နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ အသင်း ကနေ ထွက်ခွာဖို့ များနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးက ပြင်သစ် တိုက်စစ် ကစားသမားရဲ့ နေရာမှာ အစားထိုးဖို့ ရှာဖွေလျက် ရှိပြီး အခုနောက်ဆုံး မှာတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

The Times ရဲ့ ဖော်ပြချက်အရ အသက် ၂၇ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်ကွန်ကူက ဒီရာသီမှာ အသင်း အတွက် ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြင်သစ် လက်ရွေးစင် က အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေပြီး သူ့ကို အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ လိုက်ပ်ဇစ် ကနေ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
အန်ကွန်ကူရဲ့ နေရာ အတွက် အစားထိုး ကစားသမား ရှာဖွေနေတဲ့ ချဲလ်ဆီး

အသက် ၂၇ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ လိုက်ပ်ဇစ် ကနေ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ ရာသီကြိုကာလ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အန်ကွန်ကူက ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီး ဩဂုတ်လ ကနေ ဒီဇင်ဘာလလယ် အထိ အနားယူခဲ့ရပါတယ်။ အန်ကွန်ကူဟာ သူရဲ့ ချဲလ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ဒဏ်ရာ ပြဿနာတွေကြောင့် ရက်ပေါင်း ၂၀၀ ကျော်ကြာ အနားယူခဲ့ရပြီးတော့ ဒီရာသီမှသာ ဒဏ်ရာ ကင်းစင်ပြီး ကစားနိုင်တာပါ။ ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ အန်ကွန်ကူထက် နီကိုးလပ်စ် ဂျက်ဆင်၊ မာဒူအီခီ တို့ကိုသာ ပွဲထွက် ကစားခွင့်ပိုပေးနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးက လက်ရှိ ဇန်နဝါရီ အပြောင်းအရှေ့မှာ အန်ကွန်ကူကို ရောင်းထုတ်ပြီးရင်တော့ သူ့ရဲ့ နေရာမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ် ကတော့ ၂၀၂၂ ဇန်နဝါရီမှာ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဗလာဟိုဗစ်က ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ၁၂၅ ပွဲ ကစားပြီး ၅၃ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဗလာဟိုဗစ်က လက်ရှိမှာ တစ်နှစ် လုပ်ခ လစာ ပေါင် ၁၀ သန်းအောက်သာ ရရှိနေသလို ဂျူဗင်တပ်စ် ကလည်း လစာ ထပ်မံ လျှော့လိုနေတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အခွင့်ကောင်းယူကာ ဗလာဟိုဗစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ဗလာဟိုဗစ် အတွက် အသင်း နောက်ခံလူ ရီနာတို ဗိုင်ဂါကို အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်