နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်မရာဘတ်ကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖီအိုရင်တီးနား၊ အခု အပြောင်းအရွှေ့မှာ ဂတ်စတိုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်တဲ့ လိုင်ယွန် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အမ်မရာဘတ်ကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖီအိုရင်တီးနား၊ လက်ရှိ အပြောင်းအရွှေ့မှာ ဂတ်စတိုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်တဲ့ လိုင်ယွန် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အမ်မရာဘတ်ကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖီအိုရင်တီးနား

ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ် ကိုတော့ ဖီအိုရင်တီးနား အသင်းက အပြောင်းအရွှေ့ ပိတ်သိမ်းချိန် အထိ ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် ကွင်းလယ်လူဟာ မော်ရိုကို လက်ရွေးစင် အသင်းကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့ အဓိက ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အမ်မရာဘတ်က ကွင်းလယ် အတွက် သာမက ခံစစ် အတွက်လည်း စိတ်ချရတဲ့ ကစားသမား ဖြစ်နေတာကြောင့် လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ၂၀၂၂ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရိုဒရီဂို ဘန်တန်ကာကို မခေါ်ယူခင် အမ်မရာဘတ်ကို စိတ်ဝင်စားခဲ့ဖူးသလို ခေါ်ယူဖို့လည်း နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အမ်မရာဘတ်ကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်လာချိန် မှာတော့ အသင်း ပရိသတ်တွေက အပြင်းအထန် ဝေဖန်ခဲ့တာကြောင့် စပါးတို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကမှ ကလပ် ဘရုဂျက် ကနေ စီးရီးအေ ကလပ် ဖီအိုရင်တီးနားကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၂၀၂၄ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို စာချုပ်ပါ အချက်အလက်တွေ အရ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေတယ်လို့ သိရပါတယ်။


လက်ရှိ အပြောင်းအရွှေ့မှာ ဂတ်စတိုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူး ဆိုတဲ့ လိုင်ယွန် ဥက္ကဌ

ချဲလ်ဆီးက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မယ်လို ဂတ်စတိုကို လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာခွင့် ပေးသွားမှာ မဟုတ်ကြောင်း လိုင်ယွန် ဥက္ကဌ ဂျင်းန်မစ်ချယ် အောလက်စ်က ပြောကြားလိုက်ပါတယ်။

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ကြယ်ပွင့်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးတို့ ဂတ်စတိုကို ၆ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
ဘရန့်ဖို့ဒ် FC
1X2 သရေ @ 4.30
အာဆင်နယ် အာရှ အကျောပေး -1.25 @ 1.92
ဂိုး‌အောက် 2.75 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးရဲ့ ပေါင် ၁၇.၆ သန်းနဲ့ ကမ်းလှမ်းချက် ကိုတော့ လိုင်ယွန် ဘက်က ပယ်ချထားခဲ့ပြီး လက်ရှိ မှာတော့ ကစားသမားဟာ အနည်းဆုံး ဇွန်လ ၃၀ ရက်နေ့ အထိ လိုင်ယွန်မှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း ဥက္ကဌ ကိုယ်တိုင်က အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေ အရ လိုင်ယွန် အနေနဲ့ ပေါင် ၃၅ သန်း ရမယ် ဆိုရင် ဂတ်စတိုကို ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ခွင့်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဒေးဗစ် ဒါထရို ဖိုဖာနာ၊ အန်ဒရေ ဆန်းတို့စ်နဲ့ မီခိုင်လို မူဒရစ်ခ်၊ နိုနီ မာဒူအီကီ တို့ကို အပြီးသတ် ခေါ်ယူထားခဲ့ပြီး ဂျာအို ဖီးလစ် ကိုတော့ အငှားနဲ့ ခေါ်ယူထားခဲ့ပါတယ်။


လူတန်တောင်း နောက်ခံလူကို ခေါ်ယူခဲ့တဲ့ ဆောက်သမ်တန်

ဆောက်သမ်တန် ကတော့ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလရဲ့ တတိယမြောက် ခေါ်ယူမှု အဖြစ် လူတန်တောင်း နောက်ခံလူ ဂျိမ်းစ် ဘရီးကို ခေါ်ယူလိုက်ပါတယ်။ ၃ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပေမယ့် ပြောင်းရွှေ့ကြေး ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ နည်းပြ ဖြစ်သူ နေသန် ဂျုံးစ်နဲ့ ပြန်လည် လက်တွဲခွင့် ရရှိခဲ့တာ ဖြစ်ပြီး နည်းပြ ဖြစ်သူ ကလည်း ဆောက်သမ်တန်ရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင် ဖြည့်တင်းဖို့ အတွက် သူ့ရဲ့ တပည့်ဟောင်းကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘရီးက “ကျနော် ချွင်းချက်မရှိ ဝမ်းသာမိပါတယ်။ ဒီလို ပရီးမီးယားလိဂ် ကလပ် အသင်းကြီး တစ်သင်းမှာ ကစားဖို့၊ နည်းပြဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ အခွင့်အရေး ရရချင်းမှာပဲ တန်းပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပါ။”

“ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ ဆိုတာ ကျနော့်ရဲ့ ငယ်ဘဝ အိမ်မက် ဖြစ်ပါတယ်။ ဆောက်သမ်တန်လို အသင်းမှာ ကစားရဖို့ ဆိုတာ ကလည်း အိမ်မက်လိုပဲလေ။”

ဆောက်သမ်တန် ကတော့ လက်ရှိ ရာသီမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေသလို ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကစားပြီးချိန် အထိ ၁၅ မှတ်သာ ရရှိထားတာကြောင့် အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်