နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နည်းပြလောကထဲ ပြန်ဝင်လာဖို့ ရှိပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ကလော့ပ် ငြင်းဆို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ် ကတော့ သူ့အနေနဲ့ အနာဂတ်မှာ နည်းပြလောကထဲ ပြန်ဝင်လာဖို့ အစီအစဉ် ရှိကြောင်း ဖွင့်ဟလာခဲ့ပါပြီ။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေဟာ “ အဓိပ္ပာယ်မရှိတဲ့ ကောလာဟလ” တွေသာ ဖြစ်ကြောင်း ကလော့ပ်က ပြတ်ပြတ်သားသားပဲ ငြင်းဆိုလိုက်ပါတယ်။

လစ်ဗာပူးလ်နဲ့ အတူ ကိုးနှစ်တာအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား (၂) ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အစ ရှိတဲ့ အောင်မြင်မှုပေါင်း များစွာ ရယူပေးခဲ့တဲ့ ယာဂန် ကလော့ပ်ဟာ ၂၀၂၃-၂၄ ရာသီအကုန်မှာ အသင်း ကနေ နှုတ်ထွက်သွားခဲ့သူ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ သူဟာ ရက်ဘူးလ် အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဌာန အကြီးအကဲ (Head of Global Football) အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကမှ ဇာဘီ အလွန်ဆိုရဲ့ နေရာမှာ အဲလ်ဗာရို အာဘီလိုအာနဲ့ အစားထိုး ခန့်အပ်ထားတာပါ။ ဒါပေမယ့် လာလီဂါမှာ ဘာစီလိုနာရဲ့ နောက် ၄ မှတ် အကွာနဲ့ ဒုတိယနေရာမှာ ရှိနေတာကြောင့် ကလော့ပ်ကို အစားထိုးဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအပေါ်မှာ ကလော့ပ်က မြူးနစ်မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ဖလား အစီအစဉ် တစ်ခုမှာ အခုလို တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“တကယ်လို့ ရီးရဲလ်မက်ဒရစ် ကသာ ဖုန်းဆက်ခဲ့ရင် ခင်ဗျားတို့ အခုလောက်ဆို သိပြီးလောက်ပါပြီ။ ဒါတွေက အဓိပ္ပာယ် မရှိတဲ့ စကားတွေပါ။ သူတို့ ကျွန်တော့်ဆီ တစ်ခါမှ ဖုန်းမဆက်ဖူးသလို၊ ကျွန်တော့် အေးဂျင့်ဆီ ကိုလည်း လုံးဝ ဆက်သွယ်ခဲ့တာ မရှိပါဘူး။” လို့ ကလော့ပ်က ဆိုပါတယ်။ အဲဒီနောက် ဂျာမန်သားကြီးက အသက်အရွယ်အရ အငြိမ်းစားယူရမယ့် အရွယ်ကို မရောက်သေးတာကြောင့် နည်းပြလောက ကနေ လုံးဝ အနားယူသွားတာ မဟုတ်ကြောင်းလည်း အခုလိုပဲ ပြောပါတယ်။ “လောလောဆယ်တော့ ဘာမှ မစီစဉ်ထားသေးပါဘူး။ ဒါပေမယ့် နည်းပြ တစ်ယောက် အနေနဲ့ ကျွန်တော် လုံးဝ ပြီးဆုံးသွားပြီလို့တော့ မဆိုလိုပါဘူး။ လာမယ့် နှစ်တွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် အခုချိန်မှာတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။” လို့ ပြောပါတယ်။

ထူးခြားတာက ကလော့ပ်ဟာ အင်္ဂလန်မှာ ဆိုရင် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က လွဲလို့ တခြား ဘယ်အသင်း ကိုမှ နည်းပြမှာ မဟုတ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ “ကျွန်တော် အသေအချာ ပြောနိုင်တာ တစ်ခု ကတော့ အင်္ဂလန်မှာ လစ်ဗာပူးလ်က လွဲလို့ တခြား ဘယ်ကလပ် အသင်း ကိုမှ ဘယ်တော့မှ နည်းပြမှာ မဟုတ်ပါဘူး။ ဒါဟာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ အဲဒါက ဖြစ်နိုင်ခြေ လုံးဝ မရှိပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

တဖက် မှာလည်း လစ်ဗာပူးလ်က အာနေး ဆလော့တ် လက်အောက်မှာ ရုန်းကန်နေရတာကြောင့် ကလော့ပ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်းကို မကြာခင် တကျော့ပြန် ကိုင်တွယ်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်မှုတွေက ကောလာဟလတွေသာ ဖြစ်ကြောင်း ဖွင့်ဟခဲ့တဲ့ ကလော့ပ်

အစောပိုင်း သတင်းတွေ မှာလည်း ကလော့ပ် လစ်ဗာပူးလ် ကနေ ထွက်ခွာပြီးနောက်ပိုင်း အသင်းပေါင်း ၄ သင်းလောက်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တယ်လို့ သိရပြီး အဲ့ဒီအထဲမှာ အင်္ဂလန်နဲ့ အမေရိကန် လက်ရွေးစင် အသင်းတွေ အပြင် လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့လည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်ရဲ့ အေးဂျင့်က “ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကတောင် စုံစမ်း မေးမြန်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် ယာဂန် ကတော့ အင်္ဂလန်မှာ တခြား ဘယ်ကလပ် ကိုမှ ကိုင်တွယ်မှာ မဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။” လို့ က အတည်ပြု ပြောကြားခဲ့ဖူးပါတယ်။

ယာဂန် ကလော့ပ်ဟာ လစ်ဗာပူးလ်နဲ့ မပတ်သက်ခင်ကတည်းက ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချခဲ့ဖူးသလို၊ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရလည်း အင်္ဂလန်မြေမှာ လစ်ဗာပူးလ်က လွဲရင် တခြား ဘယ်အသင်း ကိုမှ မကိုင်တွယ်ဘူး ဆိုတဲ့ သူ့ရဲ့ ကတိအတိုင်း တည်ရှိနေဆဲ ဖြစ်ပါတယ်။ တဖက် မှာလည်း လစ်ဗာပူးလ်က အာနေး ဆလော့တ် လက်အောက်မှာ ရုန်းကန်နေရတာကြောင့် ကလော့ပ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်းကို မကြာခင် တကျော့ပြန် ကိုင်တွယ်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်