မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် ထိပ်တန်း ကစားသမား များစွာကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ၇ ဦးလောက်ကို စောင့်ကြည့်နေပြီး ဒီထဲမှာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ပေါ်တူဂီ ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ရူဘင် နီးဗတ်စ်လည်း ပါဝင်နေပါတယ်။
ရူဘင် နီးဗတ်စ် ကတော့ ၂၀၁၇ ကနေ ၂၀၂၃ ခုနှစ် အထိ ပရီးမီးယားလိဂ် ကလပ် ဝုဗ်မှာ ကစားခဲ့ပါတယ်။ ဝုဗ်မှာ ၂၅၃ ပွဲ ကစားပြီး ဂိုး ၃၀ သွင်းယူခဲ့တဲ့ နီးဗက်စ်က ၂၀၂၃ မှာ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာကို ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီပရိုလိဂ်၊ ဆော်ဒီဘုရင့်ဖလား၊ ဆော်ဒီစူပါဖလားတွေ ရရှိထားပါတယ်။ ဒါ့အပြင် နီးဗက်စ်က အဲလ်ဟီလာ အတွက် ၃ ရာသီ အတွင်း ပွဲပေါင်း ၁၁၂ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၂၈ ကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရူဘင် နီးဗတ်စ်က လာမယ့် ၂၀၂၆ နွေရာသီမှာ အဲလ်ဟီလာနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်က ပေါ်တူဂီသားကို စာချုပ်သက်တမ်းကုန်ချိန်မှ အလွတ်နဲ့ ထွက်ခွာခွင့်ပေးတာထက အကျိုးအမြတ် အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၂၀ နဲ့ ရောင်းချချင်နေပါတယ်။

တစ်ဖက်မှာ ယူနိုက်တက်က ကွင်းလယ်လူတွေ ဖြစ်တဲ့ ကက်စ်မဲရိုး၊ ကိုဘီ မိန်းနူး၊ မန်ဝဲလ် အူဂါတေး တိုကို မကြာခင်မှာ လက်လွှတ်သွားရဖို့ များနေတာကြောင့် ကွင်းလယ် ကစားသမား တစ်ဦး ရှာဖွေနေရတာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကွင်းလယ်လူ ကတ်စ်မဲရိုးက ၂၀၂၆ ဇွန်လမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေသူ ဖြစ်ပါတယ်။ ဥရုဂွေးသား အူဂါတေး ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက် ကစားထားခဲ့ရပြီး တူရကီ ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေပါတယ်။ ကိုဘီ မိန်းနူး ကတော့ ယူနိုက်တက် ကနေ ထွက်ခွာချင်နေသလို သူ့ကို ခေါ်ယူချင်တဲ့ အသင်း ကလည်း တစ်ဒါဇင်လောက် ရှိနေတယ်လို့ပါ သတင်းတွေ ထွက်နေပါတယ်။ အင်္ဂလန် ကြယ်ပွင့်လေးကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နာပိုလီက အငှားခေါ်ဖို ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက် ဘက်က ငြင်းဆန် ပယ်ချခဲ့ပါသေးတယ်။
ဗြိတိန်မီဒီယာတွေ မှာတော့ ယူနိုက်တက်နဲ့ ရူဘင် အမော်ရင် ကတော့ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်တွေကို အလောတကြီး ခေါ်ယူသွားမှာ မဟုတ်ဘဲ အသင်း တိုးတက်ဖို့ အတွက် အမှန်တကယ် အကျိုးရှိစေမယ့်သူ ကိုသာ ခေါ်ဆောင်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရူဘင် နီးဗက်စ်နဲ့ အတူ အဲလီယော့တ် အန်ဒါဆန်၊ အဒမ် ဝှာတန်၊ ကော်နာ ဂယ်လာဟာ၊ ကားလို့စ် ဘယ်လီဘာ့၊ တိုင်လာ အဒမ်စ်၊ ယာအို ဂိုးမက်စ်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီကစားသမားတွေထဲမှာ ရူဘင် နီးဗက်စ်က အသက်အရွယ် အကြီးဆုံး ဖြစ်ပေမယ့် သူ့ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ အပြင် နိုင်ငံတူချင်း ဖြစ်နေတာကြောင့် အမော်ရင် ကလည်း သဘောကျနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
တဖက်မှာလည်း အသက် ၂၈ နှစ် အရွယ် ကစားသမား ကိုတော့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်သင်း ဖြစ်တဲ့ နယူးကာဆယ် ကလည်း ချိတ်ဆက်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


