အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အဲလ်ဟီလာနဲ့ စာချုပ် သက်တမ်း နောက်ဆုံး ၆ လထဲ ရောက်ရှိလာတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ရူဘင် နီးဗက်စ်ကို ခေါ်ယူပေးဖို့ ကလပ်ကို တောင်းဆိုခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်က မန်ဝဲလ် အူဂါတေး ထွက်ခွာသွားခြင်းဖြင့် နေရာလွတ်တွေ ရှိလာနိုင်ပါတယ်။ INEOS ပိုင် ကလပ် တစ်ခု ဖြစ်တဲ့ နိစ်ဟာ ဥရုဂွေး လက်ရွေးစင် ကစားသမားကို ဇန်နဝါရီမှာ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဒီရာသီမှာ ခြေစွမ်းမပြနိုင်သေးတဲ့ ဖလော်ရီယန် ဗစ်ဇ်ကို အပြောင်းအရွှေ့ စာရင်းထဲ ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ လစ်ဗာပူးလ်က ဗစ်ဇ် အတွက် ယူရို ၁၁၀ သန်း (ပေါင် ၉၆.၆ သန်း၊ ဒေါ်လာ ၁၂၉.၃ သန်း) လောက် ပြန်လိုချင်နေပြီး ဒီကစားသမား အတွက် အရှုံးပေါ်မှုကို လျှော့ချဖို့ မျှော်လင့်နေကြောင်း Defensa Central က ဖော်ပြပါတယ်။
လစ်ဗာပူးလ် အနေနဲ့ ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေး အတွက် စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ် ကစားသမားရဲ့ နေရာမှာ အစားထိုးဖို့ နောက်ခံလူ တစ်ယောက် လိုချင်နေပြီး ခရစ္စတယ်ပဲလေ့စ်က မာ့ခ် ဂူဟီနဲ့ ဒေါ့မန်က နီကို ရှလော့တ်တာဘက်ခ် တို့ကို စဉ်းစားထားပါတယ်။
ချဲလ်ဆီး တောင်ပံကစားသမား တီရီကေး ဂျော့ဂျ် ကတော့ ပွဲကစားချိန် အကန့်အသတ်သာ ရရှိနေတာကြောင့် ပိုမိုစိတ်ပျက်လာပြီး လာမယ့် ဆောင်းရာသီမှာ အသင်း ကနေ အပြီးအပိုင် ထွက်ခွာဖို့ မျှော်လင့်နေပါတယ်။ သူ့ကိုတော့ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ လိဒ်စ်ယူနိုက်တက်နဲ့ ဆောက်သမ်တန် တို့က စိတ်ဝင်စားနေပြီး လိုက်ပ်ဇစ်နဲ့ ရိုးမား တို့ကလည်း ချဉ်းကပ်ဖို့ ပြင်ဆင်နေကြပါတယ်။

မန်ချက်စတာစီးတီး ကတော့ သူတို့ရဲ့ အဓိက ပစ်မှတ် နှစ်ဦး ဖြစ်တဲ့ ဘုန်းမောက် တောင်ပံ ကစားသမား အန်တိုနီယို ဆီမီညိုနဲ့ နယူးကာဆယ်ယူနိုက်တက် ညာနောက်ခံလူ တီနို လစ်ဗာရာမန်တို တို့ကို လာမယ့် ဇန်နဝါရီမှာ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဒီကစားသမား နှစ်ဦး အတွက် ယူရို ၁၄၀ သန်း (ပေါင် ၁၂၃ သန်း၊ ဒေါ်လာ ၁၆၄.၅ သန်း) သုံးစွဲသွားဖို့ ရှိနေပါတယ်။
ချဲလ်ဆီး ဗဟိုနောက်ခံလူဟောင်း သီယာဂို ဆေးလ်ဗား ကတော့ ၂၀၂၄ ခုနှစ်မှာ ဖလူမီးနိစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် လန်ဒန်မှာ ကျန်ရစ်နေခဲ့တဲ့ ၎င်းရဲ့ မိသားစုနဲ့ ပိုမိုနီးကပ်စေဖို့ အတွက် ဇန်နဝါရီမှာ ဥရောပကို ပြန်လာဖို့ စီစဉ်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
အသက် ၂၀ အရွယ် အေစီမီလန် ဂိုးသမား လော်ရန်ဇို တိုရီယန်နီ ကတော့ အာဆင်နယ်ရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ပစ်မှတ် တစ်ခု အဖြစ် ပေါ်ထွက်လာကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။
ဝက်စ်ဟမ်းယူနိုက်တက် မန်နေဂျာ နူနို အက်စ်ပီရီတို ဆန်ဆို ကတော့ ကိုဗင်ထရီစီးတီးက အမေရိကန် လက်ရွေးစင် တိုက်စစ်မှူး ဟာဂျီ ရိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ လာမယ့် ဇန်နဝါရီမှာ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း အသိပေးခဲ့ကြတယ်လို့ သိရပါတယ်။ တခြား တဖက်မှာလည်း အင်္ဂလန်သားကို အက်တလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ပဲရစ်စိန့်ဂျာမိန်းနဲ့ ဂါလာတာဆာရေး တို့ကလည်း ကမ်းလှမ်းလာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


