အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အတွက် ယူရို ၅၀ သန်း (ပေါင် ၄၂ သန်း၊ ဒေါ်လာ ၅၅.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဖာနန်ဒက်စ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က သူ့ကို ရောင်းထုတ်ချင်ခဲ့ကြောင်း ဖွင့်ဟထားပါတယ်။
လစ်ဗာပူးလ် ကတော့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ အန်ဖီးလ်ကို ပြောင်းရွှေ့လာတဲ့ အလက်ဇန္တား အိဆက်ခ် ကိုတော့ လအနည်းငယ်အကြာမှာ ရောင်းချဖို့ စဉ်းစားနေပါပြီ။ ဖြစ်နိုင်ခြေရှိတဲ့ နေရာ တစ်ခု ကတော့ ဆော်ဒီပရိုလိဂ် ဖြစ်ပြီး ဒီလိဂ် ကတော့ ဆွီဒင်သားကို သဘောတူညီချက် တစ်ခုနဲ့ ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးကို ပေးချေဖို့ နိုင်တဲ့ လိဂ် တစ်ခုလည်း ဖြစ်ပါတယ်။
ရူဘင် အမော်ရင် အနေနဲ့ အသင်းကို ဆက်လက် ကိုင်တွယ်နေချိန်မှာ ကိုဘီ မိန်းနူး ကတော့ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် မရှိဖို့ များနေပါတယ်။ ဒါ့အပြင် အင်္ဂလန်သားက အိုးထရက်ဖို့ဒ် ကနေ အပြီးသတ် ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်ယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့ဟာ အင်တာမီလန် တောင်ပံ ကစားသမား ဒန်ဇဲလ် ဒမ်းဖရီးစ်ကို စိတ်ဝင်စားနေကြကြောင်း TEAMtalk က ဖော်ပြပါတယ်။ ဒမ်းဖရီးစ် ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေထဲက ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေသူပါ။
ဘယ်နောက်ခံလူ ပက်ထရစ် ဒေါဂူရဲ့ ကစားပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အိုင်းထရက် ဖရန့်ဖတ်က နေသန်နီရယ် ဘရောင်း သို့မဟုတ် နယူးကာဆယ်က တီနို လစ်ဗာရာမန်တိုကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အလက်ဆန်ဒရို ဘတ်စတိုနီ ကတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အင်တာမီလန် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနိုင်နေကြောင်း သိရပါတယ်။ အီတလီသားကို လစ်ဗာပူးလ်က ခေါ်ယူချင်နေပြီး ဘာစီလိုနာ၊ ဘေယန်မြူးနစ်၊ ပဲရစ်စိန့်ဂျာမိန်းနဲ့ ရီးရဲလ်မက်ဒရစ် တို့က ၎င်းရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
ချဲလ်ဆီး ကတော့ လာမယ့် နွေရာသီမှာ နီကိုးလက်စ် ဂျက်ဆန်ကို အပြီးသတ် ရောင်းချဖို့ အသင်း ရှာဖွေသွားမယ်လို့ သိရပါတယ်။ ဘေယန်မြူးနစ် ကတော့ အငှားစာချုပ် သက်တမ်း ကုန်ဆုံးသွားတာနဲ့ ချဲလ်ဆီးထံ ပြန်လွှတ်သွားမှာ ဖြစ်ပြီး နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ အဲဗာတန်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ နာပိုလီ တို့ကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ နေရာတွေ ဖြစ်နေကြောင်း CaughtOffside က ဖော်ပြပါတယ်။
ဂျက်ဆင်ရဲ့ လက်ရှိ ဘေယန်မြူးနစ် အသင်းဖော် အလက်ဇန္တား ပက်ဗ်လိုဗစ် ကတော့ ချဲလ်ဆီးရဲ့ ကင်းထောက် အဖွဲ့နှင့် ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့ကို အထင်ကြီးစေခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ပက်ဗ်လိုဗစ်က မန်ချက်စတာစီးတီးရဲ့ ပစ်မှတ် တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ တော့တင်ဟမ်ဟော့စပါးက ဘရီနန် ဂျွန်ဆင်ရဲ့ အပြောင်းအရွှေ့ မအောင်မြင်ခဲ့ရင်တော့ မန်ချက်စတာစီးတီး တောင်ပံ ကစားသမား အော်စကာ ဘော့ဘ်ကို ပြောင်းလဲ ပစ်မှတ်ထားဖို့ ရှိနေကြောင်း သိရပါတယ်။
ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ခရူဇီယို တိုက်စစ်မှူး ကိုင်ရို ဂျော့ဂျ် အတွက် ယူရို ၂၅ သန်း (ပေါင် ၂၁.၉ သန်း၊ ဒေါ်လာ ၂၉.၃ သန်း) နဲ့ ပထမဦးဆုံး အကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


