နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံဆု အတွက် နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်သွားမယ် ဆိုတဲ့ ကိုင်လ် ဝေါလ်ကာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ ချန်ပီယံဆုကို ကာကွယ်ဖို့ ခက်ခဲနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ မန်စီးတီးရဲ့ ညာနောက်ခံလူ ကိုင်လ် ဝေါလ်ကာက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်သွားမယ်လို့ လူမှုကွန်ရက် ကနေ တစ်ဆင့် ပရိသတ်တွေကို ကတိပေး စကား ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၁ မှတ် အထိလည်း ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝေါလ်ကာက “ကျွန်တော် တို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်က မျှော်မှန်းထားတဲ့ အဆင့်မှာ ရှိမနေဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချန်ပီယံဆုတွေကို ရာသီ နောက်ဆုံး ပွဲစဉ်တွေမှာ အနိုင်ကစားပြီး ရယူခဲ့ဖူးပါတယ်။ ဒီလိုမျိုး ကျွန်တော်တို့ ပြန်လုပ်ပြမှာပါ။ နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးပါတယ်။” လို့ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကိုင်လ် ဝေါလ်ကာ ကတော့ မန်စီးတီးနဲ့ အတူ ၈ ရာသီ ဖြတ်သန်းထားပြီး ပြိုင်ပွဲစုံ ၃၁၂ ပွဲ ကစားကာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား ၁၇ လုံး အထိ ရယူထားနိုင်သူ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ဆုဖလား အောင်မြင်မှု အားလုံး ရရှိထားတဲ့ ကိုင်လ် ဝေါလ်ကာ

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ရလဒ်တွေနဲ့ ပုံစံက အသင်းသားတွေ အတွက် စိတ်ပျက်စရာ ဖြစ်နေကြောင်း ဝန်ခံထားခဲ့ပါတယ်။ ဒါ့အပြင် သူ့ အနေနဲ့လည်း ညဘက်မှာ အိပ်မရအောင်ပါ ဖြစ်နေပြီး စိတ်ညစ်နေရကြောင်းကို ဖွင့်ဟ ပြောကြားထားပါသေးတယ်။ ဂွါဒီယိုလာက “ကျွန်တော် လုံးဝ မပျော်ရွှင်ပါဘူး။ ပွဲတိုင်း အနိုင်ရတုန်းကလိုမျိုး ကောင်းကောင်း အိပ်မရတော့ဘူး။ အခုအချိန် မှာတော့ ကျွန်တော့် ကစားသမားတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ရှိနေချင်ပါတယ်။ သူတို့တွေ စိတ်ဒုက္ခရောက်နေကြတယ် ဆိုတာ သိနေလို့ သူတိုကို ကျွန်တော် ခွန်အားပေးချင်ပါတယ်။ သူတို့တွေက အို ဘုရားသခင် ဖီယင်နော့ဒ်ကို ဘယ်လိုမှ အနိုင်မယူနိုင်ခဲ့တာလဲ စပါးနဲ့ ပွဲမှာ ရလာတဲ့ အခွင့်အရေးတွေ ကနေ ဘာကြောင့် ဂိုးမသွင်းနိုင် ရတာလဲ ဆိုပြီး တွေးနေကြမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ စိတ်ကျေနပ်နေမှုကို ရှောင်ရှားပြီး ပိုပြီး အားထည့်ရမယ်။ လောလောဆယ်တော့ ဒါကို သူတို့ လုပ်ချင်နေပေမယ့် မှန်ကန်တဲ့ နည်းလမ်း ကို ရှာမတွေ့သေးဘူး။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဂွါဒီယိုလာက “ကျွန်တော် ဘာလုပ်နိုင်မလဲ။ ကစားသမားတွေ ကိုပဲ အပြစ်တင်ရမလား။ ဒါမျိုးတော့ ကျွန်တော့် အနေနဲ့ လုံးဝ မလုပ်နိုင်ပါဘူး။ ဒီလို အခြေအနေတွေက ကျော်လွန်သွားမှာပါ။ ဘယ်အရာမှ ထာဝရ တည်တံ့နေမှာ မဟုတ်ဘူးလေ။ ရှုံးပွဲတွေ ကြုံရတဲ့ အခါ လှောင်ပြောင်ခံရတာက အားကစားမှာ သာမန် ကိစ္စပါပဲ။ တစ်ခါတစ်ရံမှာ အလုပ်မဖြစ်ပေမယ့် နောက်ရက်ကျရင် အလုပ် ဖြစ်လိမ့်မယ် ဆိုတာ သိနေလို ယုံကြည်မှု ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ကိုင်လ် ဝေါလ်ကာ ကတော့ မန်စီးတီးနဲ့ အတူ ၈ ရာသီ ဖြတ်သန်းထားပြီး ပြိုင်ပွဲစုံ ၃၁၂ ပွဲ ကစားကာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား ၁၇ လုံး အထိ ရယူထားနိုင်သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်