အင်္ဂလန် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းရား ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ် သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
အစောပိုင်း သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်ဟာ အသင်းရဲ့ နောက်ခံလူ အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိင်းယားကို လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ cut-price တန်ကြေးနဲ့ ရောင်းထုတ်သွားမှာ ဖြစ်ကြောင်းလည်း သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားက ဒီရာသီအကုန်မှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ကစားသမားရဲ့ အသက်အရွယ်နဲ့ ခြေစွမ်းကြောင့် ယူနိုက်တက် ဘက်က စာချုပ် သက်တမ်းတိုးလိုခြင်း မရှိတာကြောင့် အသင်းနဲ့ လမ်းခွဲရဖို့ ရှိနေကြောင်း ထင်ကြေးပေးခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်တလော ယူနိုက်တက် အနေနဲ့ နည်းပြ အပြောင်းအလဲ ဖြစ်ပေါ်ထားတဲ့ အတွက် မက်ဂွိုင်းယား အနေနဲ့ သက်တမ်းတိုးနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။
အကယ်၍ ယူနိုက်တက် အနေနဲ့ မက်ဂွိုင်းရား စာချုပ် သက်တမ်းတိုးခြင်း မရှိရင်တော့ ၂၀၂၅ ခုနှစ် နွေရာသီမှာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုတဲ့ အသင်းပေါင်း များစွာ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက ၂၀၁၉ ခုနှစ် ကတည်းက လက်စတာစီးတီး ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ အချိန်တိုအတွင်းမှာပဲ ယူနိုက်တက်ရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကိုပါ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ လာမယ့် နွေရာသီမှာ ဟယ်ရီ မက်ဂွိင်းယားကို အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားရတော့မှာ ဖြစ်ပြီးတော့ သက်တမ်းတိုးဖို့ ကလည်း အစီအစဉ် မရှိတဲ့ အတွက် နွေရာသီ ဈေးကွက် မတိုင်ခင် ဆောင်းရာသီ ဈေးကွက်မှာပဲ cut-price တန်ကြေး ဖြစ်တဲ့ ပေါင် ၁၀ သန်း ဝန်းကျင်လောက်နဲ့ လက်လွှတ်သွားဖွယ်လည်း ရှိနေပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ ဟယ်ရီ မက်ဂွိင်းယား အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၈၀ နီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ပြန်လည် ရောင်းထုတ်ရတော့မယ့် အချိန်မှာလည်း ပေါင် သန်း ၃၀ ခန့် အလိုရှိနေပေမယ့်လည်း စာချုပ် သက်တမ်းက လပိုင်းလောက်ပဲ ကျန်ရှိတော့တာကြောင့် အလွန်ဆုံး ပေါင် ၁၅ သန်း ဝန်းကျင်လောက်သာ ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက ယူနိုက်တက်မှာ အသင်းခေါင်းဆောင် ဖြစ်လာပြီး နောက်ပိုင်း ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ အမှားများမှုတွေကြောင့် နောက်ဆုံး မှာတော့ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်က သူရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဆီ လွဲပြောင်းပေးခဲ့သလို မက်ဂွိုင်းယားလည်း ယူနိုက်တက် ကနေပါ ထွက်ခွာလုနီးပါးပါ ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.