နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကူညာကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေတဲ့ ဖောရက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကတော့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တိုက်စစ်မှူး မားသီးယပ်စ် ကူညာကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။

ကူညာ ကိုတော့ နော့တင်ဟမ်ဖောရက်စ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၅ သင်းက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နူနို ဆန်းတို့စ်ရဲ့ အသင်းက လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုဟာ ဝုဗ်ကို စွဲဆောင်နိုင်ဖို့ လုံလောက်တတဲ့ ပမာဏ ဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ဒီလို ကူညာ အပေါ် စိတ်ဝင်စားမှု များစွာ ရှိနေပေမယ့်လည်း ဝုဗ် ကတော့ သူတို့ရဲ့ ကစားသမားကို လက်ရှိ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ဆန္ဒမရှိကြောင်းလည်း သိရပါတယ်။ ကူညာဟာ ဝုဗ်နဲ့ စာချုပ် သက်တမ်းမှာ ၂ နှစ်ခွဲ ကျန်ရှိနေသေးပြီး အသင်း အတွက်လည်း ခြေစွမ်းပြနေတာကြောင့် အလွယ်တကူ လက်မလွှတ်ချင်တာလည်း ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေအရ ဆိုရင် ကူညာနဲ့ ဝုဗ်တို့ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။ဒါပေမယ့် ချဲလ်ဆီးကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ကူညာရဲ့ အပြုအမူ တချို့ကြောင့် နည်းပြ ဖြစ်သူ ပါရဲရားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ကူညာရဲ့ အပြောင်းအရွှေ့ သတင်းတွေက ပြန်လည် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကူညာ ကိုတော့ နော့တင်ဟမ်ဖောရက်စ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၅ သင်းက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဝုဗ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရထားတဲ့ ကူညာ

နည်းပြ ဖြစ်သူရဲ့ ပြင်းထန်တဲ့ စကားလုံး တချို့ကြောင့် လက်ရှိမှာ ကိစ္စတွေက ပိုမို ရှုပ်ထွေးလာခဲ့ပြီးတော့ ကူညာ တစ်ယောက် အသင်းပြောင်းဖို့ စဉ်းစားနေပြီလို့လည်း သိရပါတယ်။ဝုဗ် နည်းပြ ဗစ်တာ ပါရဲရားက “သူဟာ အသင်းခေါင်းဆောင်ပါ။ သူအနိုင်ရလိုတာကြောင့် စိတ်ပျက်ခွင့် ရှိပါတယ်။ အဝတ်လဲခန်းထဲက လူတိုင်းက အနိုင်ရချင်ကြပါတယ်။ သူ့ရဲ့ အပြုအမူတွေနဲ့ ပတ်သတ်လို့ ကျွန်တော် သဘောမကျပါဘူး။ ဒီတစ်ကြိမ်မှာ ကျွန်တော် လက်ခံပေးလိုက်ပါမယ်။ ဒါပေမယ့် နောက်တစ်ကြိမ်တော့ မရပါဘူး။” လို့ ပြင်းပြင်းထန်ထန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပါရဲရားက ကူညာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့တော့ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်ထားပြီး ကူညာက ဝုဗ်နဲ့ သက်ဆိုင်သူ ဖြစ်ကြောင်း တခြား အသင်းတွေက စိတ်ဝင်စားလာတဲ့ အခါ သူက လူသား တစ်ဦး ဖြစ်ပြီး ဒီလို ကိစ္စတွေက ဘောလုံးမှာ ပုံမှန်ပဲ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကူညာ ကိုတော ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မန်စီးတီးက အိုမာ မာမွတ်ရှ်ကို ခေါ်ယူခဲ့တာကြောင့် ကူညာ အပေါ်မှာ စိတ်ဝင်စားမှု လျော့ကျသွားပုံ ရသလို ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကလည်း ဒီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ခေါ်ယူမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ဒါကြောင့် တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ အာဆင်နယ်နဲ့ စပါး တို့ကတော့ ဆက်လက် ကြိုးပမ်းဖွယ် ရှိနေပါတယ်။

ဆက်စပ် သတင်းတွေ အရ ဆိုရင် နော့တင်ဟမ်ဖောရက်စ်က ဘရန့်ဖို့ဒ် တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘရန့်ဖို့ဒ် ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် အနည်းဆုံး ပေါင် ၂၂ သန်းမှ မရရင် ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်