ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ် ကတော့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၂၀၀ အထိ ပေးချေဖို့ အသင့် ရှိနေပါတယ်။ အန်ဇို ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီး ကလပ် များစွာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုး ကလည်း အဲလ် အစ်တီဟတ်ရဲ့ ခေါ်ယူချင်တဲ့ ပစ်မှတ် စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မယ့် မိုဟာမက် ဆာလာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဆာလာက မေဂျာလိဂ်ကို သွားဖို့ထက် ဘာစီလိုနာ သို့မဟုတ် ပီအက်စ်ဂျီတို့ဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။ မိုဆာလာရဲ့ နေရာမှာ အစားထိုးဖို့ လစ်ဗာပူးလ်က အန်သိုနီ ဂေါ်ဒွန် (နယူးကာဆယ်)၊ ဂျာရော့တ် ဘိုဝင် (ဝက်စ်ဟမ်း) တို့ အပြင် မိုက်ကယ် အိုလီဆေး၊ နီကို ဝီလီယမ်စ် တို့လို ကစားသမားတွေကို စောင့်ကြည့်နေပါတယ်။
ဒါ့အပြင် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ် ကလည်း မိုဟာမက် ဆာလာကို တစ်နှစ် လစာ ဒေါ်လာ ၁၁၆ သန်းနဲ့ ၂ နှစ်စာချုပ် ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ဒါ့အပြင် ကလပ်ဟောင်း ရိုးမား ကလည်း ဆာလာကို ပြန်လည် ခေါ်ယူချင်နေပါတယ်။
လိုက်ပ်ဇစ် နောက်ခံလူ ကတ်စတယ်လို လု့ခ်ကီဘာကို ခေါ်ယူဖို့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ သုံးပွင့်ဆိုင် အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ဇ်ဟာ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ အလေးအနက်ထား စဉ်းစားနေပါတယ်။ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ကလပ်က နော့တင်ဟမ်ဖောရက်စ်ရဲ့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို မျက်စိကျနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို အာဆင်နယ်ထံ ကမ်းလှမ်းထားပေမယ့်လည်း အာဆင်နယ် ဘက်က ဝေခွဲမရ ဖြစ်နေဆဲပါ။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီ လူငယ် ကြယ်ပွင့် စန်နီ မာယုလူကို ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။
လစ်ဗာပူးလ် အသင်းဟာ ဂိုးသမား အလစ်ဆန် ဘက်ကာကို ဒီနွေရာသီမှာ ရောင်းချနိုင်ခြေ ရှိပြီး၊ အလီဆွန်ရဲ့ အနာဂတ် မရေမရာ ဖြစ်နေချိန်မှာ အရန် ဂိုးသမား မာမာဒက်ရှ်ဗီလီ အပေါ် လာရောက် ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် အပါအဝင် အဓိက, ကစားသမား ၆ ဦးဟာ နိုင်ငံတကာပွဲတွေ ကစားမယ့် လက်ရွေးစင် အသင်း လူစာရင်းတွေ ကနေ နုတ်ထွက်ခဲ့တာကြောင့် ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အတွက် စိုးရိမ်စရာ ဖြစ်နေပါပြီ။ ဂါဘရီရယ် အပြင် ဆာလီဘာ၊ ထရော့ဆာ့ဒ်၊ တင်ဘာ၊ အက်ဇေး တို့ဟာ လာမဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ သက်ဆိုင်ရာ လက်ရွေးစင် အသင်း လူစာရင်းတွေ ကနေ အသီးသီး နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကတော့ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တစ်ပတ် ကတည်းက နော်ဝေ အသင်း လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


