နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပပ် ဂွါဒီယိုလာ ထွက်သွားရင် အန်ဇို မာရက်စ်ကာနဲ့ အစားထိုးဖို့ စီစဉ်ထားတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ နည်းပြ ပပ် ဂွါဒီယိုလာ ထွက်ခွာသွားခဲ့ရင်တော့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာနဲ့ အံ့အားသင့်ဖွယ် အစားထိုးဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ မန်စီးတီး အနေနဲ့ လာမယ့်နှစ်၊ နွေရာသီမှာ ပပ် ဂွါဒီယိုလာနဲ့ လမ်းခွဲ ဖြစ်ခဲ့မယ် ဆိုရင် မာရက်စ်ကာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လျာထားကြောင်း The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 

လက်ရှိ မှာတော့ ပပ် ဂွါဒီယိုလာ အနေနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ တရားဝင် ဆုံးဖြတ်ထားရခြင်း သေးပေမယ့်လည်း မန်စီးတီး ဘက်ကတော့ ပပ် ဂွါဒီယိုလာ မရှိတော့မယ့် အနာဂတ် အတွက် ကြိုတင် ပြင်ဆင်မှု စတင် ပြုလုပ်နေတာ ဖြစ်နိုင်ပါတယ်။ မန်စီးတီးနဲ့ စပိန် လူမျိုး နည်းပြ တို့ရဲ့ လက်ရှိစာချုပ် သက်တမ်းက ၂၀၂၇ ခုနှစ် အထိ ကျန်ရှိနေပါတယ်။ အစောပိုင်းမှာ ဂွါဒီယိုလာက မန်စီးတီးနဲ့ စာချုပ်သက်တမ်း ပြည့်တဲ့ အချိန်မှာ နည်းပြ လောက, ကနေ ခတ္တ အနားယူသွားဖို့ ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။ 

အန်ဇို မာရက်စ်ကာ ကတော့ ၂၀၂၀ ခုနှစ်တုန်းက မန်ချက်စတာစီးတီးရဲ့ တိုးတက်ရေးဌာနရဲ့ ဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး အဲဒီနောက် စီးရီဘီ ကလပ် ပါးမား နည်းပြ အဖြစ် ကာလတို ကိုင်တွယ်ခဲ့သလို ၂၀၂၂ ခုနှစ် မှာတော့ ပပ် ဂွါဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် မန်စီးတီးကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဂွါဒီယိုလာ လက်အောက်မှာ အချိန်ကာလ တစ်ခု အထိ လုပ်ကိုင်ပြီးနောက်မှာတော့ အန်ဇို မာရက်စ်ကာဟာ လက်စတာစီးတီး နည်းပြ အဖြစ် တာဝန်ရှိခဲ့ပါတယ်။ အဲဒီနောက် မာရက်စ်ကာက ချန်ပီယံရှစ်မှာ လက်စတာကို ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နွေရာသီ မှာတော့ ချဲလ်ဆီး နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ 

ဒီရာသီ မှာလည်း မာရက်စ်ကာဟာ ချဲလ်ဆီးကို လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေစေသလို ခရာဘောင်ဖလား မှာလည်း ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ထားပါတယ်။
မန်စီးတီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အန်ဇို မာရက်စ်ကာ

မာရက်စ်ကာက ချဲလ်ဆီး နည်းပြ ဘ၀ ပွဲဦးထွက် ရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာနဲ့ ၂ နှစ်ကြာ ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုဖလား အောင်မြင် မှုအဖြစ် ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီ မှာလည်း မာရက်စ်ကာဟာ ချဲလ်ဆီးကို လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေစေသလို ခရာဘောင်ဖလား မှာလည်း ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ထားပါတယ်။ အချက်အလက်တွေအရ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာဟာ အသင်းကို ၇ လ အတွင်း ၃ ကြိမ်မြောက် ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မာရက်စ်ကာရဲ့ လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို စာချုပ်ပြည့်ရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။ ဒါပေမယ့် အခုလောလောဆယ် မာရက်စ်ကာနဲ့ ချဲလ်ဆီး အသင်း ပိုင်ရှင်တွေ အကြားမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပြီး မာရက်စ်ကာက သူ့အပေါ် လုံလောက်တဲ့ အားပေးထောက်ခံမှု မရဘူးလို ဝေဖန် ပြောဆိုခဲ့ပါတယ်။ မာရက်စ်ကာက အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မာရက်စ်ကာက “ပြီးခဲ့တဲ့ ၄၈ နာရီက ကျွန်တော့်ရဲ့ ချဲလ်ဆီး နည်းပြ ဘဝမှာ အဆိုးရွားဆုံး အချိန်တွေ ဖြစ်ခဲ့ပြီး လူတော်တော်များများက ကျွန်တော် တို့ကို အားပေး ထောက်ခံမှု မရှိခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်း ကတော့ မာရက်စ်ကာရဲ့ လေသံတွေ ပြောင်းလဲလာပြီး အသင်းကို ပိုပိုပြီး ချစ်လာတယ် ဆိုပြီး ပြန်လည် ပြောကြားထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်