မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၃၄ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နော်ဝေသားက ဒီလို ကာလရှည်ကြာတဲ့ စာချုပ်သစ် မချုပ်ဆိုခင်မှာ မန်စီးတီးတို့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုပေါင်း ၁၁၅ မှု အတွက် စွဲချက်တင်ထားခံရတာနဲ့ ပတ်သတ်လို့ လုံးဝ မစဉ်းစားခဲ့ဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းက “နိုး၊ အဲ့ဒီကိစ္စတွေနဲ့ ပတ်သတ်လို့ ကျွန်တော် လုံးဝ မစဉ်းစားခဲ့ပါဘူး။ အမှန်တော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော် စကားတွေ အများကြီး ပြောခဲ့သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် စာချုပ်ကလည်း နှစ်နှစ်ခွဲ ကျန်နေသေးတယ်လေ။ ကလပ်က သူတို့ ဘာလုပ်နေလဲ ဆိုတာ သိပြီးတော့ ကျွန်တော် ကလည်း ယုံကြည်မှု အပြည့် ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းရဲ့ ဖခင် ဖြစ်သူ အဲလ်ဖ် အင့်ဂ် ကတော့ သူ့သားရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ မတူညီတဲ့ အမြင်ကို မကြာသေးခင်က ဖွင့်ဟ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာလန်း ကတော့ “အဲဒီ စကားတွေက ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် မန်စီးတီးနဲ့ လက်မှတ်ထိုးချိန် ကတည်းက ကိုယ့်အိမ်လို့ကို ခံစားခဲ့ရပါတယ်။ ကျွန်တော် မန်စီးတီးမှာ နှစ်ပေါင်း များစွာ ရှေ့ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့တာကလည်း အံ့အားသင့်စရာ ကောင်းမှာပါ။ ကျွန်တော် မန်စီးတီးနဲ့ ၉ နှစ်ခွဲ စာချုပ်ချုပ်ဆိုပြီးပါပြီ။ ဒီတော့ ခင်ဗျားတို့ ကျွန်တော့်ကို ဘာပြောစေချင်တာလဲ။ ကျွန်တော် ကတော့ ကျွန်တော့်ရဲ့ ရွေးချယ်မှုနဲ့ ပတ်သတ်လို့ အတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်တော် မန်ချက်စတာမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းမှာပါ။ တကယ်လည်း လုပ်မှာပါ။” လို့ ထပ်မံ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းက ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးကာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့လို ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရပ်တန့်ခဲ့သူလည်း ဖြစ်ပါတယ်။ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်း အနေနဲ့ စာချုပ်သစ် အရတော့ တစ်နှစ် လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၅ သန်း ရရှိမှာ ဖြစ်ပြီး ကနဦး ၅ နှစ် အတွက် စာချုပ်တန်ဖိုးမှာ ဒေါ်လာ ၉၇ ဒသမ ၅ သန်း ရရှိနိုင်ကြောင်း ခန့်မှန်း ဖော်ပြထားပါတယ်။ ကာတာ အခြေစိုက် beIN SPORTS ရုပ်သံ ကတော့ ဟာလန်းရဲ့ စာချုပ်သစ်ဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၂၅.၃ သန်း ရှိနိုင်ပြီးတော့ စာချုပ် တန်ဖိုး ကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၂၇.၇ သန်း အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အာလင်း ဟာလန်း ကတော့ မန်ချက်စတာစီးတီးကို ၂၀၂၂/၂၃ ဘောလုံးရာသီမှာ ပြောင်းရွှေ့ခဲ့ပြီးတော့ လက်ရှိမှာ တတိယမြောက် ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပြီးတော့ ၁၁၁ ဂိုး သွင်းယူပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.