နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယူးကာဆယ် ကစားသမားတွေက သူ့ကို ယုံကြည်နေဆဲ ဖြစ်ကြောင်း ပြသခဲ့ကြတယ် ဆိုတဲ့ အက်ဒီဟောင်းဝ် | ပရီးမီးယားလိဂ်

နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာ အနိုင်ရခဲ့တာက အသင်းသားတွေ အစွမ်းကုန် ကစားပေးခဲ့ကြလို့ ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ မှာ နယူးကာဆယ်က စပါးကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် အတွက်တော့ ဒီနိုင်ပွဲက အနည်းငယ် အသက်ရှူချောင်စေခဲ့ပြီး သူ့ရဲ့ ကစားသမားတွေဟာ သူ့အပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်း သက်သေပြခဲ့ကြတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဇယားရဲ့ အဆင့် ၁၀ နေရာ အထိ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် စနေနေ့က ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုပါ ခံခဲ့ရပါတယ်။

အဲဒီရှုံးနိမ့်မှုနဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှု အပေါ် အက်ဒီ ဟောင်းဝ်က “ကျွန်တော် ကျွန်တော့် အလုပ်ကို လုံလောက်အောင် မလုပ်နိုင်ခဲ့တာ သိသာပါတယ်။” လို့ ဝန်ခံခဲ့သလို၊ စပါးနဲ့ ပွဲမတိုင်ခင်မှာလည်း “နယူးကာဆယ်အတွက် သင့်တော်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် ခံစားရသရွေ့ပဲ ဒီရာထူးမှာ ဆက်ရှိနေမယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲအပြီး မှာတော့ အခြေအနေတွေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ်နဲ့ ကီရန် ထရစ်ပီယာ တို့က နည်းပြ အက်ဒီ ဟောင်းဝ်ကို အဝေးကွင်းကို လိုက်ပါလာတဲ့ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံဖို့ တွန်းပို့ပေးခဲ့ကြပါတယ်။

ဒီပွဲမှာ မာလစ်ခ် သီယောရဲ့ ဦးဆောင်ဂိုး မတိုင်ခင်နဲ့ ဂိုးရပြီး နောက်ပိုင်းမှာ နယူးကာဆယ်တို့ အခွင့်အရေး တချို့ ဖြုန်းတီးခဲ့ကြသလို၊ ၆၄ မိနစ်မှာ အာချီ ဂရေးရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဒီရာသီ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ တချို့ကို ပြန်လည် သတိရစေခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ရဲ့ စိတ်ဓာတ်ပိုင်းက သံသယဖြစ်စရာ မရှိခဲ့ပဲ ဂျက်ကော့ဘ် ရမ်ဆေးက အသင်း အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ နယူးကာဆယ် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒီဂိုးဟာ သူ့ရဲ့ နယူးကာဆယ် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
လက်တလော အမှတ်ပေးဇယား အလယ်ကို ရောက်ရှိနေတဲ့ နယူးကာဆယ်

ပွဲအပြီး အင်တာဗျူး မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှုံးနိမ့်မှုတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ အများကြီး လုပ်ခဲ့ရသလားလို့ မေးမြန်းရာမှာ ဟောင်းဝ်က ပြုံးပြီး “အများကြီးဆိုတာထက်တောင် ပိုပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အသင်းက အခုလို အခြေအနေမျိုးနဲ့ ကြုံနေရချိန်မှာ အရာရာကို ပြန်သုံးသပ်ရပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာတွေဟာ ဟန်ဆောင်တာ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေပါ။ ကျွန်တော် ထပ်ပြောပါမယ်။ ဒီအလုပ်ကို လုပ်ဖို့ အတွက် ပေးဆပ်မှုတွေ အပြင် ကျွန်တော်ဟာ ဒီနေရာနဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုအပ်သလို၊ ကစားသမားတွေ ကလည်း ကျွန်တော့် အတွက် ကစားပေးနေတယ် ဆိုတာ ခံစားရဖို့ လိုပါတယ်။ ဒီနေ့မှာ သူတို့ ဒါကို သက်သေပြခဲ့ကြတယ်။ ဒါပေမယ့် နောက်ပွဲတွေ မှာလည်း ဒီလိုမျိုး အမြဲတမ်း တသမတ်တည်း ရှိနေဖို့ လိုပါတယ်။” လို့ ဆိုပါတယ်။

ဘရန့်ဖို့ဒ်နဲ့ ပွဲက ရှုံးနိမ့်မှုကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ အသုံးချနိုင်ခဲ့ပြီး ဒီရလဒ်က အသင်းကို ပိုမိုစည်းလုံးစေခဲ့သလို ဆက်ဆံရေးတွေကိုလည်း ပိုမိုခိုင်မာစေခဲ့တယ်လို့ ဟောင်းဝ်က ယုံကြည်နေပါတယ်။ “ဒီအလုပ်က တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော် တို့ဟာ အမြင့်ဆုံး အဆင့်မှာ ကစားနေရတာ ဖြစ်ပြီး သုံးရက် တစ်ပွဲနှုန်းနဲ့ ကစားနေရတဲ့ ပွဲစဉ်ဇယားက တစ်ခါတလေ အသက်ရှူရတာတောင် ခက်ခဲစေပါတယ်။ ဒါကြောင့်လည်း ဒီနေ့မှာ ကစားသမား တချို့ကို အလှည့်ကျ နားစေခဲ့တာပါ။” လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့်လည်း စပါးနဲ့ ပွဲမှာ နယူးကာဆယ် အတွက် စိတ်ပျက်စရာ ကိစ္စ တစ်ခု ဖြစ်ခဲ့ပြီး ဒါက အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ် ပွဲပြီးခါနီးမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ လက်တလော မှာတော့ ဂီမာရေးစ်ရဲ့ ဒဏ်ရာက တံကောက်ကြော ဟုတ်မဟုတ် ကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်