နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းရဲ့ ယုံကြည်မှု ကင်းမဲ့နေခြင်းကို အရမ်း စိုးရိမ်နေတဲ့ ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က အသင်းရဲ့ ယုံကြည်မှု ကင်းမဲ့နေမှု အတွက် အရမ်းကို စိုးရိမ်နေကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုတစ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဖာနန်ဒက်စ်က အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် တို့မှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်ရဲ့ ပထမဦးဆုံး ကစားတဲ့ ပွဲမှာတော့ အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရူဘင် အမော်ရင် လက်ထက် ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားရာမှာ ၃ ပွဲသာ အနိုင်ရခဲ့ပြီးတော့ ၂ လ နီးပါး ကြာမြင့်ချိန်မှာ ပြိုင်ပွဲစုံ ရှုံးပွဲက ၆ ပွဲအထိ ရှိနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဖာနန်ဒက်စ်က သူ့အသင်းဟာ ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်လို့ လက်ခံထားပြီး အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ၂-၁ နဲ့ ဦးဆောင်ခံထားရချိန် ပွဲထဲမှာ ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအခိုက်အတန့်မှာ ကျွန်တော်တို့ ယုံကြည်မှု အနည်းငယ် ကင်းမဲ့ခဲ့ပြီး ပွဲထဲ ပြန်ဝင်နိုင်ခဲ့သင့်သလို ပွဲကိုလည်း ပြောင်းလဲနိုင်ခဲ့သင့်ပါတယ်။” လို့ ဖာနန်ဒက်စ်က MUTV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရူဘင် အမော်ရင် လက်ထက် ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားရာမှာ ၃ ပွဲသာ အနိုင်ရခဲ့ပြီးတော့ ၂ လ နီးပါး ကြာမြင့်ချိန်မှာ ပြိုင်ပွဲစုံ ရှုံးပွဲက ၆ ပွဲအထိ ရှိနေတာ ဖြစ်ပါတယ်။
နည်းပြသစ်နဲ့ အတူ ပြိုင်ပွဲစုံ ရှုံးပွဲက ၆ ပွဲအထိ ရှိနေတဲ့ ယူနိုက်တက်

ဆက်လက်ပြီး “၃-၁ ဖြစ်သွားချိန်မှာ အရာအားလုံးက နည်းနည်း ပိုခက်လာပါတယ်။ ကျွန်တော်တို့ ပွဲကို အာရုံပြန်စိုက်ဖို့ အချိန်ကျန်သေးတယ်၊ ခြားနားတဲ့ တစ်ခုခု လုပ်ဖို့ အချိန်ကျန်ပါသေးတယ်၊ ဒါပေမယ့် ကျွန်တော့် အတွက် အစိုးရိမ်ရဆုံးက ယုံကြည်မှု နည်းပါးမှုပါပဲ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ လုပ်နိုင်သမျှ အရာတွေ အကုန်လုံး လုပ်ခဲ့ရမှာပါ။” လို့ ဖာနန်ဒက်စ်က ညီးတွား ပြောဆိုခဲ့ပါတယ်။

နည်းပြ ဖြစ်သူ အမော်ရင် ကတော့ ဘရိုက်တန်ကို ရှုံးတဲ့ ပွဲအပြီးမှာ “အခုလို ဖြစ်နေပေမယ့်လည်း ကျွန်တော်တို့ ဆက်လုပ်ရမှာပါ။ ပြိုင်ဘက်တွေက ကျွန်တော် တို့ရဲ့ အသင်းထက် ပိုကောင်းနေပါတယ်။ ကျွန်တော် တို့ဟာ ခြေစွမ်း မတည်ငြိမ်တဲ့ အသင်း ဖြစ်ပြီးတော့ ကျွန်တော်လည်း အသင်းကို အကူအညီမပေးနိုင်ဘူး ဖြစ်နေပါတယ်။ ခင်ဗျားတို့ အနေနဲ့  သတင်းခေါင်းစဉ် တစ်ခု လိုချင်ကြလိမ့်မယ် ဆိုတာ ကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ခေါင်းစဉ်တပ်လို့ ကောင်းမယ့် အကြောင်းအရာကို ကျွန်တော် ပြောပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ အခြေအနေမှန်ကို သိမှသာ ဒါကို ပြန်ပြောင်းလဲနိုင်မှာ ဖြစ်လို့ပါ။ ဒါကြောင့် ခင်ဗျားတို့ ခေါင်းစဉ် တပ်လိုက်ပါ။ ကျွန်တော် တို့က မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းတလျှောက် အညံ့ဆုံး အသင်းတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအသင်းကို ပြောင်းလဲမှု လုပ်ဖို့ အတွက် ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။

ဒါပေမယ့် မလုပ်လို့လည်း မရပါဘူး။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပြီးတော့ ဇယား ထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ထက် တန်းဆင်းဇုန်နဲ့ ၁၀ မှတ်သာ ကွာဟနေခဲ့ပါပြီ။ ယူနိုက်တက်ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် ရိန်းဂျားစ်နဲ့ အိမ်ကွင်း ဧည့်ခံကစားရဖို့ ရှိနေပြီးတော့ တနင်္ဂနွေနေ့ မှာတော့ ဖူလ်ဟမ်ကို ခရေဗင်ကော့တေ့ဂျ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်