နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဥရောပဝင်ခွင့် လွဲချော်ခဲ့ရလို့ စိတ်ပျက်မိကြောင်း မက်ဖာလိန်း ပြောကြား | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ပြီးနောက် ဥရောပ ဝင်ခွင့် နေရာနဲ့ လွဲချော်ခဲ့ရပါပြီ။ ဒါပေမယ့်လည်း ယာယီ နည်းပြ ကော်လမ် မက်ဖာလိန်း ကတော့ အသင်းမှာ အောင်မြင်မှု ရယူနိုင်မယ့် ကစားသမားကောင်းတွေ ရှိနေဆဲ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ် ရာသီရဲ့ နောက်ဆုံး ပွဲစဉ်မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ပြီး ဥရောပ ပြိုင်ပွဲ ဝင်ခွင့် လွဲချော်ခဲ့ရပြီးနောက် မက်ဖာလိန်း တစ်ယောက် တကယ်ကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့က ဆန်းဒါးလန်းရဲ့ အိမ်ကွင်း အလင်းရောင်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးဟာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး၊ ပွဲချိန် ၆၂ မိနစ်မှာ နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးရဲ့ ချေပဂိုး ရဖို့ မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ရတာကို မက်ဖာလိန်း တစ်ယောက် ကွင်းဘေးကနေပဲ ကြည့်နေခဲ့ရပါတယ်။

ဆန်းဒါးလန်းဟာ ထရိုင်း ဟုမ်းရဲ့ လှပတဲ့ Volley ကန်ချက်၊ ဒုတိယပိုင်း အစလောက်မှာ ချဲလ်ဆီး နောက်ခံလူ မာလို ဂူစတိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုတို့ကြောင့် ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ အဲ့ဒီနောက် မှာတော့ ကိုးလ် ပါးလ်မားက ချဲလ်ဆီး အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း မှာတင် အဝါကတ် ပြသခံထားရတဲ့ ဖိုဖာနာဟာ ချဲလ်ဆီး ဂိုးပေါက်ဆီ ဆွဲပြေးနေတဲ့ ဆန်းဒါးလန်းရဲ့ လူစားဝင် ကစားသမား ဝီလ်ဆင် စီဒေါကို နောက်ကနေ ဆွဲလှဲခဲ့တာကြောင့် ဒုတိယမြောက် အဝါကတ်၊ တစ်နည်းအားဖြင့် အနီကတ်နဲ့ ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။

ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ နောက်ဆုံး ၃ ရာသီအတွင်း ၂ ကြိမ်မြောက် အဖြစ် ဥရောပ ပြိုင်ပွဲ ဝင်ခွင့် အားလုံးနဲ့ လွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ်။ လာမယ့် နွေရာသီ မှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာမယ့် နည်းပြသစ် ဇာဘီ အလွန်ဆိုက အသင်းရဲ့ အခြေအနေကို ပြန်လည် ဦးမော့လာအောင် ကိုင်တွယ်ရတော့မှာပါ။

တကယ်တော့ ချဲလ်ဆီးရဲ့ ခြေစွမ်းဟာ အဆင့် ၈ အတွင်း ဝင်ဖို့တောင် မထိုက်တန်ခဲ့ဘူးလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ မတ်လ အစကတည်းက ကြည့်ရင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တခြား ဘယ်အသင်းထက်မဆို ရှုံးပွဲ အများဆုံး (၈ ပွဲ အထိ) ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ မက်ဖာလိန်းရဲ့ ယာယီ နည်းပြ သက်တမ်းဟာ ချဲလ်ဆီးကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်မတင်ပေးနိုင်ခဲ့ဘဲ၊ အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် သူကတော့ လက်ရှိ လူစာရင်းရဲ့ အရည်အသွေးဟာ ဥရောပ စင်မြင့်ထက်မှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ယူဆနေဆဲပါ။

ပရီးမီးယားလိဂ် ရာသီရဲ့ နောက်ဆုံး ပွဲစဉ်မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ပြီး ဥရောပ ပြိုင်ပွဲ ဝင်ခွင့် လွဲချော်ခဲ့ရပြီးနောက် မက်ဖာလိန်း တစ်ယောက် တကယ်ကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။
လာမယ့်ရာသီ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီ ဖြစ်တဲ့ ချဲလ်ဆီး

“တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ ရလဒ်နဲ့ ခြေစွမ်းပါ။ ဒီကစားသမား စုဖွဲ့မှု ပြသနိုင်တဲ့ အဆင့်အတန်းမျိုးကို ကျွန်တော်တို့ မပြသနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ဆန်းဒါးလန်း ကပဲ အနိုင်ရဖို့ ထိုက်တန်ခဲ့တာပါ။” လို့ မက်ဖာလိန်းက ဝန်ခံခဲ့ပါတယ်။

“သူတို့ ပွဲစကတည်းက အရှိန်အဟုန်ကောင်းကောင်းနဲ့ ကစားသွားနိုင်ခဲ့ပြီး ကျွန်တော်တို့ ဘက်က သူတို့ရဲ့ ကစားနှုန်းနဲ့ ပြင်းထန်မှုကို မလိုက်နိုင်ခဲ့ဘူး။ ကိုးလ် ပါးလ်မာရဲ့ သွင်းဂိုး အပြီးမှာ ကျွန်တော်တို့ အရှိန်ပြန်ရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့မိသေးတာ။ ကျွန်တော်တို့ တကယ်ပဲ စိတ်ပျက်ရပါတယ်၊ ခြေစွမ်း ကလည်း ကောင်းကောင်းမပြနိုင်ခဲ့ဘူး။ ဒီကလပ် အသင်းကော၊ ဒီကစားသမားတွေပါ ဥရောပ ပြိုင်ပွဲတွေမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီရာသီကို ပြန်လည် သုံးသပ်ပြီး သင်ခန်းစာယူရပါမယ်။ ဒါမှလည်း နည်းပြသစ် အနေနဲ့ ရာသီသစ်ကို အကောင်းဆုံး ပုံစံနဲ့ စတင် တိုက်ပွဲဝင်နိုင်မှာပါ။” လို့ ယာယီ နည်းပြ မက်ဖာလိန်းက ပြောကြားသွားခဲ့ပါတယ်။

ဆန်းဒါးလန်း အသင်းဟာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၀၀-၀၁ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ချဲလ်ဆီးကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရရှိတဲ့ စံချိန်ကို ရယူနိုင်ခဲ့ရုံ သာမက၊ ကလပ် အသင်း သမိုင်းတစ်လျှောက် ၅၂ နှစ် အတွင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပ ပြိုင်ပွဲ ဝင်ခွင့် ကိုပါ အရယူနိုင်ခဲ့ပါတယ်။

နည်းပြသစ် ဖြစ်လာမယ့် ဇာဘီ အလွန်ဆို အနေနဲ့ ချဲလ်ဆီးရဲ့ နောက်ဆုံးပွဲ ခြေစွမ်းကို ကြည့်ပြီး စဉ်းစားစရာတွေ အများကြီး ရှိလာမှာပါ။ ဒါပေမယ့် လေဗာကူဆင်မှာ သူအောင်မြင်မှုတွေ ရယူခဲ့စဉ်ကလိုပဲ၊ ချဲလ်ဆီး မှာလည်း သူ့စိတ်ကြိုက် ပုံသွင်းနိုင်မယ့် လူငယ်ပါရမီရှင် ကစားသမားကောင်း အများအပြား ရှိနေပါတယ်။ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီလုံးမှာ အသက် ၃၀ နဲ့ အထက် ကစားသမား တစ်ဦးမှ ထည့်သွင်း အသုံးမပြုခဲ့တဲ့ တတိယမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်