နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကိုင်စီဒိုကို ရိုဒရီ၊ ရိုက်စ် တို့နဲ့ ယှဉ်ပြီး ချီးကျူးလိုက်တဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ သူ့အသင်းရဲ့ ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို ချီးကျုးစကားတွေ ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာက ကိုင်စီဒိုဟာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီနဲ့ အာဆင်နယ် ကွင်းလယ်လူ ဒီကလန် ရိုက်စ် တို့လို ကောင်းမွန်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတယ်လို့ သုံးသပ် ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရာသီ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းမှာ အဓိကနေရာကနေ ပါဝင်ကစား ထားခဲ့ရတဲ့ ကိုင်စီဒိုက မာရက်စ်ကာရဲ့ စိတ်ကြိုက် ကစားသမားလည်း ဖြစ်နေသူပါ။ ဒီအချိန်မှာ နည်းပြ မာရက်စ်ကာက “မွိုက်စ် ကိုင်စီဒိုက အခုဆိုရင် ရိုဒရီနဲ့ ဒီကလန် ရိုက်စ် တို့လို ကစားသမားကြီးတွေရဲ့ အဆင့်မျိုးကို သေချာပေါက် ရောက်နေပါပြီ။ ဒါက သံသယ ဖြစ်စရာ မရှိပါဘူး။ ကံမကောင်းစွာနဲ့ ရိုဒရီ ကတော့ ဒဏ်ရာရနေပြီးတော့ ဒီကလန် ကတော့ ကစားနေရပါတယ်။ ဒါပေမယ့် မွိုက်စ်က ဒီလို ကွင်းလယ် ကစားသမားတွေနဲ့ အဆင့်ချင်း တူညီတယ်လို့ ကျွန်တော် ခံစားရပါတယ်။” မှတ်ချက်ပေး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အီကွေဒေါသားက ယူနိုက်တက်နဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို ရရှိခဲ့ပါသေးတယ်။
ချဲလ်ဆီး ကွင်းလယ် အတွက် မရှိမဖြစ် ကစားသမား ဖြစ်နေတဲ့ ကိုင်စီဒို

ချဲလ်ဆီးဟာ မွိုက်စ် ကိုင်စီဒိုကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်း သုံးစွဲကာ ဘရိုက်တန် ကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကိုင်စီဒိုဟာ အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာ ချဲလ်ဆီး ကွင်းလယ်ရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် သတ်မှတ်နိုင်ပြီး လာမယ့် လန်ဒန်ဒါဘီ ပွဲစဉ် မှာလည်း ကျိန်းသေပေါက် ပါဝင်ကစားရဖို့ ရှိနေသူ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကမှ ဘရိုက်တန် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ကိုင်စီဒို အနေနဲ့ ချဲလ်ဆီးနဲ့ ပွဲဦးထွက် ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း လက်ရှိ ဘောလုံးရာသီ မှာတော့ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်အောက်မှာ အကောင်းဆုံး တောက်ပပြနေတာ ဖြစ်ပါတယ်။ ကိုင်စီဒိုက ဒီရာသီ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။ အီကွေဒေါသားက ယူနိုက်တက်နဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ကိုင်စီဒိုက ပွဲစဉ်တိုင်း နီးပါးမှာ အသင်းကို အကောင်းဆုံး ဦးဆောင် ကစားပေးထားနိုင်ပြီး ချဲလ်ဆီး ကွင်းလယ် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေသူပါ။ အန်ဇို မာရက်စ်ကာဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကိုင်စီဒိုကို အဓိကထား အသုံးပြုနေပြီးတော့ လာဗီယာနဲ့ အန်ဇို ဖာနန်ဒက်စ် ကိုတော့ အပြောင်းအလဲ လုပ်ကာ အသုံးပြုနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ နည်းပြသစ်နဲ့ အတူ ရလဒ်တွေ တောက်လျောက် ကောင်းမွန်နေပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာ ကိုပါ ရယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၄ ပွဲသာ ရှိထားပြီး ကျန်ပွဲ တော်တော်များများ ကိုတော့ အနိုင်ရထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်