နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟင်ရှဲလ်ဝုဒ်ကို စောင့်ကြည့်နေတဲ့ မန်စီးတီးနဲ့ အာဆင်နယ်၊ ဗန်ဒီဗန်ကို လစ်ဗာပူးလ် အပြင် ယူနိုက်တက် ကလည်း စိတ်ဝင်စားနေ | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ မန်စီးတီး တို့ဟာ ဘရိုက်တန် အသင်းရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ ဂျက် ဟင်ရှဲလ်ဝုဒ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေကြပါတယ်။

ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကက်စ်မဲရိုးဟာ ဥရောပမှာပဲ ဆက်နေလိုပြီး အေစီမီလန်မှာ သူရဲ့ အသင်းဖော်ဟောင်း လူကာ မိုဒရစ်နဲ့ ပြန်လည် လက်တွဲဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ပစ်မှတ်ထားနေပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် ၂၀၁၆ ခုနှစ်က ပေါ့ဂ်ဘာကို ခေါ်ယူစဉ်က ပေးခဲ့ရတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းထက် ပိုမိုသုံးစွဲဖို့တောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

ဂိုးသမား အဲလ်တေး ဘေယင်ဒါဟာ ဘက်ဆစ်တပ်စ် အသင်းနဲ့ ယူရို ၅ သန်း (ပေါင် ၄.၄ သန်း) နဲ့ သဘောတူညီမှု ရရှိထားတာကြောင့် ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ 

စပို့တင်းလစ္စဘွန်း အသင်းဟာ သူတို့ရဲ့ နောက်ခံလူ အူစမန်နီ ဒီယိုမန်ဒီ အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၉ သန်း) အထက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမှာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ် တို့က စိတ်ဝင်စားနေပါတယ်။ 

တော့တင်ဟမ်ဟော့စပါး အသင်းဟာ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်-ဝှိုက်ကို ခေါ်ယူဖို့ ဒီနွေရာသီမှာ တစ်ကျော့ပြန် ကြိုးပမ်းလာဦးမှာ ဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟော့စပါး နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် အပြင် မန်ချက်စတာယူနိုက်တက် ကပါ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
စပါးကို စွန့်ခွာဖို့ များလာတဲ့ နောက်ခံလူ မစ်ကီ ဗန်ဒီဗန်

ချဲလ်ဆီး အသင်းရဲ့ ကင်းထောက်တွေဟာ လိုင်ယွန်နဲ့ စထရာဘိုး ပွဲစဉ်ကို သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက ပစ်မှတ်က ရီးရဲလ်မက်ဒရစ် ကနေ အငှားချထားတဲ့ အန်းဒရစ် ဖြစ်ပေမယ့် ချဲလ်ဆီး ကစားသမားဟောင်း ဒီယေဂို မော်ရီရာရဲ့ ခြေစွမ်းကို ပိုပြီး သဘောကျသွားခဲ့ကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် အပြင် မန်ချက်စတာယူနိုက်တက် ကပါ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပါတယ်။ 

စပါး ကတော့ ရလဒ်ပိုင်း ရုန်းကန်နေရတာကြောင့် လူငယ် ကွင်းလယ်လူ အာချီ ဂရေးကို ဘေယန်မြူးနစ်က စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ် ကလည်း ယူရို သန်း ၅၀ (ပေါင် ၄၃.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ 

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာဟာ အာလင်း ဟာလန်းနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ဆွေးနွေးမှုတွေ အပေါ် စိုးရိမ်နေပြီး ရာသီကုန်အထိ အဲဒီဆွေးနွေးမှုတွေကို ရပ်တန့်ထားဖို့ ဟာလန်းကို တောင်းဆိုထားပါတယ်။ 

အက်စတွန်ဗီလာဟာ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ပေါင် သန်း ၈၀ အထက် ရရှိမှသာ ရောင်းချဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။ 

ပါလ်မီးရပ်စ် အသင်းဟာ တိုက်စစ် ကစားသမား အယ်လန်ကို ခေါ်ယူဖို့ လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ၂၀၂၆ ခုနှစ် အထိ ဆက်ထိန်းထားချင်နေပါတယ်။ 

လန်းစ် တိုက်စစ်မှူး ရေယန် ဖိုဖာနာကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အပြိုင်ဖြစ်နေပြီး ပြောင်းရွှေ့ကြေးက ယူရို ၃၅ သန်း (ပေါင် ၃၀.၅ သန်း) ကျော် အထိ ရှိနေနိုင်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ဖလာမင်ဂို ကွင်းလယ်လူ အဲဗာတန် အာရူဟိုကို စောင့်ကြည့်နေပေမယ့် ဂျာမနီ ကလပ်တွေ ကလည်း စိတ်ဝင်စားနေတာကြောင့် အရင်က သတ်မှတ်ထားတဲ့ ယူရို ၁၂ သန်းထက် နှစ်ဆနီးပါး ပိုမို ပေးချေရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်