နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၄ ပွဲဆက် အရှုံးကြောင့် မန်စီးတီးမှာ ဆက်ရှိနေတာလို့ ဖွင့်ဟလာတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပပ် ဂွါဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ၂၀၂၇ ခုနှစ် အထိ ၂ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို စာချုပ်သက်တမ်းတိုး ဖြစ်ခဲ့ရခြင်း ကတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နာမည်ကျော် စပိန် လူမျိုး နည်းပြ ပပ် ဂွါဒီယိုလာက မန်စီးတီးကို ၂၀၁၆ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ဒီလို ကြာရှည်တဲ့ ကာလ အတွင်းမှာ ဂွါဒီယိုလာက မန်စီးတီး အတွက် ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၆ လုံး အထိ ရယူပေးခဲ့ပါတယ်။ 

မန်ချက်စတာစီးတီးနဲ့ ယခင် ချုပ်ဆိုထားခဲ့တဲ့ စာချုပ်အရ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်း ကနေ ထွက်ခွာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး ကတော့ ယခုရာသီတွင် ဒဏ်ရာ ပြဿနာများနှင့် ကြုံတွေ့နေရပြီး ပြိုင်ပွဲစုံ (၄) ပွဲ ဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဂွါဒီယိုလာသည် မန်စီးတီးနဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက “ အခုအချိန်မှာ အသင်း ကနေ ကျွန်တော် ထွက်ခွာလို့ မရဘူးလို့ ထင်ပါတယ်။ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ကျွန်တော် မန်စီးတီးနဲ့ စာချုပ် သက်တမ်းတိုးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်ပြီးနောက်မှာ ကျွန်တော်တို့ အနေနဲ့ ပြန်ပြီး တုံ့ပြန်ဖို့ ထိုက်တန်ပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့ အောင်မြင်မှုတွေ ဆက်ရနေဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဒီစကားကို ကျွန်တော် ဘဝမြင့်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒါက အမှန်တရားမို့လို့ပါ။” လို့ အသင်း ဝက်ဘ်ဆိုက် ကနေ ပြောကြားခဲ့ပါတယ်။ 

ဒီလို ကြာရှည်တဲ့ ကာလ အတွင်းမှာ ဂွါဒီယိုလာက မန်စီးတီး အတွက် ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၆ လုံး အထိ ရယူပေးခဲ့ပါတယ်။
မန်စီးတီးကို ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အထိ ရယူပေးထားတဲ့ ဂွါဒီယိုလာ

မန်စီးတီး ကတော့ လိဂ်ဖလားမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် မှာ ဘရိုက်တန်၊ ချန်ပီယံလိဂ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ပရီးမီးယားလိဂ် မှာ ဘုန်းမောက် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းမှာ မန်စီးတီး အတွက် ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာ အတွက်လည်း သူ့ရဲ့ နည်းပြ ဘဝ တစ်လျှောက် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရပါတယ်။  

ပပ် ဂွါဒီယိုလာက သူ့ အနေနဲ့ မန်စီးတီးကို အခက်အခဲတွေ ကျော်ဖြတ်နိုင်ဖို့ အတွက် ကူညီဖို့ ဆုံးဖြတ်ထားသလို အရင်လိုမျိုး ခြေစွမ်း တည်ငြိမ်တဲ့ အသင်း ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ကတိပေးစကား ပြောကြားခဲ့သည်။ ဒါ့အပြင် ဂွါဒီယိုလာက မန်စီးတီးကို ကိုင်တွယ်ရခြင်းမှာ အဓိပ္ပာယ် များစွာ ရှိကြောင်းနဲ့ မန်စီးတီးမှာ သူ လိုချင်တဲ့ အရာအားလုံးကို ရနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်