ရီးရဲလ်မက်ဒရစ်ရဲ့ ကမ္ဘာကျော် ကစားသမားဟောင်း ဂါရက်သ် ဘေးလ်က သူ စပါး ကနေ ထွက်ခွာချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ယူနိုက်တက်ဆီ ဘာကြောင့် မပြောင်းရွှေ့ခဲ့သလဲ ဆိုတာကို ဖွင့်ဟလာခဲ့ပါတယ်။
“Stick to Football” Podcast အစီအစဉ်မှာ ဘေးလ်က အဲဒီအချိန်တုန်းက ယူနိုက်တက် နည်းပြ ဒေးဗစ် မွိုက်စ်နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ကူး လုံးဝမရှိခဲ့ကြောင်း ဝန်ခံခဲ့တာပါ။ ဒါ့အပြင် ဂါရက်သ် ဘေးလ် အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ငြင်းပယ်ခဲ့ရတဲ့ အဓိက အကြောင်းရင်း (၂) ချက် ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၃ နွေရာသီဟာ ဘေးလ် အတွက် တော့တင်ဟမ်ဟော့စပါးထက် အဆင့်အတန်း ပိုမြင့်တဲ့ အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ ရှိနေပြီ ဆိုတာ ထင်ရှားနေချိန် ဖြစ်ပါတယ်။ အထူးသဖြင့် တော့တင်ဟမ်ဟော့စပါးဟာ အာဆင်နယ်ရဲ့ အနောက် ၁ မှတ် အကွာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ဆုံံးရှုံးလိုက်ရခြင်းက သူ့ကို ဝှိုက်ဟတ်လိန်း ကနေ ထွက်ခွာဖို့ သေချာစေခဲ့တာ ဖြစ်ပါတယ်။ ဒါဆို ဘာကြောင့် သူ ယူနိုက်တက်ကို မရွေးချယ်ခဲ့သလဲ ဆိုတာကို ကြည့်ရအောင်ပါ။
၁။ နှလုံးသားက ရီးရဲလ်မက်ဒရစ်ဆီ မှာပဲ ရှိနေခြင်း
မန်ချက်စတာယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးနောက် နည်းပြသစ် ဒေးဗစ် မွိုက်စ် အတွက် နာမည်ကျော် ကစားသမားတွေ ခေါ်ယူပေးဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ထက်တောင် ပိုများခဲ့ပါတယ်။

ဒါပေမယ့် ဘေးလ်က် “ကျွန်တော် ယူနိုက်တက်နဲ့ စကားပြောခဲ့တာ မှန်ပါတယ်။ သူတို့က ရီးရဲလ်မက်ဒရစ် ထက်တောင် ပိုပြီး ဈေးပေးခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ နှလုံးသားက ရီးရဲလ်မက်ဒရစ် ကိုပဲ ရောက်နေခဲ့တာပါ။” လို့ ရှင်းပြခဲ့ပါတယ်။
၂။ စပါး ဥက္ကဋ္ဌ ဒန်နီယယ် လီဗိုင်းနဲ့ ထားရှိခဲ့တဲ့ ‘လူကြီးလူကောင်း သဘောတူညီချက်’
နောက်ထပ် အဓိက အချက်ကတော့ စပါး ဥက္ကဋ္ဌ လီဗိုင်းနဲ့ ဘေးလ်တို့ ကြားက ကတိကဝတ် ဖြစ်ပါတယ်။ လီဗိုင်းဟာ ဘေးလ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေဆီ ရောင်းပြီး တခြား အသင်းတွေ အင်အားတောင့်တင်းသွားမှာကို မလိုလားခဲ့ပါဘူး။ ဒီသဘောတူညီချက်နဲ့ ပတ်သတ်လို့ ဘေးလ်က “ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် စပိန်၊ အီတလီ ဒါမှမဟုတ် ဂျာမနီ စတဲ့ ပြည်ပ ကလပ် တစ်ခုခုက ကမ်းလှမ်းလာရင် ကျွန်တော့်ကို ထွက်ခွာခွင့်ပေးမယ်” ဆိုတဲ့ လူကြီးလူကောင်း သဘောတူညီချက်မျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ငွေပုံပေးခဲ့ပေမယ့် ဘေးလ် အနေနဲ့ အင်္ဂလန် ကလပ် အချင်းချင်း ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ခဲ့တာပါ။
ဘေးလ်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ခြင်း
ယူနိုက်တက်ဟာ ဘေးလ်နဲ့ ဆက်စ် ဖာဘရီဂတ်စ် တို့ကို မရခဲ့တဲ့နောက်မှာ အပြောင်းအရွှေ့ နောက်ဆုံး ရက်ကျမှ အဲဗာတန် ကနေ ဖယ်လိုင်နီ တစ်ဦးတည်း ကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၇ နေရာနဲ့ ရာသီသိမ်းခဲ့ရပြီး ဒါဟာ ပရီးမီးယားလိဂ် ခေတ်မှာ သူတို့ရဲ့ အဆိုးဆုံး ရလဒ် ဖြစ်ခဲ့ပါတယ်။
တစ်ဖက် မှာတော့ ဝေးလ်စ် အသင်းခေါင်းဆောင်ဟောင်းက ရီးရဲလ်မက်ဒရစ်မှာ (၈) ရာသီ အတွင်း ချန်ပီယံလိဂ် ဖလား (၅) လုံး အပါအဝင် ဆုဖလားပေါင်း (၁၆) လုံး ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ကစားတဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲက အဆုံးအဖြတ်ဂိုးတွေဟာ သူ့ အတွက် သမိုင်းတွင်ခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ စပိန်မီဒီယာတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၂၅၈ ပွဲမှာ သွင်းဂိုးနဲ့ ဖန်တီးမှု စုစုပေါင်း ၁၇၆ ကြိမ် အထိ လုပ်ဆောင်နိုင်ခဲ့လို့ သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်ပြီး မက်ဒရစ်မှာ ရွှေရောင်လွှမ်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


