မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းရဲ့ ရလဒ်ပိုင်း မတည်မငြိမ်တာက ကစားကွက်နဲ့ မသက်ဆိုင်ပဲ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့သာ သက်ဆိုင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်နဲ့ ၄-၄ သရေကျခဲ့ပြီး ခံစစ် ကစားပုံနဲ့ ပတ်သတ်ပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
၃-၄-၂-၁ ကစားကွက်နဲ့ ဘုန်းမောက်ကို ရင်ဆိုင်သွားခဲ့တဲ့ ယူနိုက်တက်ဟာ ပြိုင်ဘက်ကို အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရကာ ပွဲပြီးခါနီး ချေပဂိုးကြောင့်လည်း သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ရူဘင် အမော်ရင်က “နောက်တန်း ၃ ယောက်နဲ့ပဲ ဖြစ်ဖြစ် ၄ ယောက်နဲ့ပဲ ဖြစ်ဖြစ် ၅ ယောက်ပဲ ဖြစ်ဖြစ် နိုင်ပွဲ မရနိုင်တာတွေလည်း ရှိပါတယ်။ အဓိက,က ပွဲရဲ့ ရွေ့လျားမှု အရှိန်ကို သိဖို့ပါပဲ။ ကျွန်တော်တို့ ပိုပြီး အဆုံးသတ်ပိုင်းတွေ ကောင်းဖို့ လိုအပ်နေပါတယ်။ ဒီနေ့ ရင်ဆိုင်သွားခဲ့တဲ့ အသင်း ကလည်း တော်တော်လေးကို ကောင်းလွန်းပါတယ်။ နိုင်ပွဲ ရနိုင်လောက်တဲ့ ဖန်တီးမှုတွေလည်း အများကြီး ကျွန်တော်တို့ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူတို့ ၂ ဂိုး သွင်းပြီးနောက် ကျွန်တော်တို့ အသင်း စိတ်ဓာတ်ပိုင်းမှာ အာရုံစူးစိုက်မှုတွေ လျော့ကျသွားခဲ့ရပါတယ်။” လို့ ဆိုပါတယ်။

ရူဘင် အမော်ရင်ဟာ ဘယ်သူ ပြောပြော သူအားသန်တဲ့ ကစားကွက်ကို ပြောင်းမှာ မဟုတ်ဘူး ဆိုပြီး ပြောဆိုထားခဲ့ဖူးသူ ဖြစ်ပါတယ်။ အခုလည်း ပေါ်တူဂီသားက ဒီတစ်ကြိမ် မှာလည်း သူအသုံးပြုနေတဲ့ ကစားကွက်ကို ထပ်မံ ကာကွယ် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ယူနိုက်တက်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ အာမက်ဒ် ဒီယာလို ကလည်း အသင်းရဲ့ ရလဒ်က အသင်းရဲ့ ကစားကွက်နဲ့ ရာနှုန်းပြည့် သက်ဆိုင်ခြင်း မရှိကြောင်း ပွဲကို မထိန်းချုပ်နိုင်လို့သာ နိုင်ပွဲ မရခဲ့တာ ဖြစ်ကြောင်း အမော်ရင် ဘက်ကနေ ကာကွယ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ ပွဲမှာ ယူနိုက်တက် အတွက် နောက်ထပ် အားနည်းချက်တွေက ကွင်းလယ် ကစားသမား ကတ်စ်မဲရိုးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ နှစ်ဦးစလုံးက Tempo အတင်၊ အချ လုပ်နိုင်တဲ့ အပိုင်းမှာ အားနည်းပြီး တိုက်စစ် ကိုပဲ လိုက်ပါချင်ခဲ့တာကြောင့် ခံစစ်ကို ပြန်ကြည့်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ပြီး နောက်ခံလူ အီဒင် ဟဲဗန်း ကလည်း တစ်ကိုယ်တော် အစွမ်းနဲ့ တိုက်စစ် လိုက်ကစားရာမှာ ခံစစ်မှာ ယိုရို တစ်ယောက်ပဲ ထိန်းနေခဲ့ရတာတွေက အားနည်းချက် ဖြစ်စေခဲ့တာပါ။
ဒီပွဲရလဒ်ဟာ ယူနိုက်တက်ကို ပရီးမီးယားလိဂ် အိမ်ကွင်း ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးစေခဲ့သလို ဒီပွဲ နိုင်ရင် ချဲလ်ဆီးနဲ့ ရမှတ်တူ၊ အဆင့် ၅ နေရာကို ရောက်လာမှာ ဖြစ်ပေမယ့် ၂ မှတ် ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ သရေပွဲ ၅ ပွဲ အထိ ရှိလာပြီး ရမှတ် ၂၆ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


