တော့တင်ဟမ်ဟော့စပါး ကတော့ ခရစ္စတယ်ပဲလေ့စ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သလို တန်းဆင်းရနိုင်ခြေလည်း ပိုမို မြင့်မားလာခဲ့ပါပြီ။ နည်းပြ စပါးဟာ အိမ်ကွင်းမှာ ပွဲချိန် တော်တော်များများ တစ်ယောက်လျော့နဲ့ ကစားခဲ့ရကာ အီဂေါ တူဒါ အတွက်တော့ နောက်ထပ် စိတ်ပျက်စရာ နေ့ရက်တစ်ရက်လည်း ဖြစ်ခဲ့ရပါတယ်။
ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး အစ္စမိုင်လာ ဆားဟာ ပထမပိုင်းမှာတင် နှစ်ဂိုး သွင်းယူပြီး စပါးကို ဒုက္ခပေးခဲ့သလို၊ စပါး အသင်းခေါင်းဆောင် မစ်ကီ ဗန်ဒီဗန်လည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ နော့တင်ဟမ်ဖောရက်စ်က မန်စီးတီးကို သရေကစားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းက ဖူလ်ဟမ်ကို အနိုင်ရရှိသွားခဲ့တာကြောင့် စပါးဟာ ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်နေပေမယ့် မစွမ်းဆောင်နိုင်ခဲ့ပဲ တန်းဆင်းဇုန်နဲ့ (၁) မှတ် အကွာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲချိန် ၂၉ မိနစ်မှာ ဆားရဲ့ ကန်ချက် ဂိုးဝင်သွားခဲ့ပေမယ့် VAR ကြည့်ရှုပြီးနောက် လူကျွံနေတာကြောင့် ဂိုးမပေးခဲ့ပါဘူး။ ပွဲချိန် ၃၄ မိနစ် မှာတော့ စပါးက အခွင့်အရေးကို အသုံးချပြီး ဒေါမနစ်ခ် ဆိုလန်ကီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၅ မိနစ် ဝန်းကျင် အရောက် မှာတော့ မစ်ကီ ဗန်ဒီဗန်က ဆားရ်ကို ဧရိယာအတွင်း ဆွဲလှဲခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရပါတယ်။ ပင်နယ်တီ ကိုတော့ ဆား ကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး အဖြစ် ရယူပေးခဲ့ပါတယ်။

ပထမပိုင်း နာကျင်အချိန်ပိုမှာ အဒမ် ဝှာတန်ရဲ့ ဖန်တီးပေးပို့မှု ကနေ တစ်ဆင့် ဆားကပဲ ဒုတိယဂိုး သွင်းယူခဲ့သလို၊ ဂျော်ဂန် စထရန်း လာဆင် ကလည်း ထပ်မံ ဂိုးသွင်းယူခဲ့လို့ ခရစ္စတယ်ပဲလေ့စ်တို့ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ၁၀ ယောက်တည်း ကျန်တဲ့ စပါးက ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ပဲလေ့စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန်က ကာကွယ်သွားနိုင်ခဲ့လို့ ပွဲအပြီး မှာတော့ စပါးတို့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ပွဲအပြီး မှာတော့ စပါး ပရိသတ်တွေက အသင်းရဲ့ ခြေစွမ်းအပေါ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဒဏ်ရာရ ကစားသမား များပြားနေမှုနဲ့ စည်းကမ်းပိုင်း အားနည်းမှုတွေကြောင့် စပါးဟာ ချန်ပီယံရှစ်ဆီ တန်းဆင်းရနိုင်ခြေ မြင့်တက်နေပြီ ဖြစ်ပါတယ်။ လက်ရှိ စပါးရဲ့ အခြေအနေက တော်တော်လေး ကိုမှ စိုးရိမ်စရာ ကောင်းနေပြီး ဘယ်အသင်းနဲ့ တွေ့တွေ့ အဆိပ်မရှိတဲ့ မြွေတကောင်လို့ ဖြစ်နေတာပါ။
မှတ်တမ်းတွေအရ ဆိုရင် တော့တင်ဟမ်ဟော့စပါးဟာ ၁၉၇၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လိဂ်ပွဲစဉ် ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် အီဂေါ တူဒါဟာ တော့တင်ဟမ်ဟော့စပါး သမိုင်းမှာ နည်းပြဘဝ အစောပိုင်း ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ ဒုတိယမြောက် နည်းပြ ဖြစ်လာပါတယ်။ (ပထမဆုံး နည်းပြ ကတော့ ၂၀၀၄ ခုနှစ်က မာတင် ယိုးလ် ဖြစ်ပါတယ်) ။ ဒါ့အပြင် ဒီရာသီမှာ စပါးဟာ အနီကတ် ၄ ကတ် အထိ ပြသခံထားရပြီး ချဲလ်ဆီး (၇ ကတ်) ပြီးရင် ဒုတိယ အများဆုံး ဖြစ်နေပါတယ်။အချုပ်အားဖြင့် ဆိုရရင်တော့ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီနိုင်ပွဲကြောင့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းရော၊ အဆင့်ပါ တက်လာပေမယ့် စပါး အတွက်ကတော့ တန်းမဆင်းရရေးအတွက် အကြီးအကျယ် ရုန်းကန်ရတော့မယ့် အခြေအနေကို ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် ပွဲစဉ်တွေ မှာလည်း စပါးဟာ လစ်ဗာပူးလ်နဲ့ ကစားရဦးမှာ ဖြစ်လို့ ဒီခြေစွမ်းနဲ့သာ ဆိုရင် အမှတ်ရဖို့ မမြင်ပါဘူး။ မြောက်လန်ဒန် ကြက်ဖကြီးတို့ ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲမှာ ဘယ်လောက်အထိ ရုန်းပြမလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


