ့ ဘောလုံး ကစားရတာမျိုးကိုလည်း ပြန်လွမ်းမိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပါးလ်မားက ကွင်းလယ် တိုက်စစ်မှာ သာမက တောင်ပံ မှာလည်း ကစားနိုင်သူ ဖြစ်ပြီး အံ့အားသင့်ဖွယ် ဂိုးတွေလည်း သွင်းယူနိုင်သူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး လူငယ် အကယ်ဒမီထွက် ပါးလ်မားက မန်စီးတီးမှာ ပုံမှန်ကစားခွင့် ရဖို့တော့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။ ပါးလ်မားက ချဲလ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာတင်ပဲ အံ့အားသင့်စရာ ကောင်းလောက်အောင် ထူးရှယ် ခြေစွမ်းတွေ ပြသပြီး ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားရာမှာ ၂၅ ဂိုး သွင်းကာ ၁၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပါးလ်မားက ပရီးမီးယားလိဂ်ရဲ့ လူငယ် အကောင်းဆုံး ကစားသမားဆု အပါအဝင် တစ်ဦးချင်း ဆုတံဆိပ်ပေါင်း များစွာ ကိုပါ ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခဲ့ပြီး ချဲလ်ဆီး အတွက်လည်း ရွှေဖြစ်ခဲ့ပါတယ်။ ပါးလ်မားက လက်ရှိရာသီ မှာလည်း ချဲလ်ဆီး အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားရာမှာ ၉ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဇို မာရက်စ်ကာရဲ့ အသင်း ကိုလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အဆင့်၂ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ချဲလ်ဆီး ကတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ တော့တင်ဟမ်ဟော့စပါးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.