ဘုန်းမောက် – တော့တင်ဟမ်ဟော့စပါး
အခုတစ်ပတ် ကြားရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘုန်းမောက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ တွေ့ဆုံနေခဲ့ပါတယ်။ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်တွေမှာ ဒုက္ခပေးတတ်တဲ့ ဘုန်းမောက်တို့ စပါးကို အိမ်ကွင်းမှာ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
အိုင်ဒါအိုလာရဲ့ ဘုန်းမောက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၅ ပွဲ၊ ရှုံးပွဲ ၅ ပွဲ ရှိထားပြီးတော့ ၃ ပွဲ သရေကျထားပါတယ်။ မန်စီးတီးကို အနိုင်ကစားပြီးနောက် ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်ကို ရှုံးခဲ့တဲ့ ဘုန်းမောက်က နောက်ဆုံး ပွဲမှာတော့ ဝုဗ်ကို အဝေးကွင်းမှာ ဂိုးပြတ် နိုင်ထားပါတယ်။ တိုက်စစ် အားပြုပြီး ကစားအားကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်တတ်တဲ့ ဘုန်းမောက်က အိမ်ကွင်း ကစားပုံလည်း ကောင်းပါတယ်။ နောက်ပြီး အဓိက ကစားသမား အစုံအလင်နဲ့လည်း ကစားနိုင်မှာ ဖြစ်လို့ စပါး အတွက်တော့ ခက်ခဲဦးမှာ သေချာပါတယ်။
အန်ဂျီ ပိုစတီကိုဂလူးရဲ့ စပါး ကတော့ ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းနဲ့ အတူ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ ရိုးမားနဲ့ ဖူလ်ဟမ်ကို နှစ်ပွဲဆက် သရေကျထားတဲ့ စပါးတို့ နိုင်ပွဲ ပြန်ရှာချင်နေမှာ ဖြစ်ပေမယ့် ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေတဲ့ စပါးက ဒီရာသီမှာ ရှုံးပွဲ ၅ ပွဲအထိတောင် ရှိထားလို့ ထပ်ပြီး မှားလို့တော့ မရပါဘူး။ နောက်ပြီး အစဉ်အလာအရလည်း စပါးက ဘုန်းမောက်နဲ့ တွေ့ရင် ရလဒ်ကောင်းတတ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ ဘုန်းမောက် ဘက်က အဲလက်စ် စကော့တ်၊ အာရူဟို၊ စင်နီစတာရာ တို့ လွဲချော်မှာ ဖြစ်ပါတယ်။ စပါး ဘက်မှာတော့ ဒဏ်ရာရ ကစားသမားတွေ တော်တော်လေး များပြားနေပြီးတော့ ဘန်တန်ကာ ကလည်း ပွဲပယ် ပြစ်ဒဏ်ထိထားပါသေးတယ်။ ဒါ့အပြင် အာချီ ဂရေး၊ ရိုမဲယိုနဲ့ ဆိုလန်ကီတို့ ၃ ဦး ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ကျိန်းသေပေါက် လွဲချော်မယ့် သူတွေ ကတော့ ဗီကာရီယို၊ ဗန်ဒီဗန်၊ မော၊ ရစ်ချာလီဆင်နဲ့ အိုဒိုဘတ်တို့ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘုန်းမောက် – ကီပါ၊ စမစ်၊ ဇဘာညီ၊ ဆီနက်ဆီ၊ ကာကက်ဇ်၊ အဒမ်စ်၊ ခရစ္စတီ၊ ဆီမီညို၊ ကလွိုင်ဗက်၊ တာဗာနီယာ၊ အီဗန်နီလ်ဆင်
တော့တင်ဟမ်ဟော့စပါး – ဖော်စတာ၊ ပေါ်ရို၊ ဒရာဂူဆင်၊ ဒေးဗီးစ်၊ အူဒိုဂီ၊ ကူလူဆက်ဗ်စကီး၊ ဘစ်ဆူးမား၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဆွန်၊ ဆိုလန်ကီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၅ ကြိမ်မှာ ဘုန်းမောက်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး စပါးက ၁၁ ကြိမ် အထိ အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ စပါးက ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဘုန်းမောက်က ၁ ကြိမ် ပြန်နိုင်ခဲ့ပါတယ်။ ဗိုက်တယ်လတီကွင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာလည်း စပါးက ဘုန်းမောက်ကို ၃ ကြိမ်ထိ နိုင်ကာ ၁ ကြိမ် သရေ၊ ၁ ကြိမ် ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ ဘုန်းမောက် နိုင်ရင် ၂.၅၃ ဆ နီးပါး ရမှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး နိုင်ရင်တော့ ၂.၃၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၆၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း စပါးက ဒဲ့ကြေး ပေါက်နေပြီး ဂိုးပေါင်း ကလည်း ၃ လုံးမှ ပျော်ရမှာပါ။ ဒီရာသီ ဘုန်းမောက်က အသင်းကြီးတွေနဲ့ တွေ့ရင် ဒုက္ခပေးတတ်တဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရနေပြီး စပါး ကတော့ ဒဏ်ရာရကစားသမား များနေသလို ခြေစွမ်း မတည်ငြိမ်သေးပါဘူး။ နောက်ဆုံး ပွဲ ခြေစွမ်းတွေ အရ ဆိုရင်တော့ စပါးတို့ ဘုန်းမောက်ကို အသာရဖို့ မလွယ်ပါဘူး။ ဂိုးသွင်းအားကောင်းတဲ့ အသင်းတွေ ဖြစ်နေလို့ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားချင်ပါတယ်။ သရေကျသွားနိုင်တဲ့ ပွဲဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၂-၂ တော့တင်ဟမ်ဟော့စပါး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.